Facebook Unblock Bug

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@kcs-token·
0.000 HBD
Facebook Unblock Bug
Social Media လောကမှာ ကောင်းသတင်းနဲ့ရော မကောင်းသတင်းနဲ့ပါ ကျော်ကြားနေတဲ့ Facebook ကတော့ နောက်ထပ် အမှားအယွင်း တစ်ခု လုပ်လိုက်မိပြန်ပါပြီ။ Facebook အနေနဲ့ မေလ ၂၉ ရက်မှ ဇွန်လ ၅ရက်ကြားမှာ Facebook အသုံးပြုသူပေါင်း ၈သိန်းရဲ့ Block List ထဲက လူပုဂ္ဂိုလ်တွေ ကို မတော်တဆ Unblock လုပ်ခဲ့ပါတယ်။![IMG_20180705_063502.jpg](https://cdn.steemitimages.com/DQmbaW9ZTRaaFyQtaqS8tbX2xmGA5MtKc42mipGyf7x8TJi/IMG_20180705_063502.jpg)

ကိုယ်က မမြင်ချင်လို့မှ Block ထားတာကို Facebook က စေတနာကောင်းစွာနဲ့ Unblock လုပ်ပေးခဲ့တာကြောင့် အခု Error ကြုံတွေ့ခဲ့ရတဲ့ လူပေါင်း ၈သိန်း လောက်ထဲက ၈၃ ရာခိုင်နှုန်းကတော့ Block List ထဲက အနည်းဆုံး ၁ယောက်လောက် လျှော့သွားခဲ့ပါတယ်။ ကြည့်ရတာ ကျန်တဲ့ ၁၇ ရာခိုင်နှုန်း အတွက် Block List ထဲက လူအကုန်လုံး ကို Facebook က Unblock လုပ်ပေးခဲ့တဲ့ ပုံပါပဲ။

ဒီအဖြစ်အပျက် နဲ့ ပတ်သတ်ပြီး Facebook ရဲ့ Chief Privacy Office Erin Egan ကတော့
“Unblock ပြန်ဖြစ်သွားတဲ့ User တစ်ယောက်ဟာ ကျွန်တော်တို့ Friend Only နဲ့ Share တဲ့ Post တွေကို မြင်တွေ့ရမှာ မဟုတ်ပေမယ့် Friends of Friends နဲ့ တင်တဲ့ Post တွေ၊ Public နဲ့ တင်တဲ့ Post တွေ ကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ Block Function က Facebook အသုံးပြုသူတွေ အတွက် ဘယ်လောက် အရေးပါတယ် ဆိုတာကိုလည်း ကျွန်တော်တို့ နားလည်ပါတယ်။ အခုလိုမျိုး ဖြစ်သွားခဲ့ရတဲ့ အတွက်လည်း အနူးအညွတ် တောင်းပန်ပါတယ်။”
လို့ ပြန်လည် ဖြေရှင်း၊ တောင်းပန်ခဲ့ပါတယ်။
![IMG_20180705_063451.jpg](https://cdn.steemitimages.com/DQmWQKzGRs4KVnQevHiiVFE2NVZc9nQ5JrhK6kapxGidS8C/IMG_20180705_063451.jpg)
လက်ရှိ အချိန်မှာ အခု ပြဿနာ ကို ပြန်လည် ဖြေရှင်းပြီးပြီ ဖြစ်တဲ့ အပြင် မှားယွင်းပြီး Unblock လုပ်ခဲ့မိတဲ့သူတွေလည်း Block List ထဲ ပြန်လည် ထည့်သွင်းပြီးပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခု ပြဿနာ နဲ့ ကြုံတွေ့ခဲ့ရတဲ့ Facebook User တွေကိုလည်း Facebook အနေနဲ့ Pop-Up Message လေးတွေ ပို့ပေးပြီး ပြန်လည် ဖြေရှင်း ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Facebook အသုံးပြုသူ လူဦးရေ ၂.၄ ဘီလီယန် အထိ ရှိနေပြီ ဖြစ်တာကြောင့် User ၈သိန်းလောက်မှာသာ အခုလို ပြဿနာနဲ့ ကြုံတွေ့ခဲ့ရတာ သိပ်ပြီး ပြောပလောက်တဲ့ ပြဿနာ တစ်ခု မဟုတ်ဘူးလို့ ပြောလို့ ရပါတယ်။

ဒါပေမယ့်လည်း သိပ်မကြာသေးခင် အချိန်ကမှ Facebook CEO ဇူကာဘက် တစ်ယောက် Facebook User တွေ ရဲ့ အချက်အလက်တွေ ကို ရောင်းစားပါတယ်ဆိုပြီး တရားစွဲခံခဲ့ရသေးတာကြောင့် အခုလို Privacy၊ Security နဲ့ ပတ်သတ်တဲ့ ပြဿနာ သေးသေးလေးတွေ မကြာခဏ ဖြစ်ပွားနေမယ် ဆိုရင်တော့ Facebook ကြီးက တကယ်ရော လုံခြုံမှု ရှိရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။
[Source](https://m.facebook.com/story.php?story_fbid=2127929194151313&id=1546624012281837)
Photo - google
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,