Huawei
ananda·@kcs-token·
0.000 HBDHuawei
လက်ရှိအချိန်မှာ Android စမတ်ဖုန်းထုတ်လုပ်သူဖြစ်တဲ့ Samsung ကနေ အခုနှစ်အတွက် Galaxy S9 နဲ့ S9+ စမတ်ဖုန်းတွေရဲ့ ရောင်းအားကျဆင်းမှုနဲ့အတူ Overall စမတ်ဖုန်းရောင်းအားကလည်း ကျဆင်းနေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် Huawei အနေနဲ့ကတော့ ဒီနှစ်မှာ အောင်မြင်တဲ့အခြေအနေကို ပိုင်ဆိုင်ထားပုံပါပဲ။ Huawei ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Nova 3 စမတ်ဖုန်းကို ထုတ်လုပ်ခဲ့ပြီး အဆိုပါ Nova 3 ကို စတင်မိတ်ဆက်တဲ့နေ့မှာပဲ Huawei ကုမ္ပဏီကနေ ယခုနှစ်အတွက် လက်ရှိအချိန်အထိ စမတ်ဖုန်းအလုံးရေ သန်း ၁၀၀ ကျော်ကို ရောင်းချရပြီးပြီဆိုတာကို ကြေညာသွားခဲ့ပါတယ်။ အခုလိုမျိုး သန်း ၁၀၀ ရောင်းချရတာက ဒီနှစ်က အမြန်ဆုံးပြည့်သွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ တုန်းကဆိုရင် စမတ်ဖုန်းသန်း ၁၀၀ ရောင်းချရတဲ့အချိန်က ဒီဇင်ဘာလကမှ ပြည့်မှီခဲ့တာဖြစ်ပါတယ် ။ မနှစ်ကဆိုလည်း စက်တင်ဘာလမှ သန်း ၁၀၀ ပြည့်တဲ့အတွက် Huawei အတွက်ကတော့ ဒီနှစ်က စံချိန်တင်နှစ်တစ်နှစ်ဆိုလည်း မမှားပါဘူး။ Huawei ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Richard Yu ကတော အခုနှစ်မှာ Huawei ကနေ စမတ်ဖုန်းအလုံးရေ သန်း ၂၀၀ အထိ ရောင်းချရဖို့ မျှော်လင့်နေပြီးတော့ အခုလိုမျိုး ဇူလိုင်လမှာတင် သန်း ၁၀၀ ပြည့်နေပြီဖြစ်တဲ့အတွက် ဒါကဖြစ်နိုင်တဲ့ ရလဒ်တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ဒါပေမယ့် တစ်ခုရှိတာကတော့ Huawei ရဲ့ ဒုတိယနှစ်ဝက်ထွက်လာမယ့် စမတ်ဖုန်းတွေရဲ့ ရောင်းအားကိုပဲ စောင့်ကြည့်ရတော့မှာပါ။ လောလောဆယ်မှာတော့ Huawei ရဲ့ Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Huawei P20 နဲ့ P20 Pro စမတ်ဖုန်းတွေက ရောင်းအားအလွန်ကောင်းနေပြီးတော့ Mid Range ဖုန်းတွေဖြစ်တဲ့ Nova Series တွေကလည်း အောင်မြင်နေတာပဲဖြစ်ပါတယ်။ Huawei ဟာ အခုလည်း Kirin 970 Processor သုံးထားတဲ့ Nova 3 စမတ်ဖုန်းနဲ့ Kirin 710 Processor အသစ်သုံးထားတဲ့ Nova 3i စမတ်ဖုန်းတွေကို ထပ်မံထုတ်လုပ်ထားတဲ့အတွက် ဒီနှစ်ဝက်နောက်ပိုင်း Mid Range ဖုန်းတွေလည်း ရောင်းအားကောင်းနေဦးမယ်လို့ ယူဆရပါတယ်။ [Source](https://m.facebook.com/story.php?story_fbid=2145971125680453&id=1546624012281837)
👍 nep5, coinpayment1, channel9, heinzaw, mamamoeswe, myatminnzaw, suthetpaing, bnb-token, houbi, okb-token, okb, coinbase-okb, okex-exchange1, moemakha, nebulas-nas, loopring-lrc, ayechanmay, iostoken, zcash-chain, rchain-block, yaminhtet, airdrop-channel, normandy, kyawlinn, twitter-inc, mpt, ooredoo, mpt-myanmar, mytel, alphabet-inc, pepsi-co, bank-of-america, ooredoo-myanmar, trader-hotel, mytel-myanmar, mandalar, wuttmhone, mec-tel, mamakochit, qtum-blockchain, binance-chain, icon-blockchain, bytecoin-block, ethereum-classic, tetha, vechain-block, ardor-adr, fourhundred, kcs-token, steeming-hot,