Huawei NoVa 3

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@kcs-token·
0.000 HBD
Huawei NoVa 3
Huawei အနေနဲ့ ပြီးခဲ့တဲ့ ရက် အနည်းငယ်က Nova 3 စမတ်ဖုန်း ကို တရားဝင် မိတ်ဆက်ပေးသွားမယ့် နေ့ရက် ကို ကြေငြာ သွားခဲ့ပါတယ်။ Huawei Nova 3 စမတ်ဖုန်း ကို ဇူလိုင်လ ၁၈ ရက်မှာ တရုတ်နိုင်ငံ Shenzhen University Stadium မှာ မိတ်ဆက်သွားမှာ ဖြစ်တယ်လို့ တရားဝင် ကြေငြာ သွားခဲ့ပါတယ်။

![IMG_20180710_124409.jpg](https://cdn.steemitimages.com/DQmP3rJfJAVLsHqgBFotaRaLwDK9Pn7bD7kApUteae1Cdps/IMG_20180710_124409.jpg)
ယခုအခါမှာတော့ Huawei Nova 3 ကို မိတ်ဆက်သွားမယ့် အရောင်သုံးမျိုး ကို Weibo ကနေ တစ်ဆင့် ထပ်မံ ချပြ ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ Huawei Nova 3 ကို Gold, Light Blue, Aurora စတဲ့ အရောင် သုံးမျိုး အနေနဲ့ မိတ်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။
လက်ရှိ အချိန်မှာ ထွက်ပေါ်နေတဲ့ အချက်အလက်များ အရ Huawei Nova 3 မှာ ၆.၃ လက်မ အရွယ်အစားရှိ Full HD+ (2240 x 1080 Pixels) Resolution Display ကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Huawei Nova 3 မှာ Notch Design ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာတော့ Huawei Nova 3 ဟာ ဒီနှစ် အစောပိုင်းမှာ မိတ်ဆက်သွားခဲ့တဲ့ Huawei Nova 3e နဲ့ အနည်းငယ် ဆင်တူနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။


Processor ပိုင်းမှာတော့ Huawei ရဲ့ Mid-Range Kirin 659 SoC ကို Huawei Nova 3 မှာ အသုံးပြု လာနိုင်ပါတယ်။ RAM အနေနဲ့ 6GB ပါဝင်မှာဖြစ်ပြီး Internal Storage 64GB၊ 128GB စတဲ့ မော်ဒယ် နှစ်မျိုး အနေနဲ့ Huawei Nova 3 ကို မိတ်ဆက် လာနိုင်ပါတယ်။ microSD Card Slot လည်း ပါဝင်မှာ ဖြစ်တာကြောင့် Storage Space မလုံလောက်မှာကိုလည်း ပူပန်နေစရာ လိုအပ်မှာ မဟုတ်ပါဘူး။
![IMG_20180710_124409.jpg](https://cdn.steemitimages.com/DQmP3rJfJAVLsHqgBFotaRaLwDK9Pn7bD7kApUteae1Cdps/IMG_20180710_124409.jpg)
Huawei Nova 3 ရဲ့ နောက်ကျောဘက်မှာ 16MP + 24MP Dual Rear Camera Setup နဲ့ အတူ Finger Print Sensor ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Selfie ပိုင်းမှာတော့ 24MP + 2MP Dual Camera Setup ကို Huawei Nova 3 မှာ အသုံးပြုထားပါတယ်။ ဘက်ထရီအနေနဲ့ 3650 mAh ဘက်ထရီ ပါဝင်မှာ ဖြစ်ပြီး Android 8.1 Oreo ကို အခြေခံထားတဲ့ EMUI 8.1 ကို Huawei Nova 3 မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မကြာသေးမီ အချိန်က မိတ်ဆက်ပေးခဲ့တဲ့ GPU Turbo နည်းပညာကိုလည်း Huawei Nova 3 မှာ မြင်တွေ့ရနိုင်ပါတယ်။


လက်ရှိအချိန်မှာ Huawei Nova 3 ရဲ့ ဈေးနှုန်းနဲ့ ပတ်သတ်ပြီး သိရှိရခြင်း မရှိသေးပေမယ့် ဇူလိုင်လ ၁၈ ရက်နေ့မှာ မိတ်ဆက်သွားမှာ ဖြစ်တာကြောင့် Huawei Nova 3 နဲ့ ပတ်သတ်တဲ့ ဈေးနှုန်း၊ အသေးစိတ် အချက်အလက်များကို သိပ်မကြာမီ အချိန်အတွင်းမှာ သိရှိနိုင်တော့မှာ ဖြစ်ပါတယ်။
[Source](https://m.facebook.com/story.php?story_fbid=2132841773660055&id=1546624012281837)
Photo - google
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,