IMX
ananda·@kcs-token·
0.000 HBDIMX
ဂျပန်စမတ်ဖုန်းနဲ့ အီလက်ထရောနစ် နည်းပညာပစ္စည်း ထုတ်လု ပ်သူကြီးဟာ စမတ်ဖုန်းတွေမှာ တပ်ဆင်အသုံးပြုနိုင်ဖို့အတွက် CMOS Image sensor IMX586 ကိုထုတ်ဖော်ကြေညာလိုက်ပါ တယ်။ Sony ရဲ့ ဆင်ဆာအသစ်ဟာ ကမ္ဘာ့ပထမဆုံး 48MP စမ တ်ဖုန်းဆင်ဆာ ဖြစ်လာမှာပါ။ Sensor အသစ် ရဲ့ Pixel size က 0, um ဖြစ်တဲ့အတွက် ကမ္ဘာ့မှာအသေးဆုံး plxel size လို့သတ် မှတ်နိုင်ပါတယ်။ Sony ကတော့သူရဲ့ နည်းပညာကို Ultra compact Pixel Size လို့ဆိုပါတယ်။ Sony ရဲ့ ထုတ်ပြန်ချက် အရ 48 megapixel ပမာဏထိရနိုင်တယ်လို့ ဆိုထားပါတယ်။ Sony အနေနဲ့ သူ့ရဲ့ Exposure ထိန်းချုပ်နိုင်တဲ့နည်းပညာနဲ့ Signal တွေကို Process လုပ်တဲ့စွမ်းရည်တွေကို Image sensor ထဲမှာ တစ်ခါတည်းထည့်သွင်းပေးထားတဲ့အတွက် ထွက်လာတဲ့ ပုံတွေရဲ့ Dynamic Range က 12MP sensor ထက် ၄ဆလော က်ပိုများသွားပါတယ်။ အလင်းရောင်မမှန်တဲ့ ညပုံရိပ်တွေနဲ့ low noise photos တွေကို ပိုမိုတိကျတဲ့ pixel အရည်အသွေးရရှိစေ မှာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ပြောကြားချက်အရ CMOS image sensor အသစ်တွေကို ယခုနှစ် စက်တင်ဘာလမှာ စတင်ရောင်း ချတော့မှာဖြစ်ပြီး ဈေးနှုန်းကတော့ ယမ်း 3,000 (ဒေါ်လာ 27) နဲ့ရောင်းချမှာဖြစ်ပါတယ်။ ဒီနေ့ထွက်ရှိနေတဲ့ စမတ်ဖုန်းအများစုရဲ့ ကင်ရာတွေမှာ SONY ရဲ့ image sensor ကိုအသုံးပြုကြတာများပါတယ်။ လက်ရှိထွ က်နေတဲ့ သတင်းတွေအရ ဂျပန်ကုမ္ပဏီရဲ့ IFA ဘာလင်မှာ မိတ် ဆက်သွားမယ့် Xperia XZ3 မှာ 48 MP ကင်မရာကိုသုံးလာမယ် လို့ မျှော်လင့်ရပါတယ်။ Sony ရဲ့ CMOS image sensor အသစ် သုံးထားတဲ့ အခြားစမတ်ဖုန်းကုမ္ပဏီထုတ် ဖုန်းတွေကိုတော့ လာ မယ့် ၂၀၁၉လောက်မှသာ မြင်တွေ့ရနိုင်မှာပါ။ [SOURCE](https://myanmarmobileapp.org/2018/07/23/sony-launches-48mp-imx586-imaging-sensor-for-smartphones/)
👍 bnb-token, houbi, okb-token, okb, coinbase-okb, okex-exchange1, moemakha, nebulas-nas, loopring-lrc, yaminhtet, nep5, coinpayment1, channel9, heinzaw, mamamoeswe, myatminnzaw, suthetpaing, twitter-inc, mpt, ooredoo, mpt-myanmar, mytel, alphabet-inc, pepsi-co, bank-of-america, ooredoo-myanmar, trader-hotel, mytel-myanmar, mandalar, wuttmhone, mec-tel, mamakochit, ardor-adr, ayechanmay, iostoken, zcash-chain, rchain-block, airdrop-channel, normandy, kyawlinn, fourhundred, qtum-blockchain, binance-chain, icon-blockchain, bytecoin-block, ethereum-classic, tetha, vechain-block, kcs-token, ubg,