Mate 10
ananda·@kcs-token·
0.000 HBDMate 10
ပြီးခဲ့တဲ့ လတုန်းက Huawei အနေနဲ့ ၂၀၁၇ အောက်တိုဘာလမှာ မိတ်ဆက် ပေးခဲ့တဲ့ Mate 1 0 အတွက် 960 fps Slow-Motion Recording Feature ပါဝင်တဲ့ Update ကို မကြာမီ အချိန်အတွင်း ထုတ်လုပ် ပေးသွားမှာ ဖြစ်ကြောင်း အတည်ပြု သွားခဲ့ပါတယ်။ ယခုအခါမှာတော့ 960fps Slow-Motion Recording Feature ပါဝင်တဲ့ EMUI 8.1 Update ကို Mate 10 အတွက် လွှင့်တင် ပေးလိုက်ပြီ ဖြစ်ပါတယ်။ Huawei Mate 10 ကို စတင် မိတ်ဆက် ပေးခဲ့စဉ် အချိန်တုန်းက Android 8.0 Oreo ကို အခြေခံထားတဲ့ EMUI 8.0 ကို အသုံးပြု ပေးခဲ့ပါတယ်။ ဒါပေမယ့် Mate 10 မှာ Features အသစ်တွေ အသုံးပြုနိုင်စေဖို့ အတွက် Update အသစ်တွေ ပုံမှန် ဆိုသလို ထုတ်လွှင့် ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက Mate 10 အတွက် Face Unlock Feature Update ကို ထုတ်လုပ် ပေးခဲ့သလို မေလတုန်းကလည်း Huawei P20 Pro မှာ ပါဝင်တဲ့ Long Exposure Without Tripod Feature Update ကို လွှင့်တင် ပေးခဲ့ပါတယ်။ Huawei Mate 10 အတွက် အသစ် ထုတ်လွှင့် ပေးခဲ့တဲ့ EMUI 8.1 Update မှာ 720p 960fps Slow-Motion Recording Feature တစ်ခုပဲ အသစ်ပါဝင်လာတာ မဟုတ်ပဲ AI Photography, 3D Portrait Light Effect, Smart Gallery စတဲ့ Features တွေ အတွက်လည်း Update ပါဝင် လာတယ်လို့ သိရပါတယ်။  AI Photography Update Feature မှာ Scene Recogntion Categories 13 ခု မှ 19 ခု အထိ တိုးသွားခဲ့ပြီး Scene Recognition စုစုပေါင်း ၅၀၀ ကျော်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ Huawei Mate 10 မှာ EMUI 8.1 Update လုပ်ချင်တယ် ဆိုရင်တော့ Huawei Club App မှာ Register လုပ်ပြီး EMUI 8.1 Update ကို Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ [SOURCE](https://m.facebook.com/story.php?story_fbid=2140909169519982&id=1546624012281837) [PHOTO](GOOGLE.COM)
👍 bnb-token, houbi, okb-token, okb, coinbase-okb, moemakha, nebulas-nas, iostoken, yaminhtet, nep5, coinpayment1, channel9, heinzaw, mamamoeswe, myatminnzaw, suthetpaing, twitter-inc, mpt, ooredoo, mpt-myanmar, mytel, alphabet-inc, pepsi-co, ooredoo-myanmar, trader-hotel, mytel-myanmar, mandalar, wuttmhone, mec-tel, okex-exchange1, ardor-adr, loopring-lrc, ayechanmay, zcash-chain, rchain-block, airdrop-channel, normandy, kyawlinn, fourhundred, bank-of-america, mamakochit, qtum-blockchain, binance-chain, icon-blockchain, bytecoin-block, ethereum-classic, tetha, vechain-block, kcs-token, youngbinlee, arjoena20, scottmacdonald, megalithic, eletom, hannesl, azmielbanjary, rasor, cody.maynard68, endlesstopics, irfandemire2084, thomas10, rafpokmac, ccoin, boomappspromote, bibkchhetri, exe8422, hellroute, deadisdead, amitraj, beauknows, rasif, niello,