Mi 8 Explorer
ananda·@kcs-token·
0.000 HBDMi 8 Explorer
လက်ရှိအချိန်မှာ Xiaomi ချစ်သူတွေ စောင့်မျှော်နေကြတဲ့ စမတ်ဖုန်းကတော့ Xiaomi Mi 8 Explorer Edtion ဆိုရင်လည်း မမှားပါဘူး။ အခုလိုမျိုး စောင့်မျှော်နေတယ်ဆိုတာကလည်း Xiaomi Mi 8 Explorer Edition ဖုန်းက Xiaomi ဖုန်းတွေထဲမှာ ပထမဆုံးသော Under-Display Fingerprint Sensor ပါဝင်လာတဲ့အပြင် ကျောဘက်ခြမ်းကိုလည်း ဖောက်ထွင်းမြင်နေရတာကြောင့်ဖြစ်ပါတယ်။ Xiaomi Mi 8 Explorer Edition စမတ်ဖုန်းဟာ Specifications တွေအနေနဲ့ Qualcomm Snapdragon 845 Processor ၊ RAM 8GB နဲ့ Storage 128GB ဆိုပြီး တစ်မျိုးတည်းထုတ်ပေးခဲ့တာဖြစ်ပြီးတော့ အခြားသော Edition တွေကိုတော့ ထုတ်ပေးခဲ့ခြင်းမရှိပါဘူး။ အဲ့ဒီအတွက်ကတော့ အခြားသောစမတ်ဖုန်းတွေကို လိုချင်တယ်ဆိုရင် ဝယ်ယူလို့မရပါဘူး။ အခုအချိန်မှာတော့ Xiaomi ကနေ Mi 8 Explorer Edition ကို နောက်ထပ် ၂ မျိုး ထုတ်လုပ်သွားဦးမှာဖြစ်ပြီးတော့ လက်ရှိ Mi 8 Explorer Edition စမတ်ဖုန်းကို ဒေါ်လာ ၅၇၀ နဲ့ ရောင်းချသွားမှာဖြစ်တဲ့အတွက် သူ့ထက်ပိုပြီး ဈေးပေါတဲ့ Versions တွေကိုပါ ထပ်မံရောင်းသွားဦးမှာဖြစ်ပါတယ်။ အခု သတင်းကိုတော့ Chinese TENAA Website ကနေ သိလာရတာဖြစ်ပါတယ်။ Xiaomi ကနေ အခု Mi 8 Explorer Edition ကို RAM 4GB နဲ့ RAM 6GB Version ဆိုပြီး ထပ်မံထုတ်ပေးသွားဦးမှာဖြစ်ပြီးတော့ RAM 4GB Version မှာ Storage 64GB နဲ့ RAM 6GB Version မှာ Storage 128GB ပါဝင်မှာဖြစ်ပါတယ်။ အခုလိုမျိုး Xiaomi ကနေ Mi 8 Explorer Edition ကို RAM နဲ့ Storage နည်းတဲ့ Version တွေနဲ့ ထုတ်ပေးလိုက်တာက အဓိကအနေနဲ့ ဈေးနှုန်းကို လျော့ချဖို့ဖြစ်ပြီးတော့ အခု RAM 4GB Version က ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၅၀၀ အောက်ပဲ ရှိမှာဖြစ်ပါတယ်။ [Source](https://m.facebook.com/story.php?story_fbid=2146013832342849&id=1546624012281837)
👍 bnb-token, houbi, okb-token, okb, coinbase-okb, okex-exchange1, moemakha, nebulas-nas, loopring-lrc, yaminhtet, nep5, coinpayment1, channel9, cheetah, heinzaw, mamamoeswe, myatminnzaw, suthetpaing, twitter-inc, mpt, trader-hotel, mytel-myanmar, mandalar, wuttmhone, mec-tel, ardor-adr, ayechanmay, iostoken, zcash-chain, rchain-block, airdrop-channel, normandy, kyawlinn, fourhundred, ooredoo, mpt-myanmar, mytel, alphabet-inc, pepsi-co, bank-of-america, ooredoo-myanmar, mamakochit, qtum-blockchain, binance-chain, icon-blockchain, bytecoin-block, ethereum-classic, tetha, vechain-block, kcs-token,