Sony XZ3
ananda·@kcs-token·
0.000 HBDSony XZ3
IFA ဆိုတာ နည်းပညာ လောကမှာ နာမည်ကြီးတဲ့ပွဲ တစ်ခု ဖြစ်သလို စမတ်ဖုန်း ကုမ္ပဏီ တော်တော်များများ အနေနဲ့လည်း IFA ပွဲတွေမှာ သူတို့ရဲ့ အကောင်းဆုံးဆိုတဲ့ Flagship စမတ်ဖုန်းတွေ ကို မိတ်ဆက် ပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားလေ့ ရှိကြပါတယ်။ IFA 2018 ကို လာမယ့် သြဂုတ်လ ၃၀ ရက်နေ့ ကနေ စက်တင်ဘာလ ၅ ရက်နေ့ အထိ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံ အခြေစိုက် အီလက်ထရောနစ် ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Sony ကတော့ IFA 2018 ကို တက်ရောက်သွားမှာ ဖြစ်တဲ့ အကြောင်း အတည်ပြု ပေးခဲ့တဲ့ အပြင် အဆိုပါ ပြပွဲမှာ ကုမ္ပဏီ ရဲ့ Product အသစ်တွေ ကို မိတ်ဆက်သွားမှာ ဖြစ်တဲ့အကြောင်း တရားဝင် ကြေငြာ သွားခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ အချိန်မှာ ထွက်ပေါ်နေတဲ့ ကောလာဟလများ အရ Sony အနေနဲ့ ပြီးခဲ့တဲ့ နှစ်တုန်းကလိုပဲ ဒီနှစ်မှာလည်း Flagship စမတ်ဖုန်း XZ3 နဲ့ XZ3 Compact ကို IFA 2018 မှာ မိတ်ဆက် လာနိုင်တယ်လို့ သိရပါတယ်။ လက်ရှိ အချိန်မှာ ထွက်ပေါ်နေတဲ့ ကောလာဟလများ အရ Sony Xperia XZ3 စမတ်ဖုန်းမှာ Qualcomm အနေနဲ့ မကြာမီ ဈေးကွက်ထဲမှာ မိတ်ဆက်သွားမယ့် Snapdragon 855 SoC ကို အသုံးပြု သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Xperia XZ3 ကို RAM 6GB/ Internal Storage 128 GB ဗားရှင်း အပြင် RAM 8GB/ Internal Storage 256GB မော်ဒယ်ကိုပါ မိတ်ဆက်သွားနိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။ ကင်မရာ အနေနဲ့ လေးလုံး ပါဝင်မှာ ဖြစ်ပြီး Dual Camera Setup ကို ကျောဘက်မှာရော၊ အရှေ့ဘက်မှာပါ မြင်တွေ့ရနိုင်ပါတယ်။ Camera Mega Pixel နဲ့ ပတ်သတ်ပြီး အသေးစိတ် ကို မသိရသေးပေမယ့် Dual Rear Camera Setup မှာ Primary Camera အဖြစ် 19MP Sensor ကို အသုံးပြု လာနိုင်ပြီး Selfie ပိုင်း အတွက် 13MP Primary Sensor ကို အသုံးပြု လာနိုင်ပါတယ်။ Display အနေနဲ့ ၅.၉ လက်မ အရွယ်အစား ရှိ 1440 x 2280 (QHD+) Resolution Display ကို အသုံးပြု လာနိုင်ပြီး Operating System အနေနဲ့ Android P ကို Xperia XZ3 မှာ အသုံးပြု လာနိုင်ပါတယ်။ လက်ရှိ အချိန်မှာ Xperia XZ3 နဲ့ ပတ်သတ်ပြီး ကောလာဟလ အဆင့်သာ ရှိသေးတာကြောင့် IFA 2018 မှာ Xperia XZ3 ကို ဘယ်လို ပုံစံနဲ့ မိတ်ဆက်သွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။ [SOURCE](https://m.facebook.com/story.php?story_fbid=2141538972790335&id=1546624012281837)
👍 bnb-token, houbi, okb-token, okb, coinbase-okb, okex-exchange1, moemakha, nebulas-nas, ayechanmay, iostoken, yaminhtet, nep5, coinpayment1, channel9, heinzaw, mamamoeswe, myatminnzaw, suthetpaing, twitter-inc, mpt, ooredoo, mpt-myanmar, mytel, alphabet-inc, pepsi-co, ooredoo-myanmar, trader-hotel, mytel-myanmar, mandalar, wuttmhone, mec-tel, ardor-adr, loopring-lrc, zcash-chain, rchain-block, airdrop-channel, normandy, kyawlinn, fourhundred, bank-of-america, mamakochit, qtum-blockchain, binance-chain, icon-blockchain, bytecoin-block, ethereum-classic, tetha, vechain-block, kcs-token,