Two factor authentication
ananda·@kcs-token·
0.000 HBDTwo factor authentication
Facebook Account ကို Hack ခံလိုက်ရတာတွေ၊ တယောက်ယောက်ကို ကိုယ့် Password ပေးမိသွားပြီး အဲ့ဒီပေးလိုက်တဲ့သူက ကိုယ့် Account ကို ယူသွားတာတွေက နေ့စဉ်ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတာကို လူတိုင်းသတိထားမိမှာပါ။ အဲ့ဒီအတွက် Facebook က ပိုပြီး စိတ်ချရအောင် Two-Factor Authentication Feature ကို ထည့်သွင်းထားပေမယ့် အသုံးပြုသူတွေနည်းပါးနေသေးပါတယ်။  အခုလိုမျိုး Facebook Account ကို Two-factor Authentication မလုပ်ထားတာက ကိုယ့် Facebook Account ဝင်ထားတဲ့ ဖုန်းကို တယောက်ယောက်ပေးသုံးမိတာ၊ Facebook Account ဖွင့်ထားတဲ့ Gmail ကို ပြောမိတာကနေ ကိုယ့် Account ကို Hack ရဖို့ အခွင့်အလမ်းကိုပိုပြီးများစေပါတယ်။ အဲ့ဒီအတွက် Two-factor Authentication က လူတိုင်း အသုံးပြုသင့်တဲ့ Feature တစ်ခုဆိုရင်လည်းမမှားပါဘူး။ ဒါပေမယ့် Two-factor Authentication ကို ဘာလို့ အသုံးမပြုကြတာလဲဆိုရင် ယခင်က Facebook မှာ Two-factor Authentication အတွက် ဖုန်းနံပါတ်ကို ထည့်သွင်းထားဖို့ လိုအပ်ပြီးတော့ ကိုယ့် Account ကို ဝင်ရောက်တဲ့အချိန်မှာ ထည့်သွင်းထားတဲ့ ဖုန်းနံပါတ်ကို Verify Code ပို့ပေးတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဖုန်းနံပါတ်အမြဲပြောင်းနေတဲ့သူတွေအဆင်မပြေသလို တခါတလေမှာ ဖုန်းနံပါတ်ထဲကို Verify Code တွေမဝင်လာတာဖြစ်တတ်ပါတယ်။ အဲ့ဒီအချက်တွေကြောင့် Two-factor Authentication က အသုံးပြုသင့်ပေမယ့် အသုံးပြုမှုနည်းပါးနေတာလည်း ဖြစ်ပါတယ်။ ဖုန်းနံပါတ်နဲ့ Two-factor Authentication မလုပ်ဘူးဆိုရင် ဘယ်လိုမျိုး Verify Code ကို ရယူမလဲလို့ မေးစရာရှိပါတယ်။ အဲ့ဒီအတွက်ကတော့ Authenticator App တွေဖြစ်တဲ့ Google Authenticator ၊ Microsoft Authenticator App တွေနဲ့ ချိတ်ပြီး အသုံးပြုရမှာပဲဖြစ်ပါတယ်။ အဆိုပါ Third-party App နဲ့ Two-factor Authentication စနစ်က ယခင်ထဲက အသုံးပြုနိုင်နေတာဆိုပေမယ့် ယခင်တုန်းက ဖုန်းနံပါတ်ကို မဖြစ်မနေထည့်သွင်းထားဖို့ လိုအပ်ခဲ့တာပါ။ အခုလိုမျိုး Facebook Account ကို App နဲ့ Two-factor Authentication ပြုလုပ်ထားတာက SMS Code ကိုစောင့်နေတာထက် ပိုပြီး စိတ်ချရသလို Verification Code ကလည်း Third-party Authenticator App တွေမှာ အမြဲပြောင်းလဲနေတဲ့အတွက် SMS လိုမျိုး ကိုယ့် Verify Code က Messages Inbox ထဲမှာ ကျန်နေမှာမဟုတ်တော့ပါဘူး။ အခုလို App နဲ့ Two-factor Authentication လုပ်ထားချင်တယ်ဆိုရင်တော့ Setting – Security & Login မှာ ပြုလုပ်နိုင်ပြီးတော့ ကိုယ့် Facebook Account ကို လုံခြုံစေချင်တယ်ဆိုရင် ကျိန်းသေပေါက်ဆောင်ရွက်ထားသင့်ပါတယ်။ [SOURCE](https://m.facebook.com/story.php?story_fbid=2140915912852641&id=1546624012281837) [PHOTO](GOOGLE.COM)
👍 myatminnzaw, bnb-token, houbi, okb-token, okb, coinbase-okb, okex-exchange1, moemakha, nebulas-nas, loopring-lrc, ayechanmay, iostoken, zcash-chain, yaminhtet, nep5, coinpayment1, channel9, cheetah, heinzaw, mamamoeswe, suthetpaing, twitter-inc, mpt, ooredoo, mpt-myanmar, alphabet-inc, bank-of-america, ooredoo-myanmar, trader-hotel, mytel-myanmar, mandalar, wuttmhone, mec-tel, mamakochit, ardor-adr, rchain-block, airdrop-channel, normandy, kyawlinn, fourhundred, mytel, pepsi-co, qtum-blockchain, binance-chain, icon-blockchain, bytecoin-block, ethereum-classic, tetha, vechain-block, kcs-token, anomaly,