Website
ananda·@kcs-token·
0.000 HBDWebsite
#Website တစ်ခုတည်ဆောက်ရန်ဘာတွေလိုအပ်သလဲ? Website တစ်ခုတည်ဆောက်ရန်လိုအပ်တဲ့အချက်လက် ( ၂ ) မျိုးခွဲထားပါတယ်။ >> မိမိကိုယ်တိုင် Coding ရေးနည်းသင်ပြီး Website ရေးခြင်း။ >>Coding ရေးနည်းကိုသင်ယူစရာမလိုဘဲ Domain/Hosting ဝယ်ယူပြီး /Normal Build များဖြင့် Website တည်ဆောက်ခြင်း။ယခုအခါ Wordpress ကိုအသုံးပြုပြီး Website တည်ဆောက်ခြင်းကို ပိုမိုအသုံးပြုလာကြပါပြီ။ မိမိကိုယ်တိုင် Website Coding ရေးနည်းကိုသင်ပြီး လေ့လာသင်ယူ တဲ့အခါ WebSite Desing/Web Developer ဆိုပြီးနှစ်မျိုးခွဲထားပါတယ်။Website နဲ ့Web Developer ဘာကွာလဲဆိုတာကို ရှေ ့ကတင်ပေးခဲ့တဲ့ Post တွေမှာ ရှာဖတ်ကြည့့်နိူင်ပါတယ်။ Website တစ်ခုကို Internet ပိုမှာ လွှင့်တင်နိူင်ရန် အတွက် လိုအပ်တဲ့အချက် အဓိကအားဖြင့် (၃)မျိုးရှိပါတယ်။ (၁) Domain (၂) Hosting (၃) Multimedia Content တို့ဘဲဖြစ်ပါတယ်။ Domain ဆိုတာ Website တစ်ခုရဲ ့လိပ်စာပါ။ဥပမာ www.mpt.com.mm ဆိုတာ MPT ရဲ ့ Website Domain ပါ။ လိုချင်တဲ့ Domain ကိုရယူရန် Master Card/Visa Card/Pay Pal တို ့နဲ ့ Domain/Hosting Service ပေးတဲ့ Website တွေကဝယ်ယူနိူင်သလို Domain/Hosting ရောင်းတဲ့သူတွေဆီမှာလည်း ဝယ်နိူင်ပါတယ်။ Hosting ဆိုတာ အရှင်းဆုံးပြောရရင် ကျနော်တို ့Website တစ်ခုလုံး Internet ပိုမှာ Run နိူင်ရန်အတွက် အဓိက ထောက်ပံ့ပေးသူပါ။ Website မှာပါဝင်တဲ့ Page/img/Fil /Datebase တွေသိမ်းပေးတာကိုလုပ်ဆောင်ပေးသလို ပြုပြင် ပြင်ဆင်မူ အပိုင်းတွေလည်းပါဝင်ပါတယ်။ ၂။ Website နဲ့ဘာတွေလုပ်လို့ရသလဲ? အဖြေကတော့ရိုးရှင်းပါတယ်။ Websiteနဲ့ စီးပွားရေး၊ လူမှုရေး အစရှိတဲ့ လုပ်ငန်းဆောင်တာ အတော်များများကို လုပ်လို့ရပါတယ်။ အသုံးပြုတဲ့လူပေါ်မူတည်ပြီးတော့ Website အမျိုးအစားတွေဘဲ ကွဲပြားသွားတာပါ။ ဥပမာ - စာဖတ်သူက Online Shop လုပ်တယ်ဆိုပါတော့ဗျာ၊ အဲ့ဒါဆို စာဖတ်သူလိုတာက Ecommerce Website အမျိုးအစားပါ။ အခုပြောသွားတာကတော့ စာဖတ်သူတို့လုပ်တဲ့လုပ်ငန်းနဲ့အလိုက် ခွဲထွက်သွားတဲ့ Website အမျိုးအစားတွေပါ။ တကယ်တန်းတော့ Website Type က (၂) မျိုးဘဲရှိတာပါ။ နောက်အပိုင်းတွေမှာ ထပ်မံရှင်းပြသွားပါ့မယ်။  ၃။ Website ကိုဘာကြောင့်လိုအပ်တာလဲ? Website ကိုကျွန်တော်တို့အနေနဲ့ ဘာကြောင့်လိုအပ်ပါသလဲ၊ မရှင်းပြခင်စာဖတ်သူက #ကိုယ့်ကိုယ်ကိုOnline_Shopလုပ်နေတဲ့ကိုယ်ပိုင်လုပ်ငန်းရှင်လို့ မှတ်လိုက်ပါ။( ဟုတ်ပါပြီ၊ အခုဆို Online Shop ပိုင်ရှင်ကြီးတွေဖြစ်သွားပါပြီ ဒန်..တန်…တန် 😎✨✨ )။ နောက်ပြီး ကျွန်တော်တို့တတွေက ကျွန်တော်တို့ Online Shop ကနေ Product တွေကို Facebook ကနေရောင်းနေတာ ကြာပြီပေါ့ဗျာ၊ Customer တွေလည်းများ၊ ရောင်းအားတွေလည်းတက်နေတယ်ပေ့ါ။ အဲ့ဒီ့အခါ ကျွန်တော်တို့က လူတစ်ယောက်တည်းနဲ့ အရမ်းများတဲ့ လုပ်ငန်းတွေကိုမလုပ်နိုင်တော့ပါဘူး၊ #Facebookကလည်းလုပ်ဆောင်ချက်အများကြီးမလုပ်နိုင်ပါဘူး။ ဘယ်လိုနေရာတွေမှာလဲဆိုတော့ Payment ပိုင်းတို့၊ Orderကောက်တာတို့ အစရှိတဲ့ လုပ်ဆောင်မှုအချို့မှာ Facebook နဲ့ဘဲ လုပ်လို့မရတော့ပါဘူး၊ ရရင်လည်း အချိန်နှောင့်နှေးမှုတွေဖြစ်လာနိုင်ပါတယ်။ အဲ့ဒီ့လိုအခြေအနေမှာ ကျွန်တော်တို့ဟာ Website ကိုမဖြစ်မနေကိုလိုလာပါပြီ။ #Website တွေရဲ့အားသာချက်ကလိုင်းလေးတစ်ချက်ဖွင့်ပြီး ခလုတ်လေးတစ်ချက်နှိပ်ရုံပါဘဲ။ ခလုတ်တစ်ချက်နှိပ်ရင် ဘာတွေပြောင်းလဲသွားလဲဆိုတာ ပြောပြပါမယ်၊ 👉 ပထမအချက်အနေနဲ့ အချိန်ကုန်သက်သာပါမယ်၊ 👉 ဒုတိယအနေနဲ့ အလှမပျက်(မိန်းကလေးတွေအတွက်သာ ရည်ညွှန်းသည်။ 😁😁)အိမ်မှာတင်ဘဲ ဈေးဝယ်နိုင်ပါတယ်၊ 👉 နောက်ထပ် တတိယအချက်ကတော့ ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာခေတ်ကြီးမှာ ကိုယ့်ရဲ့လုပ်ငန်းကခေတ်မှီပြီး၊ Image ကောင်းတစ်ခုဖြစ်စေမှာအမှန်ပါဘဲခင်ဗျာ။ 🌟🌟 #Website Domain/Hosting ဝယ်ယူနည်း #Coding မလို Wordpress အသုံးပြုပြီး Website တည်ဆောက်နည်း #Internet Server မှာ Website ကိုလွှင့်တင်နည်း စတဲ့ Website နဲ ့ပတ်သက်တဲ့ နည်လမ်းတွေက ို မကြာခင် Online Course အဖြစ်သင်ကြားပို ့ချဖို ့ရှိပါတယ်။ #Domain/Hosting ဝယ်ယူလိုသူများ ကျနော်တို ့ Page Chat Box ကနေဆက်သွယ်ဝယ်ယူနိူင်ပါပြီ ခင်ဗျ။
👍 heinzaw, mamamoeswe, myatminnzaw, bnb-token, houbi, okb-token, okb, coinbase-okb, okex-exchange1, moemakha, nebulas-nas, loopring-lrc, ayechanmay, iostoken, zcash-chain, yaminhtet, nep5, coinpayment1, channel9, suthetpaing, twitter-inc, mpt, ooredoo, mpt-myanmar, mytel, alphabet-inc, pepsi-co, bank-of-america, ooredoo-myanmar, trader-hotel, mytel-myanmar, mandalar, wuttmhone, mec-tel, mamakochit, ardor-adr, rchain-block, airdrop-channel, normandy, kyawlinn, fourhundred, qtum-blockchain, binance-chain, icon-blockchain, bytecoin-block, ethereum-classic, tetha, vechain-block,