Wireless Charger

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@kcs-token·
0.000 HBD
Wireless Charger
Apple ကနေ မနှစ်တုန်းက Apple iPhone X နဲ့ iPhone 8 ၊ 8 Plus တွေကို ကြေညာခဲ့တုန်းက Apple iPhone တွေမှာ ပထမဆုံးအနေနဲ့ Wireless Charging စနစ်ကို Support ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး iPhones တွေမှာ ပထမဆုံးအနေနဲ့ Wireless Charging ပါဝင်လာတဲ့အပြင် Apple ကနေ iPhone ၊ Apple Watch နဲ့ AirPods တွေကိုပါ တစ်ပြိုင်နက်တည်း အားသွင်းနိုင်မယ့် Apple AirPower Charger ကိုပါ ကြေညာခဲ့့တာဖြစ်ပါတယ်။
![IMG_20180723_065028.jpg](https://cdn.steemitimages.com/DQmbd2m2sUjBFzJZ56puGGfLYaEdV62FggpNsvGTDUW1iGq/IMG_20180723_065028.jpg)

ဒါပေမယ့် အခုအချိန်မှာ Apple ကနေ အဆိုပါ AirPower Charger ကို ကြေညာခဲ့တာ ၁ နှစ်ပြည့်တော့မှာပေမယ့် အခုအချိန်အထိကို ရောင်းချမယ့်အချိန်ကို ထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးပါဘူး။ အဲ့ဒီအတွက် Samsung ကနေ အခု Apple ရဲ့ Concept ကို အခြေခံပြီး အလန်းစား Wireless Charger တစ်ခုကို Samsung Galaxy Note 9 စမတ်ဖုန်းနဲ့အတူ မိတ်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။

Samsung ရဲ့ အခု Galaxy Note 9 နဲ့အတူထွက်ရှိလာမယ့် Wireless Charger ကိုတော့ Samsung Wireless Charger Duo လို့ နာမည်ပေးထားပြီးတော့ အဆိုပါ Wireless Charger ဟာ လက်ရှိအချိန်မှာ ရောင်းချနေတဲ့ Samsung ရဲ့ Wireless Charger တွေကိုပဲ Galaxy Watch အတွက်ပါ နေရာတစ်ခုတိုးလာတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဖြစ်နိုင်တာကတော့ Samsung Galaxy Gear Watch ပါ Wireless Charging ကို Support ပြုလုပ်လာမယ်လို့ ယူဆရပါတယ်။
![IMG_20180723_065019.jpg](https://cdn.steemitimages.com/DQmP5Y2YZMfKwJWKezNR5mHeVdmc3R6EcZK9hps6jjVSsp3/IMG_20180723_065019.jpg)
Samsung ဟာ အခု Wireless Charger Duo ကို EP-N6100 လို့ နာမည်ပေးထားပြီးတော့ အဆိုပါ Wireless Charger ဟာ 25W Charger အမျိုးအစားဖြစ်တဲ့အတွက် ကြိုးမဲ့အားသွင်းစနစ်တွေထဲမှာ တော်တေ်ာလေးကို မြန်ဆန်မယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ဒီ 25W Charging စနစ်က Devices ၂ ခုစလုံးအတွက် ပေါင်းပြီး ပြောတာလားကတော့ အတိအကျမသိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Samsung ရဲ့ Galaxy Note 9 စမတ်ဖုန်းက လက်ရှိ Samsung ဖုန်းတွေထဲမှာ အကောင်းဆုံးဖြစ်လာမယ့်အပြင် Accessories တွေကလည်း အလန်းတွေပါပဲ။
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,