X5
ananda·@kcs-token·
0.000 HBDX5
Nokia ကနေ ယခင်ထဲက သတင်းတွေထွက်ပေါ်နေခဲ့တဲ့ Budget စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Nokia X5 ကို တရားဝင်ကြေညာလိုက်ပြီပဲဖြစ်ပါတယ်။ အခု Nokia X5 စမတ်ဖုန်းက တရုတ်နိုင်ငံအတွင်းမှာ ခေါ်ဆိုတဲ့နာမည်ဖြစ်ပြီးတော့ Global ဈေးကွက်မှာတော့ Nokia 5.1 Plus ဆိုတဲ့ နာမည်နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ Nokia X5 စမတ်ဖုန်းက Display အနေနဲ့တော့ 5.84″ ရှိမှာဖြစ်ပြီး လက်ရှိ စမတ်ဖုန်းတွေအများစုမှာအသုံးပြုလာတဲ့ 19:9 Ratio Notch ပါဝင်တဲ့ Display ကို အသုံးပြုထားတာဖြစ်ပါတယ်။ Resolution အနေနဲ့ကတော့ HD+ Display ရှိမှာပဲဖြစ်ပါတယ်။ Screen-to-body Ratio အနေနဲ့ကတော့ 84% အထိ ရှိမှာဖြစ်တဲ့အတွက် Budget ဖုန်းတစ်ခုအနေနဲ့ကတော့ အထင်ကြီးစရာဖြစ်စေခဲ့ပါတယ်။ အခု Nokia X5 စမတ်ဖုန်းကို လက်ရှိ ဈေးဝန်းကျင်မှာ အကောင်းဆုံးဖြစ်သွားစေချင်တာကတော့ Processor ပဲဖြစ်ပြီးတော့ Nokia X5 မှာ MediaTek ရဲ့ Helio P60 Processor ကို အသုံးပြုထားပြီး RAM 3GB နဲ့ Storage 32GB တွေကို အသုံးပြုထားတာကြောင့်ဖြစ်ပါတယ်။ RAM 4GB နဲ့ 64GB Version ကိုလည်း ဝယ်ယူရရှိနိုင်ဦးမယ်လို့ သိရပါတယ်။ အခု Nokia X5 စမတ်ဖုန်းဟာ Dual Camera လည်း ပါဝင်မှာဖြစ်ပြီး 13MP Primary Sensor နဲ့ 5MP Secondary Camera ကို ဖုန်းရဲ့ နောက်ကျောဘက်မှာ တပ်ဆင်ပေးထားပြီးတော့ Front Selfie Camera ကိုတော့ 8MP Wide Angle တပ်ဆင်ထားတာဖြစ်ပါတယ်။ Selfie ပိုင်းမှာဆိုရင် AI Portrait တွေကိုတောင် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။  အခု Nokia X5 စမတ်ဖုန်းမှာ Battery အနေနဲ့ 3060mAh Battery ပါဝင်မှာဖြစ်ပြီးတော့ Android Version 8.1 Oreo ကို အသုံးပြုထားတာဖြစ်ပါတယ်။ Nokia ကတော့ Android P ကို Update ပြုလုပ်နိုင်တာနဲ့ Update ပြုလုပ်ပေးသွားမယ်လို့ ပြောကြားခဲ့ပါသေးတယ်။ Nokia ဟာ ယခု Nokia X5 ကို RAM 3GB ၊ ROM 32GB Version ကို ၁၄၈ ဒေါ်လာ နဲ့ RAM 4GB ၊ ROM 64GB Version ကို ဒေါ်လာ ၂၀၀ ဝန်းကျင်နဲ့ ရောင်းချနေတဲ့အတွက် လက်ရှိအချိန်မှာ ပေးရတဲ့ဈေးနဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ရှိတဲ့ Budget ဖုန်းတစ်ခုဖြစ်လာပါပြီ။ [SOURCE](https://m.facebook.com/story.php?story_fbid=2146175082326724&id=1546624012281837)
👍 bnb-token, houbi, okb-token, okb, coinbase-okb, okex-exchange1, moemakha, nebulas-nas, yaminhtet, nep5, coinpayment1, channel9, heinzaw, mamamoeswe, myatminnzaw, suthetpaing, twitter-inc, mpt, ooredoo, mpt-myanmar, mytel, pepsi-co, ooredoo-myanmar, trader-hotel, mytel-myanmar, mandalar, wuttmhone, mec-tel, ardor-adr, loopring-lrc, ayechanmay, iostoken, zcash-chain, rchain-block, airdrop-channel, normandy, kyawlinn, fourhundred, alphabet-inc, bank-of-america, mamakochit, qtum-blockchain, binance-chain, icon-blockchain, bytecoin-block, ethereum-classic, tetha, vechain-block, xtreme2015, hardrockebab, marathaking, frayvan, pinkayesh, syamsulrizal, mybitcoinacademy, ysngny, legin, sarmins, worstcritic, saidelbouchri, sondip, simin, branthebuilder, gtan, kakaotalk, amri, maulida, povoq, notibunny, worldthrulense, fangir, mrblu, lstack, darkbish, gamemodeop, nikita.pobazhak, kryptogermany, mefio, jk6276, abrikoss, laissez-faire, schokomesser, snailplant, ptcmyanmar, sharif77, grimmyx, sanhtun, ryacha21, rickriosgarr, joynalabedin, kumaran444, steemnews-fr, louie3, tifaong, pakistani, avnigenc, jibupune, hardijr, whynotdoit, rezaerfiandes, serafim, wilsonthe, xyzashu, bharathmp, dinvestor, akamtn, alex-discord, mdnafis, animus, black-stork, sadekj, aungminthet,