ကြည်နူးမှုလေးများ မျှဝေခြင်း

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@khayae·
0.000 HBD
ကြည်နူးမှုလေးများ မျှဝေခြင်း
ဘုရားဖူး ခရီးစဉ်လေးကို မသွားဖြစ်ခဲ့တာ အတော်ကြာသွား ခဲ့ပါပြီ ဒီနှစ်သစ် ဖြစ်တဲ့ 2018 jaunary လေးမှာ ကိစ္စတခု ဖြစ်တဲ့ ဓမ္မစကူလ်း ညီလာခံ တက်ရောက်ရင်းနဲ့ တစ်ချက်ခုတ် နှစ် ![image](https://img.esteem.ws/z9sz1jd2tn.jpg)ချက်ပြတ် အစီစဉ်လေးကို လုပ်ဖြစ်ခဲ့ပါတယ် ။ အာ့လို လုပ်ဖြစ်ပြီးမှ ကျနော် အတွေးလေးတစ်ခုကို သတိရမိပါတယ် ဘာလဲဆိုတော့ ဦးမာဃ ကိုသွားသတိရမိစေတာပါ ဦးမာဃဟာ သူတစ်ယောက်ထဲ အရင်ဦးဆုံး ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲအောင် စောင့်ထိန်းပါတယ် နောက်တော့ ရေချမ်းစဉ်လေး ဆောက်ပြီးသူကိုယ်တိုင် ရေခပ်လေ့ရှိပါတယ် မနက်မိုးလင်းလာရင်လဲ အိပ်ယာစောစောထကာ တံမျက်စည်း လဲလေ့ရှိပါတယ် ။
 ![image](https://img.esteem.ws/3ic5ni4dg1.jpg)

ကျနော်ဓမ္မစကူလ်း အဖွဲ့မဝင်ခင် အရင်ဆုံး ထိုအဖွဲ့ကို လေ့လာပါတယ် တကယ်လဲကျနော့ အကြိုက်ဆုံးဖြစ်ပြီဆိုမှ သင်တန်းတက်ပြီး လုပ်ဆောင်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ် အာ့ဒီနောက် ကျနော်ဓမ္မစကူလ်းကို စတင် လုပ်ဆောင်ခဲ့ ပါတယ် အစပိုင်းတော့ တော်တော်လေး ရုန်းကန်ရပါတယ် အလှူရှင် ရှာဖွေရာမှာလဲ အလွန်အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ် ဒါပေမယ့် ကျနော်အတတ်နိုင်ဆုံး ကြိုးစားပီ ကလေးတေကို စာအောင်ဆုနဲ့ လက်ဆောင်ပစ္စည်း များပေးနိုင်ခဲ့ပါတယ် ။ မနက် ရှစ်နာရီဆို ကလေးတွေကို ဘုရားမှာ သောက်ရေသုံးရေ ခပ်ကာ ကုသိုလ်ယူစေပါတယ်  ဘုရားပန်းတော်လဲခြင်း ဆွမ်းတော်ကပ်လှူ ခြင်း တံမျက်စည်း လှည်းခြင်း နဲ့ မနက် ကိုးနာရီမှာ ဘုရားကန်တော့ခြင်း  ဘုရာစာပေ ဗုဒ္ဓဝင်များ ဆုံးမစာများနဲ့ ယဉ်ကျေးမှု ဆိုတဲ့ စာပေများ သင်ကြားပေးကာ ကုသိုလ် ကောင်းမှုတွေကို ပြုလုပ် စေကာ သာသနာ့အမွေ ကိုလက်ဆင့်ကမ်း သင်ကြားပေးတဲ့ ဓမ္မစကူလ်း ကျောင်းတော်လေးဖြစ်ပါတယ်။
 ![image](https://img.esteem.ws/0f9n9av6rt.jpg)


ထို့နောက် ဦးမာဃရဲ့ နောက်ကို လာလုပ်ကူပေးတဲ့ လူတစ်ချို့ ပေါ်လာပါတယ် ထိုလူတို့လည်း ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲအောင် ဆောက်တည်ကြပြီး တံတားများ ခင်းခြင်း လမ်းများပြုပြင်ခြင်းတွေနဲ့ ရေတွင်း ရေကန်များကို တူးဖော်ကာ ကုသိုလ်ကောင်းမှုတွေနဲ့ မျော်မွေ့နေကြပါတယ် နောင်တစ်ချိန်မှာ ထိုအဖွဲ့ကို မာဃလုလင်အဖွဲလို့ ခေါ်တွင်လာ ကြပြီး သူတို့အဖွဲ့ဟာ သေဆုံးသွားကြတော့  သာဝတ္တိံသာံနတ်ပြည်မှာ သိကြားမင်းဖြစ်လာတယ်လို့ ကုသိုလ်ကောင်းမှုရဲ့ အကျိုးတရားကို ဗုဒ္ဓဘုရားရှင် ဟောကြားထားခဲ့ပါတယ်။ 
 ![image](https://img.esteem.ws/o8xzwjtuw4.jpg)

ကလေးများ ကုသိုလ်တရား တိုးပွားစေဖို့ စေတီတော်ကြီး များတွင် လည်းကောင်း ဘုန်းတော်ကြီး ကျောင်းများတွင် လည်ကောင်း ဘုရားစာပေများ သင်ကြားကာ ဆရာတော်တွေ ဘုန်းဘုန်းတွေနဲ့ ပြောတတ်ဆိုတတ် ဆက်ဆံတတ်အောင် လည်းသင်ကြားပေးကာ ဓမ္မစကူလ်း သားငယ်သမီးငယ်များကို လက်တွဲကာ အများအကျိုးသယ်ပိုးဆောင်ရွက်ရာမှာ အလွန်ပျော်ဖို့ကောင်းကာ စိတ်ကြည်နူးမိပါတယ် ကလေးများ စေတီအနီးနားမှာ အမှိုက်တွေ့က သူ့ထက်ငါ အလုအယက် လိုက်ကောက်နေကြပုံကလည်း စိတ်ချမ်းမြေ့စရာ မြင်ကွင်း လေးပါ တချို့ ကလေးများဆို စိတ်လိုက်မန်ပါ တကယ် ထက်ထက် သန်သန် ရင်ပြင်မှာတံမျက်ခတ်နေတာလဲ အားရလို့မဆုံး နိုင်ဘဲ သာဓု အကြိမ်ကြိမ် ခေါ်မိပါတော့တယ်ဗျား ။
 ![image](https://img.esteem.ws/44fco0jqbc.jpg)
 ![image](https://img.esteem.ws/akajx6v2ut.jpg)
 ![image](https://img.esteem.ws/6c60b7xpcv.jpg)

အာ့လိုကလေးတွေနဲ့ နေလာရင်း ဒီညီလာခံကို ကျနော် တက်ရောက်ခဲ့ရကာ ရန်ကုန် ရွှေတိဂုံ ဘုရား ကျိုက်မှော်ဝန်း ရေလယ်ဘုရား ကျိုက်ထီးရိုး ဘုရား  ရွှေမော်တော ဘုရာ ရွှေသာလျောင်း ဘုရား အစရှိသည်ဖြင့်  ဘုရားဖူးဖြစ်ခဲ့ပါတယ် အခုလိုဘုရားဖူးရတာလဲ အများအကျိုးဆောင်ရွက် လို့ အခုလို ကုသိုလ်တိုးကာ ဘုရားဖူးဖြစ်လေခြင်းပေလားးးးးးး

khayae
MSC 079
photo credit;facebook
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,