မိသားစု မြုံရိပ်လေး
myanmar·@khayae·
0.000 HBDမိသားစု မြုံရိပ်လေး
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေဗျား ဘာလိုလိုနဲ့ pro ရက်ကိုတောင် ရောက်ခဲ့ပါပြီ ကျနော်လဲ ဘာရေးလို့ ရေးရဦးမယ်မှန်းမသိဘူးဗျား ဒါပေမယ့် ကျနော့အဘွား အကြောင်းလေး ရေးလိုက်ပါအူးမယ် ကျနော့အဖွားမှာ ငယ်စဉ်က အသက် လေးနှစ်မှာ သူ့အမေ ဆုံးပါးသွားတော့ အဖေနဲ့ ကြီးပျင်းခဲ့ရတာပေါ့ အဖွားရဲ့ အထက်မှာ မွေးချင်းတစ်ယောက် ရှိပါတယ် သူက အကိုကြီးပေါ့ ဒီလိုနဲ့ အဖေရယ် အကိုရယ်ရယ် ကျနော့ အဖွားရယ် ဆိုပြီး မိသားစု သုံးယောက်ဟာ မိုးတားကြီးဆိုတဲ့ ရွှာလေးမှာ နေထိုင်ခဲ့ပါတယ် ။  တောသူတောင်သားဆိုတော့ လယ်လုပ် အခင်းလုပ် အတတ်ပညာ တတ်ကျွမ်းပေမယ့်လည်း ကိုယ်ပိုင်လယ်ကမရှိ ကိုယ်ပိုင်အခင်းက မရှိနဲ့ဆိုတော့ သူများဆီမှာ လယ်အငှါးစိုက် မြစ်ချောင်းအင်းအိုင်မှာ ငါးရှာ ပြီးအသက်မွေးဝမ်းကျောင်းပြု ခဲ့ရတာပေါ့ ဒီလိုနဲ့ ကျနော့အဖွားဟာ အတန်းကျောင်းပညာကို သုံးတန်းအထိဘဲ သင်ကြားကာ ရေးတတ်ဖတ်တတ်ရင် အဆင်ပြေပါပြီ ဆိုပြီး ကျောင်းထွက်ကာ ကြုံရာကျပန်းအလုပ်ကို ဝင်လုပ်ပြီး မိသားစု အတွက် ဝင်ငွေရအောင် တစ်ဖက်တစ်လမ်းကနေ ရှာတာပေါ့ဗျား ။ အဖွားငယ်စဉ်က လှေကားပေါ်ကနေလိမ့်ကျပြီး နားအုံကွဲကာ နားတစ်မကြားရတော့ဘူးဖြစ်နေတာပေါ့ အဖွားရဲ့အဖေက ကျနော့အဖွားကို အရမ်းချစ်တယ်ဆိုပြီး ပြောပြော ပြ တတ် ပါတယ် အဖွားအပျိုပေါက် ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်ရောက်တော့ ငါ့သမီးက နားလေးတော့ ယောက်ျားရကော ရနိုင်ပါ့မလားလို့ စိတ်ပူပေးရှာသတဲ့ ဒီလိုနဲ့ အဖွားယောက်ျားမရခင် မှာဘဲ အဖွားရဲ့ အဖေဟာ ဆုံးပါးသွားခဲ့ပါတယ် အဖွားရဲ့အဖေ ဆုံးပြီးတော့ အဖွားရဲ့ အကိုနဲ့ အတူ မောင်နှမ နှစ်ယောက်ထဲ နေထိုင်လာခဲ့ရာ နှစ်အနည်းငယ် ကြာလာတော့ အဖွားရဲ့ အကိုကလည်း အိမ်ထောင် ပြုသွားတာပေါ့ ။  ဒါနဲ့ အဖွားလည်း ယောက်မရယ် အကိုရယ် ကျနော့ အဖွားရယ် ဆိုပြီး မိသားစု သုံးယောက်နဲ့ အတူနေထိုင်ပါတယ် တစ်နေ့သော မိုးရာသီမှာ တစ်ခြားရွာကိုသွားပြီး လယ်သွားစိုက်ရာကနေ ထိုရွာက လူနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ပြုလိုက်ပါတယ် အိမ်ထောင်ကျပြီး အဖွားရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေလေးကို စွန့်ခွါပြီး ယောင်နှောက်ဆံထုံးပါ ဆိုတဲ့အတိုင်း ကျနော့ အဖိုးရဲ့ ရွာလေးကို ပြောင်းရွှေ့နေထိုင်ရပါတယ် ဒီလိုနဲ့ နှစ်အနည်းငယ် ကြာလာတော့ သားတစ်ယောက် သမီးလေးယောက် ထွန်းကားလာပါတယ် ထိုမိသားစု ခွန်နှစ်ယောက်နဲ့ အတူ ဘဝကို ရှုန်းကန်ရင်း အချိန်တွေကုန်မှန်းမသိ ကုန်ခဲ့ကာ အခုဆိုရင် သားကတော့ မရှိတော့ပါဘူး ယောက်ျားလဲ ဆုံးပါးသွားခဲ့ပါပြီ သမီးတွေကဘည်း ကိုယ်စီကိုယ်စီ အိမ်ထောင်ကျကာ မြေးတွေ တင်မကဘဲ မြစ်လေးယောက်တောင် ရနေချိန်မှာတော့ အဖွားအသက်ဟာ အခုဆိုရင် ရှစ်ဆယ့်ငါးနှစ်ပြည့်ခဲ့ပါပြီ ။  အသက်ရှစ်ဆယ့်ငါးနှစ် ဆိုပေမယ့် အဖွားဟာ ကျန်းကျန်းမာမာနဲ့ သွားလာနေနိုင်ပါသေးတယ် အဖွားကို အိမ်ထဲမှာဘဲနေပါလို့ ကနော်တို့ဆို အမြဲတားယူရပါတယ် အာ့လိုတားနေတဲ့ အထဲကဆို အိမ်ကနေ ဈေးကို တစ်ရက်ကို အနည်းဆုံး ငါးခေါက်ကတော့ သွားနေဆဲပါ ထိုသို့သွားရာတွင်လည်း အိမ်ကလူလစ်ရင် လစ်သလို သွားတာပါ ကျနော်ကတော့ အဖွားအပြင်ထွက်လို့ ဆိုင်ကယ်တိုက်ထားမယ် အဖွားက နားသိပ်ကြားတာမဟုတ်ဘူး ကြီးကြီးသိရင် ဆူထားမယ်လို့ ပြောလိုက်ရင် လမ်းကို ဟိုဘက်ဒီဘက်ကြည့်ပီး ဆိုင်ကယ်ရှင်း ကားရှင်းမှ လမ်းဖြတ်တာပါတဲ့ စိတ်မပူပါနဲ့ လိုပြန်ပြန်ပြောလေ့ရှိတယ် ဘယ်လိုဘဲ ဖြစ်ဖြစ်ပါလေ အခုခေတ်က ဆိုင်ကယ်ပေါ်တက်ခွလိုက်ရင် ခေတ်ကာလသားတွေက မိုးမမြင်လေမမြင်လေတော့ စိုးရိမ်ရတာပေါ့ အဖွားရယ်လို့ ပြောလိုက်ရင် ကျနော့ကို စိုက်ကြည့်ကာ ပြုံးနေမြဲ အခုလိုအဖွားရဲ့ အသက်ရှစ်ဆယ့်ငါးနှစ်မှသည် နောင်နှစ်ပေါင်းများစွာအထိ ကျန်းကျန်းမာမာနဲ့ ရှိပါစေလို့ ဆုတောင်းရင်း ဤမျှနှင့် နားပါအူးမည်ဗျား ။ credit;google image &facebook ရွှင်လန်းချမ်းမြေ့ကြပါစေ khayae MSC - 079
👍 khayae, caesarsupaimin, htinyarsai, aungzawhtwe, thantzinoo96, myanmarkoko, kolinn, minnowsupport, pharesim, pomperipossa, decibel, cryptohustler, edrivegom, steemprentice, numpypython, gamerveda, river-island, stephen.king989, saihack, sawlwin, thettinaung, zzawzawhtwe, komoezaw, tharpauk, konyi, soethakhin, good-karma, demo, feruz, esteemapp, bitcoiner, aungtharkyaw, domelay, billionairehein, saipanpha, thantzinwin, rocketgyi, soelinaung, camelot, curie, liberosist, meerkat, locikll, howtostartablog, markangeltrueman, aboutyourbiz, justdentist, anwenbaumeister, hendrikdegrote, pacokam8, kushed, dashfit, bobdos, arnavlavan, wanderingdanish, dmytrokorol, lenin-mccarthy, skycae, benleemusic, steemulator, coloringiship,