အမှားများကို လေ့လာဖြင်း
msu·@khaylay·
0.000 HBDအမှားများကို လေ့လာဖြင်း
 အခုတလော ကျွန်တော်အတွေးထဲတွင် ဝင်ရောက်လာသော စကားလုံးတစ်လုံးရှိသည်။ ထိုအရာသည်ကား 'အမှား' ဆိုသည့် စကားလုံးဖြစ်သည်။ လူတိုင်းလူတိုင်းတွင် တွေ့ကြုံခဲ့ရသောအတွေအကြုံများရှိပေမည်။ အသက်အရွယ်ပိုကြီးလာလေကြုံတွေ့ရသော အတွေ့အကြုံများပိုများလေဖြစ်မည်။ ထိုအတွေ့အကြုံများသည် ချိုမြိန်သည်လည်းရှိမည်။ ခါးသီးသည်လည်းရှိမည်။ အချို့အတွေ့အကြုံများသည် ဆောင်ရွက်ချက်အမှား ဆုံးဖြတ်ချက်အမှားများကြောင့် ဆိုးရွားသည့်အရသာကို ခံစားစေခဲ့သည်။ အချို့လူငယ်များသည် လူကြီးများ ဆိုဆုံးမသည်ကို နားမထောင်ချင်ကြ။ လူကြီးများ ကြုံခဲ့သည့်အတွေ့အကြုံများ အမှားများမှ သင်ခန်းစာမယူချင်ကြ။ ကိုယ်တိုင်ကြုံတွေ့မှ ယုံချင်ကြသည်။ သင်ခန်းစာယူချင်ကြသည်။ ထိုလူငယ်များအတွက် သတိတစ်ခုတော့ ပေးချင်သည်။ အတွေ့အကြုံသည် တန်ဖိုးကြီးသည်။ ပေးဆပ်ရမှုများသည်။ အကယ်၍ မိမိဆောင်ရွက်မှုများသည် မှားယွင်းမှုကြောင့် ခါးသီးသည့် အတွေ့အကြုံများ ကြုံတွေ့ရလျှင်ကာ လုပ်စရာတစ်ခုသာ ရှိသည်။ စိတ်မညစ်ဘဲ ဖြစ်ပျက်သမျှ ကြုံတွေ့သမျှ လောကဓံကို ရင်ဆိုင်ရပေမည်။ ရင်ဆိုင်မနိုင်လျှင်ကား လဲကျသွားပေမည်။ ကျွန်တော်တို့စာဖတ်ကြသည်မှာ စာပေချစ်မြတ်နိုးမှုအပြင် အခြားသူများ၏ အတွေ့အကြုံများမှ သင်ခန်းစာယူရန် ဖြစ်သည်။ ထိုသူတို့၏ အမှားများကို သင်ခန်းစာယူခြင်းဖြင့် တူညီသောအမှားများကို ရှောင်ရှားနိုင်ပေမည်။ ဥပမာ- အရက်သောက်ခြင်းသည်မည့်သည်ရောဂါများဖြစ်စေသည်။ မည်သည့်ဆိုးကျိုးများဖြစ်စေသည်ဟု စာအုပ်စာပေထဲတွင် ရေးသားထားသည့်ကိုတွေ့ရမည်။ ထိုစာများကို ဖတ်ခြင်းဖြင့် ကိုယ်တိုင်အရက်သောက်ကြည့်စရာမလိုဘဲ အရက်သောက်ခြင်း၏ ဆိုးကျိုးများကို သိရှိပေမည်။ အကယ်၍ တစ်စုံတစ်ယောက်သည် အရက်သောက်ခြင်း၏ ဆိုးကျိုးများကို ကိုယ်တိုင်စမ်းသပ်မှ ယုံမည်ဟု ဆိုလျှင်ကား ကိုယ်ဖြစ်ကိုယ်ခံဟုသာ ပြောရပေမည်။ MSU-007!
👍 khaylay, yehtetaung, sbi2, nyinyiphyo, waihinoo, sattpaing, mmunited, yee900, zawphyonaing, shwesin, ngwesoe, ngaye, phyo, naingwin, mastergyi, acid231, happyfamilysteem, aungaungcc70, zawphyocc70, zawphyocc60, juliusseaser, mcphyowaili, sumyatthwe, naingyan, nandarlay, saytan, thuzar, phoeset, sann.mgy, san.mgy, winlay, pann, khayko, kokhay, khaykoko, htinlinaung, dpakyaw, kyawmin, domelay, nayhlaingsoe, jhaniz, twomm, alka.lin3, jumon99, wunna, winoo, sayaraungko96, nangmokha,