မလျော့သောဇွဲ
myanmar·@khaylay·
0.000 HBDမလျော့သောဇွဲ
 မကြာမှီအချိန်တွင်း၌ မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင်တန်း(၁၀)တန်း စာမေးပွဲကြီးဖြေဆိုချိန်သို့ ရောက်ရှိလာတော့မည်ဖြစ်သည်။ထိုတက္ကသိုလ်ဝင် စာမေးပွဲကြီးသည် နတ်ကြီးသည်ဟု ကျောင်းသား ကျောင်းသူများနှင့်အတူ မိဘများ ဆရာ ဆရာမများကပါ ယခုချိန်ထိ လက်ခံယုံကြည့်လျှက်ရှိနေကြသည်။ထိုသို့လက်ခံယူံကြည်ကြခြင်းသည် သာမန်အားဖြင့် မှန်သည်ဟုထင်ရသော်လည် အမှန်သည် အမှားကြီးကို ရင်ဝယ်ပိုက်ထားခြင်းဖြစ်သည်။ခေတ်အဆက်ဆက် တက္ကသိုလ်ဝင်ကျောင်းသားကျောင်းသူအများစုသည် ထိုစာမေးပွဲကြီးဖြေဆိုရမည်ကို အလွန်ကြောက်ခဲ့ကြသည်။ထိုစိုးရိမ်ကြောက်လန့်စိတ်များကြောင့်လည် စာမေးပွဲကိုကောင်းစွာမဖြေနိုင်ကြကိုပင် ကြုံတွေ့ခဲ့ဖူးမှာပါ။အမှန်တွင် ထိုတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရေးနှင့် စာမေးပွဲအောင်မြင်ရေးသည် ကျောင်းသားကျောင်းသူတိုင်အတွက် အခက်အခဲမဟုတ်ပေ။ထိုသို့ မခက်ခဲပါပဲ ဘာကြောင့် နှစ်စဉ်စာမေးပွဲကျရှုံးသူများပြာသလဲလို မေးလျှင် နှစ်တိုင်နှစ်တိုင် စာကြိုးစား ကျောင်းသားကျောင်းသူများ နည်းပါးလာခြင့်ကြောင့်ဖြစ်ပါတယ်။  'သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်' ဟုသော newton၏ law အရ ကြိုးစားသောသူများအတွက် အောင်မြင်မှုများသည် စောင့်ကြိုနေမည်မှာ မလွဲဧကန်ပါပဲ။စာမေးပွဲအောင်လိုပါက ဘာသာရပ်အလိုက် အချိန်ဇယားချ၍ နေ့စဉ် မပျက်မကွက်လေ့လာကျက်မှတ်ရန် အထူးလိုအပ်ပါတယ်။သင်ခန်းစားများကို အလွတ်ကျက်မှတ်ခြင်းထက် ကြောင်ပုဇွန်စားကျွတ်ကျွတ်ဝါးသကဲ့သို့ နားလည်သဘောပေါက်သည်အထိ လေ့လာကြိုးစားထားပါက နတ်ကြီးသည့်တက္ကသိုလ်ဝင်စာမေးပွဲကို ထမင်းစားရေသောက်လောက်ကို ခက်တာကိုတွေ့ရတော့မည်မဟုတ်ပါ။ထမင်းစားရေသောက် ကသညခက်ခြင်းခက်နေလိမ့်ပါမယ်။  ကျောင်းသားကျောင်းသူများ၏အလုပ်သည် မိမိတက်ရောက်ပညာသင်ကြားနေသော သင်ခန်းစာများကို နားလည်သဘောပေါက်ရန် အမြဲမပြတ်လေ့လာသင်ယူရခြင်းပဲဖြစ်ပါတယ်။ထိုအလုပ်အပေါ်တွင် ထိုက်သင့်သည့် ဝီရိယစိုက်ထုတ်မှုနည်းပါးလျှင် စာမေးပွဲကျရှုံးသည့် အရသာကို ခံစားရမှာ မလွဲဧကန်ပါပဲ။မိမိလုပ်နေတဲ့အလုပ်ပေါ်မှာ လုံ့လ ဇွဲ ဝီရိယမထားခဲ့လျှင် အောင်မြင်မှုများကို ရှာဖွေတွေ့ရှိခံစားနိုင်မည်အရသာလည် တွေ့ရမှာမဟုတ်ပါဘူး။ အချို့သောကျောင်းသားကျောင်းသူများသည် လပတ်စာမေးပွဲများတွင် ထူးချွန်စွာဖြေဆိုနိုင်ကြပါတယ်။ထိုကျောင်းသူကျောင်းသားများကို မိဘဆရာများက တက္ကသိုလ်ဝင်စာမေးပွဲကိုအောင်မြင်စွဖြေဆိုနိုင်ကြမည်ဟု များစွာမျှော်လင့်ထားကြမှာပါ။ဒါပေမယ့် တကယ့်စာမေးပွဲကြီး၏ အောင်စာရင်းတွင် ထိုကျောင်းသားကျောင်းသူစာရင်း၏ အမည်မပါတက်သူများလည်ရှိပါတယ်။ထိုအခါ မိဘဆရာများက စာလည်တော်ပါလျှက်နဲ့ အောင်စာရင်းတွင်အမည်မပါလာခြင်းကို တက္ကသိုလ်ဝင်စာမေးပွဲက နတ်ကြီးသည် အောင်မြင်ရန်ခက်ခဲသည်ဟု မိဘဆရာများ၏ရင်ထဲတွင် ယုံကြည့်လာပါတယ်။ထို့ကြောင့်လည်ကျောင်းသားကျောင်းသူများ၏ ရင်တွင်းသို့ ထိုယုံကြည်ချက်ကို ခေတ်အဆက်ဆက်ရိုက်သွင်းသလိုဖြစ်နေပါတော့တယ်။ MSC-112 written by khaylay photo from google
👍 travelmaster, phyo, khaylay, naingwin, letwethondara, suhlaing, nyinyilwin, tunnaingwin, sheinthu, thetlyar, mamamyanmar, htinlinaung, pyaesonekhinkhin, zawmyo, yeyintkyaw, saytan, gunapeya, kyi, myanmarpyithar, htetwaihin, asterkame, camelot, curie, liberosist, meerkat, dante31, hendrikdegrote, anwenbaumeister, awesomianist, kingyus, cryptokrieg, ewuoso, jasimg, melanie00, kushed, official-hord, pharesim, rayken04, xeroc, steemedia, bp423, diggerdugg, toxichan, cebymaster, pacokam8, shahzadnisar, derosnec, cotidiana, erangvee, gamesjoyce, skycranehandwork, funnyman, robertvogt, sieses, blakemiles84, steem-id, christoryan, phenom, dan-bn, techmojo, caesarsupaimin, shwebote, aungkyawsoe,