ချိုပေစွ ဟင်းချို (3)

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@khaylay·
0.000 HBD
ချိုပေစွ ဟင်းချို (3)
![image](https://img.esteem.ws/4evvqvglq9.jpg)
ခံစားရမှုကို မေ့နေရာမှ နောက်တစ်ချိန်အပြင်ထွက်သည့်အခါ အထူးသဖြင့် မုန့်ဟင်းခါး အုန်နို့ခေါက်ဆွဲ မုန့်တီသုပ်များ စားမိသည့်အခါ အထက်ပါခံစားမှုမျိုးကို ပြန်ခံစားခဲ့ရသည်။ ဤသို့ဖြစ်တတ်သည့် အခြေအနေများကို သူငယ်ချင်းများကို ပြောပြမိခဲ့သည်။ အချို့သော သူငယ်ချင်းများကလည်း သူတို့လည်း အဲလိုဖြစိခဲ့ကြကြောင်း အဓိကဖြစ်အင်မှာ အစားအသောက်တွင်ပါသော ဟင်းချိုမှုန့် ခေါ် အချိုမှုန့်ကြောင့်ဟု ရှင်းပြမှ သဘောပေါက်သွားခဲ့သည်။
ထိုအချိန်ကတည်းက ကျွန်တော်အပြင်သို့ သွားသည့်အခါတိုင်း အချိုမှုန့်အဓိကထားချက်ရသည့် အစားအစာများကို တတ်နိုင်သမျှ ရှောင်မိသည်။ အချို့မှုန့် ခေါ် ဟင်းချိုမှုန့်၏အန္တရာယ်ဆိုးကျိုးများကို ကျန်းမာရေးဝန်ကြီးဌာနက မီဒီယာများမှတစ်ဆင့် အသိပေးဖော်ပြခဲ့သည်မှာလည်း အကြိမ်ကြိမ်ဖြစ်သည်။ အချိုမှုန့် ခေါ် ဟင်းချိုမှုန့်ကို ကျွန်တော်သတိထားမိသည်မှာ ကျွန်တော် 4တန်းလောက်တွင် အာဂျီနိုမိုတိုဟူသော ကုန်အမှတ်တံဆိပ်ဖြင့် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ငယ်စဉ်က အချို့မှုန့်ကို ဟင်းခပ်အဖြစ် အသုံးပြုခဲ့ကြသော်လည်း ကျွန်တော်၏အမေမသည် ဟင်းတိုင်းလိုလိုတွင် ထည့်သွင်းအသုံးမပြုခဲ့ပေ။ ဟင်းချိုအနေဖြင့် ချက်မည်ဆိုပါကလည်း ငါးကျည်း သို့မဟုတ် ငါးတစ်မျိုးမျိုးကို ပြုတ်၍ထွက်လာသော အချိုဖြင့်သာ ဟင်းချိုချက်ပေးသည်။ အခြားအစာအစားများတွင်လည်း ဟင်းအတွက် အချိုရရန် ငါးကင်မှရသောအချို ပုဇွန်ကိုလှော်၍ခပ်သော အချိုတို့ဖြင့်သာဟင်းခပ်အဖြစ် အသုံးပြုကာ ချက်ပြုတ်ပေးခဲ့သည်။
ကျွန်တော်ကိုယ်တိုင် အပြင်ရောက်၍ အပြင်စားကို မဖြစ်မနေစားသုံးရန် လိုအပ်ပါက အစားအသောက်နှင့်ဆိုင်ရွေးပြီမှသာ စားခဲ့သည်။ ယခုစားသောက်ဆိုင်အချို့တွင်သုံးနေသော အချိုမှုန့်များသည် ဈေးထဲတွင် နို့ဆီဗူးဖြင့်လည်းကောင်း အလေးချိန်ဖြင့်လည်းကောင်း ဈေးပေါပေါနှင့်ရောင်းချနေသော အချိုမှုန့်များကိုသာ ဝယ်ယူကာ အသုံးပြုကြခြင်းဖြစ်သည်။
အချိုမှုန့်အစားလွန်ပါက ဖြစ်တတ်သော ဝေဒနာများကို စားသုံးသူတို့ မသိ၍မဟုတ် ဈေးပေါပေါနှင့်ရသော အချို့မှုန်၏အရသာကို လျှာမှာစွဲနေ၍ ခုံခုံမင်မင်ဖြင့် မြိန်ရှက်ရေစားသုံးနေကြသည်မှာ အံ့သြစရာကောင်းလှသည်။ ကျွန်တော်တို့ အဘိုးအဘွားမျာ ခေတ်အခါက အချို့မှုန်ကို အသုံးပြုသူမရှိသလောက် ရှားပါးခဲ့သည်။ အချိုမှုန့်မပါဘဲ သဘာဝကရရှိသော ငါး ပုဇွန် အချိုတို့ဖြင့်သာ စားသောက်နေထိုင်ခဲ့ကြခြင်းဖြစ်သည်။
MSU-007!
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,