ချိုပေစွ ဟင်းချို
msu·@khaylay·
0.000 HBDချိုပေစွ ဟင်းချို
 ရှေးလူကြီးများ အသက်ရှည်ရှည်နေထိုင်ခဲ့ကြခြင်း၏ အဓိကအကြောင်းအရင်းမှာ သဘာဝလွန်အစားအစာနှင့်အသင့်စီမံထားသော အစားအစာများကို လုံးဝစားသောက်ခြင်းမပြုခဲ့ကြသောကြောင့်ဖြစ်သည်။ ရှေးယခင်က သဘာဝကရရှိသော အချိုကိုသာသုံးစွဲ၍ အသက်ရှည်ခဲ့ကြပုံကို ကုန်းဘောင်ခေတ်စာဆိုဦးကြီး၏ 'လေးထမ်းတဲ့ဖေ' လွမ်းချင်းပါ။ အစားအသောက် စီမံချက်ပြုတ်ပုံကလေးသည် နာမူနာယူစရာကောင်းလှသည်။ ကုန်းဘောင်ခေတ်အခြေခံလူတန်းစားတို့၏ ဘဝနှင့် စားသောက်ပုံကို သိရသည်။ မုဆိုးကြီးသည် တောင်ခါးပန်နှင့် ခင်တန်းတောတောင်အတွင်း သားကောင်ရှာရန် ခွေးညီနောင်နှင့်ထွက်ခဲ့သည်။ သူ့ဇနီးမှာလိုက်သော ယုန်အရှင်ကိုလည်း ဖမ်းရန်အတွက် တောထွက်ခဲ့ခြင်းဖြစ်သည်။ အိမ်ပြန်ရောက်သည့်အခါ ပါလာသော ယုန်အရှင်ကို ဇနီးအားပေးသည်။ ဇနီးကလည်း ယုန်ကို အရေခွာဆုတ်၍ ကျပ်ခိုးစင်ပေါ်တင်ကာ အခြောက်ခံသည်။ ယုန်သားခြောက်နှင့် ပန်းရန်နုဝါရွက် နုနုလေးကိုရောပြီး မှိုနာတို့ကိုထည့်ကာ အချိုအဖြင့် ဝါးနုကိုမီးရှို့၍ ပြာချထားသောပြာကို ဟင်းခပ်အဖြစ် အသုံးပြုကာ ချက်ပြုတ်ခဲ့သည်။ ဟင်းခပ်အဖြစ် အသုံးပြုခဲ့သော ဝါးပြာသည် သဘာဝကရရှိသော အကောင်းဆုံးဟင်းခပ်မှုန့်ပင်ဖြစ်သည်။ ကုန်းဘောင်ခေတ် အခြေခံလူတန်းစားတို့၏စားသောက်ပုံမှာ ခေတ်မီ၍ စနစ်ကျပုံမှာ အတုယူစရာကောင်းသည်။ ယနေ့ခေတ်မီတိုးတက်နေသော အချိန်အခါမျိုးတွင် အစားအသောက်ကို ခေတ်မီမီသာစားချင်ကြသည်။ ခေတ်မီ၍ ကျန်းမာသော စားသောက်နေထိုင်မှုကို လူအချို့သာ လုပ်ဆောက်နိုင်သည်။ ဆင်းရဲသားလူတန်းစားများအတွက် မီမီတို့ရရှိသော ဝင်ငွေကလေးနှင့် ဈေးပေါပေါရသော ဟင်းချိုမှုန့် ခေါ် အချိုမှုန့်ကို ဝယ်ယူစားသုံးနေရသော အနေအထားဖြစ်နေပါသည်။ ဈေးများတွင် မသန့်ရှင်သော အစားအစာဆိုးဆေးများကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဌာနက အရေးယူမှုပြုသလို ဈေးပေါပေါနှင့်ရောင်းချနေသော ဟင်းချိုမှုန့် ခေါ် အချိုမှုန့်များကို ဈေးများတွင် ရောင်းချမှုမပြုရန် အပြင်းအထန်တားမြစ်ကန့်ကွက်အရေးယူရမည်ဖြစ်သည်။ သို့မှသာ ဈေးကွက်အတွင်း ရောက်ရှိနေသော အင်မတန် အန္တရာယ်ရှိသည့် ဟင်းချိုမှုန့် ခေါ် အချိုမှုန့်များ တဖြည်းဖြည်းပျောက်ကွယ်သွားမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ တိုးတက်ဖွံဖြိုးရေးအတွက် ကျန်းမာရေးကဏ္ဍသည်လည်း အလွန်အရေးကြီးလှသည်။ ယနေ့ခေတ်အခါတွင် လူကြီး လူလတ် လူငယ်မရွေး မြိန်ရှက်စွာ စားသုံးနေရသည့် အချိုမှုန့် ခေါ် ဟင်းချိုမှုန့်များနေရာတွင် သဘာဝကရရှိသောဟင်းခပ်စရာကိုသာ စနစ်တကျ စားသုံးရန် မိမိတို့ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်ရမည်ဖြစ်သည်။ ယခုဆောင်းပါးကို ဖတ်မိသူများအတွက် အချိန်မီပြင်ဆင်နိုင်ပါက သဘာဝကရရှိသော 'ချိုပေစွ ဟင်းချို' ကို စားသုံး၍ ကျန်းမာအသက်ရှည်သော ဘဝများကို ပိုင်ဆိုင်နိုင်မည်မှာ အမှန်ပင်ဖြစ်သည်။ ကျန်းမာ၍ ဘေးကင်းသော ပြည်သူပြည်သားများ ဖြစ်ကြပါစေရန် ဆန္ဒပြုပါသည်။ MSU-007
👍 kozwe4, khine, knhk, htoolay, eduagf1, lindamary, sunendra, vspace, princejain123, cheerylay, minthike, laminmin, rhjibon17, emon366, winoo, redencion123, freeline760, kyawphyo, angry0historian, minpine, zinnech, mcandceo, eduagf2, derwinaugustus, haluzerit, emmaeliza, jarradlevi, jameshlaing, pakoman, cryptos999, robbiescorner, yeldriminegra, dante1, sayaraungko96, rabin55, aungsuccess, rahit47, gabriel-kyd, yehtetaung, sbi2, kokhay, happyfamilysteem, phyo, khayko, naingwin, nandarlay, saytan, thuzar, mcphyowaili, mastergyi, winlay, khaykoko, waihinoo, sumyatthwe, naingyan, zawphyonaing, shwesin, ngwesoe, ngaye, acid231, aungaungcc70, zawphyocc70, zawphyocc60, phoeset, sann.mgy, san.mgy, pann, sattpaing, juliusseaser, mamamyanmar, umarsuperb, kiraxoy, hnineikhaing, dpakyaw, kyawkhaing9, az88822, shakesthemix, ryanma0723, cmalescov, tup.crypto, kibriakk, xomegax, rossilay, khaylay, kokokhay,