တွေးမိတာလေး(၅)
myanmar·@koayezaw·
0.000 HBDတွေးမိတာလေး(၅)
 ကျနော်ခရီးသွားတစ်ယောက်ပါ။ လမ်းသွားရင်း အဝေးကိုငေးမိလို့ ခလုတ်တိုက် ခြေချော် လဲခဲ့ဖူးတယ်။ ကျနော်ခရီးသွားတစ်ယောက်ပါ။ မသိတဲ့နေရာတွေကို မေးမြန်းပြီးသွားလာခဲ့ဖူးတယ်။ ကျနော်ခရီးသွားတစ်ယောက်ပါ။ ရေဆာတဲ့အခါ အနီးအနားမှာ ရေချမ်းစင်လေးများရှိလေမလားဆိုပြီး ရှာဖွေခဲ့ဖူးတယ်။ အမှန်တစ်ကယ်မှာတော့ ခရီးသွားရင်း ရှုမျှော်ခင်းတွေကိုငေးကြည့်ရတဲ့အရသာဟာလည်း ဘယ်အရာနဲ့မှမလဲနိုင်ပါဘူး။ ဖန်တီးထားတဲ့သဘာဝထက်၊ သဘာဝကျတဲ့ သဘာဝသည်သာ အလှပဆုံးနဲ့အေးချမ်းမှုအပေးနိုင်ဆုံးပါပဲ။ ယခုအချိန်မှာ သဘာဝတရားကြီးကိုပုံစံတူ ပန်းဥယျာဉ်တွေ ၊ မြတ်ခင်းစိမ်းစိမ်းတွေကိုဖန်တီးလာကြပေမယ့် သဘာဝတရားကိုတော့ ဘယ်လိုမှလိုက်မမှီနိုင်ပါဘူး။ ကျနော်အဝေးကို ငေးကြည့်ရတာကိုနှစ်ခြိုက်တယ် အဝေးကအရာတွေဆီကိုလည်း ရောက်အောင်သွားချင်မိတယ်။ နေရာတစ်နေရာထဲမှာအစဉ်အမြဲနေထိုင်နေလို့တော့ အရာရာဟာ အသစ်သစ်တွေမဖြစ်ထွန်းလာနိုင်ဘူးလို့ထင်တယ်။ အခြားဒေသကလူတွေက ကျနော်တို့ ဒေသဆီကိုလာမယ်။ ကျနော်တို့က သူတို့နေထိုင်ရာဒေသတွေဆီသွားမယ်။ လူဆိုတာဘယ်လိုပဲလိုအင်ဆန္ဒတွေကိုဖြည့်ဖြည့်၊ နောက်ထက် လိုချင်တဲ့အရာတွေ၊ ဆန္ဒတွေဟာ ထပ်ထပ်ပြီးဖြစ်ပေါ်နေအုံးမှာပဲမဟုတ်လား။ ဒီတော့ခရီးထွက်မယ်ဗျာ။ လူကိုယ်တိုင်မသွားနိုင်လည်း စိတ်ကူးနဲ့တော့အရင်ရောက်အောင်သွားမယ်။ မသိတဲ့အရာတွေကတော့ လောကကြီးထဲမှာများပါ။ကျနော်က အခြားသူတွေထက်ကို မသိတာပိုများပါတယ်။ သို့ပေမယ့် ခရီးသွားရင်း မသိတဲ့နေရာတွေမေးမယ်။ နောက်တော့ မေးရင်းနဲ့ သိမြင်လာရမယ်မဟုတ်လားဗျာ။ ခရီးသွားရင်လည်းကိုယ့်အတွက် ရေတစ်ဘူးကတော့အမြဲဆောင်ထားသင့်ပါတယ်။ ထမင်းအသက် ခုနှစ်ရက်၊ ရေအသက်က တစ်မနက်လို့ ဆိုထားတယ်မဟုတ်ပါလား။ ဒါပေမယ့်နှစ်ခုစလုံးက မရှိရင်မဖြစ်သောအရာတွေပါပဲ။ ခရီးသွားရင်း သောက်ရေကုန်နေရင် အတော်လှမ်းလှမ်းနေရာတွေအထိအရင်ဦးဆုံးရှာဖွေမိတာကတော့ ရေအိုးစဉ် ၊ ရေချမ်းစဉ်လေးတွေပါပဲ။ ပိုက်ဆံရှိရင် အရာရာကိုလုပ်ဆောင်နိုင်တာမှန်ပေမယ့် ပိုက်ဆံရှိတိုင်းဝယ်မရတဲ့ခရီးတစ်ခုကိုရောက်နေရင်တော့ ဘယ်အရာကပိုတန်ဖိုးရှိလည်းဆိုတာကိုသိလာရမှာပါ။ တန်ဖိုးဆိုတာလည်း နေရာဒေသနဲ့အချိန်အခါကိုလိုက်ပြီးပြောင်းလဲနေပါတယ်။ ဒါကြောင့် ဘယ်အရာကိုမှ ပုံသေတသမက်ထဲ သတ်မှက်မထားသင့်ပါဘူးဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။... **ဖတ်ရှုပေးသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။** @koayezaw