ကြမ္မာအလှည့်အပြောင်းနှင့်ချစ်သောဆောင်း (အပိုင်း ၁)
myanmar·@koayezaw·
0.000 HBDကြမ္မာအလှည့်အပြောင်းနှင့်ချစ်သောဆောင်း (အပိုင်း ၁)
ကံကြမ္မာအလှည့်အပြောင်းဆိုတာ တစ်ကယ်ကို အပြောင်းလဲလွယ်တာပါလား..... မနေ့ကပဲ သူနဲ့ကျနော် ပြုံးရွှင်စွာနဲ့စကားတွေဖောင်ဖွဲ့အောင်ပြောလို့ ကော်ဖီဆိုင်လေးတစ်ခုမှာ ကော်ဖီပူပူနွေးနွေးလေးနဲ့ ချစ်သူနှစ်ဦးရဲ့ အချစ်ချိုချိုတို့ကိုပေါင်းစပ်လို့ ပျော်ရွှင်နေခဲ့ရတယ်လေ။ ဒီနေ့မှာတော့.....သူ.... ဘယ်ဆီကိုရောက်ရှိသွားခဲ့တာလည်း....... ဘယ်ဆီကို ရှောင်ပုန်းသွားခဲ့ရတာလည်း.... အဖြေတစ်ခုကို ကျနော်ရှာဖွေမတွေ့ရှိခဲ့ရပေမယ့် သေချာတာတစ်ခုက သူနဲ့ကျနော်အဆက်အသွယ် လုံးဝပြတ်တောက်သွားခဲ့ရပါတယ်။ နောက်ထပ်သေချာတာတစ်ခုက သူရော ကျနော်ပါ ဝမ်းနည်းပူဆွေးနေကြရပါအုံးမယ်.... ကျနော်နဲ့သူဆိုတာက ငယ်ငယ်လေးကတည်းအတူတူကြီးပြင်းလာကြရတဲ့ ငယ်ပေါင်းသူငယ်ချင်းတွေမဟုတ်ခဲ့ရပေမယ့်...ကျွန်တော်တို့ဆုံတွေ့ခဲ့ကြတဲ့နှစ်က မှက်မှက်ရရ ရှစ်တန်းတက်တဲ့နှစ်ကပါ။ အဲ့ဒီနေ့က သူနဲ့ကျနော် လူချင်းဝင်တိုက်မိရာက ခင်မင်သွားခဲ့ရတာပါ။ ခင်မင်သွားတယ်ဆိုလိုလည်း ချက်ချင်းကြီးခင်မင်သွားခဲ့ရတယ်လို့မထင်ပါနဲ့ သူရောကျနော်ပါ ဗြုန်းကနဲဆို လူချင်းဝင်တိုက်မိတာဆိုတော့ နှစ်ဦးစလုံးဒေါသတွေထွက်ပြီး ရန်တွေ့တော့မယ့်အမူအရာဖြစ်သွားခဲ့ရတာမို့ ကျနော်တို့ဘေးက သူငယ်ချင်းတွေက ကျနော်တို့နှစ်ယောက်ကို ဝိုင်းပြီး ဆွဲခဲ့ တားခဲ့ရပါသေးတယ်။ အမှန်တစ်ကယ်မှာ ကျနော်တို့လည်း ရန်မဖြစ်တက် စိတ်မဆိုးတက်ပဲ ပျော်ပျော်သာနေတက်တဲ့သူတွေပါ။ ကျနော်တို့ ဒေါသထွက်ရတဲ့အကြောင်းရင်းကဒီလိုပါ။ ကျနော်ရော ကျနော့သူငယ်ချင်းတွေရောက ပြိုင်ဘက်တွေပါ အခြားတော့ပြိုင်တာမဟုတ်ပါဘူး။ ကျောင်းစာသင်ခန်းထဲမှာ အဆင့်အလိုက် မုန့်ဝယ်ကျွေးရမယ်ဆိုပြီးပြိုင်ကြတာပါ။ အဆင့်တစ်ရတဲ့သူကတော့ အေးဆေးညိမ့်နေလို့ရတာပေါ့။ အဆင့် နှစ် သုံး လေး သမားတွေက တစ်ဆင့်တစ်ဆင့်ဝယ်ကျွေးကြရတာပါ။အဆင့်ဆိုတာကလည်း အမြဲတမ်း တစ်နှစ်သုံးလေးမှာ ပုံသေမှက်လို့မရတာမို့ အဆင့်အနည်းအများပေါ်မှာသာမူတည်ပြီးတော့ မုန့်ဝယ်ကျွေးစေခဲ့တာပါ။ မတရားတာလည်းမဖြစ်ရလေအောင် ကိုယ့်ထက်အဆင့်သာတဲ့သူတစ်ဦးကိုပဲ ဝယ်ကျွေးရတဲ့ပုံစံ ပြိုင်ကြတာပါ။သူငယ်ချင်းတွေထဲမှာ အဆင့်အကောင်းဆုံးသူကတော့ ပိုက်ဆံမကုန်ပဲ မုန့်စားနိုင်ပြီပေါ့ဗျာ။ ဘာကိုဝယ်ကျွေးရမလည်းဆိုလည်းသတ်မှက်ထားပြီးသားပါ။ ကျနော်တို့မှာ ကျနော်အပါအဝင် သူငယ်ချင်းတွေက စုစုပေါင်း ငါးယောက်ပါ။ အမှန်က ကျနော်တို့သူငယ်ချင်းငါးယောက်စလုံးက ချမ်းသာတဲ့မိသားစုက ပေါက်ဖွားလာတဲ့သူတစ်ယောက်မှမပါကြပါဘူး။ မိဘရဲ့အလုပ်လေးတွေဝိုင်းကူကြရင်း ကျောင်းစာသင်ကြားရင်း အတန်းထဲမှာ ကိုယ့်ကကိုယ် ပြိုင်ပွဲလေးကိုဖန်တီးထားကြတာပါ။ တစ်ခါတစ်လေမှာတော့ ပြိုင်ပွဲသဘောတရားအရ နိုင်တဲ့သူက ရှိခဲ့ပေမယ့် ပိုက်ဆံမလောက်ငှတဲ့အခါမှာ ကျနော်တို့ငါးယောက်စာ အစားအစာတွေကို အိပ်နဲ့သာ ဝယ်ယူပြီး မုန့်ဈေးတန်းနဲ့ အနည်းငယ်လှမ်းတဲ့နေရာမှာ ခွဲဝေစားသောက်ကြရပါတယ်။ အဲ့ဒီအချိန်မှာတော့ အဆင့်နည်းတာများတာတွေထက် လက်ထဲရှိတဲ့ မုန့်ဖိုးလေးတွေကို စုပေါင်းပြီး ဝယ်စားလိုက်ကြတာပါပဲ။ ဆိုင်မှာလည်းအကြွေးဆိုတာမရှိစေရပါဘူး။မရှိရင် ရှိသလောက်နဲ့သာ သူငယ်ချင်းတွေဝေမျှစားသောက်ကြပါတယ်။ ကျတော်တို့ရဲ့ဘဝဟာ ပြိုင်ဘက်တွေဆိုတာ တိုးတက်ကောင်းမွန်တဲ့အလုပ်တွေကို ညှိနှိုင်းဆောင်ရွက်ကြရင်း တစ်ဦးနဲ့တစ်ဦး ပိုမိုထူးချွန်လာကြရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့လည်း ယှဉ်ပြိုင်နေကြတာဖြစ်ပါတယ်။ ရှစ်တန်းအရွယ်ကျောင်းသားလေးတွေဆိုပေမယ့် စာတော်ကြတယ် သူငယ်ချစ်တွေစည်စည်းလုံးလုံးချစ်ချစ်ခင်ခင်နေကြတာတွေကြောင့် ဆရာဆရာမတွေရဲ့ အလေးထားခြင်း ချစ်ခင်ခြင်းတွေကိုခံကြရပါတယ်။ မမှန်မကန်လည်းမလုပ်တက်ပဲ မဟုတ်မခံစိတ်ဓာတ်တွေလည်းရှိကြတာမို့ ရန်မဖြစ်ခဲ့ဖူးကြပေမယ့် တစ်ခါတစ်လေ စကားစစ်ပွဲတွေလည်း ဆင်နွှဲကြရပါသေးတယ်။ ကျနော်နဲ့ လူချင်းဝင်တိုက်မိတဲ့ကောင်မလေးနဲ့ ဝင်မတိုက်မိခင်အချိန်တုန်းက ကျနော်တို့သူငယ်ချင်းငါးဦး စုပေါင်းထားတဲ့ငွေကြေးလေးနဲ့ စားစရာလေးတေ့်ကိုဝယ်ယူထားတာကို မုန့်ဈေးတန်းနဲ့ခပ်ဝေးဝေး ကျောင်းဝန်းကြီးရဲ့တစ်နေရာ အရိပ်ရတဲ့သစ်ပင်ကြီးတစ်ပင်အောက်မှာ စာကျက်ရင်းစားကြမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ခပ်သွက်သွက် လမ်းလျှောက်လာမိကြရင်း တိုက်မိကြတာပါ။ သူနဲ့တိုက်မိလို့ ကျနော်တို့ ဝယ်လာတဲ့စားစရာတွေဟာ မြေပြင်ပေါ်ကိုအကုန် ပွစာကျဲလျက်ကျကုန်ရပါတယ်။ မရှိစုမယ့်စုလေးနဲ့ဝယ်ထားတာလေးတွေဆိုတော့ နှမြောဒေါသောဖြစ်မိသွားတာပေါ့ဗျာ။ ကောင်မလေးဘက်ကတော့ သူကိုင်လာတဲ့A4စာရွက်တွေ မြေပေါ်ပြန့်ကျဲကုန်လို့ ဒေါသထွက်သွားရပုံပါပဲ။ နှစ်ဦးသား ဒေါသထွက် စကားများကြတော့မယ့်အခြေအနေကနေ ချက်ချင်း တိတ်ဆိတ်သွားရတဲ့ အကြောင်းရင်းက အဲ့ဒီအချိန်မှာ ကျောင်းအုပ်ဆရာကြီးက အနီးနားကိုရောက်လာလို့ပါပဲ။ ဆရာကြီးက အခြေအနေကို ရိပ်စားမိဟန်တူပါတယ် ကျနော်တို့ဆီကို တိုက်ရိုက်ပဲရောက်လာပြီး ကျနော်တို့ သူငယ်ချင်းငါးယောက်နဲ့ ကောင်မလေးတို့အဖွဲ့ကို မိတ်ဆက်ပေးပါတယ်။ ကျောင်းအုပ်ကြီးက ကျနော်တို့ကို ကောင်းကောင်းသိတာမို့ ကျနော့ကို "သား..ဝေမင်း စိတ်မဆိုးနဲ့ကွ အခုမင်းနဲ့တိုက်မိတဲ့သူကတော့ အခြားမဟုတ်ဘူး မင်းတို့အဖွဲ့နဲ့ပြိုင်လို့ရတဲ့ မင်းတို့ရဲ့ပြိုင်ဘက်အသစ်ပဲ... စိတ်မဆိုးပဲ ချစ်ချစ်ခင်ခင်နေကြနော် သား.... သူက အခုမှ ဒီကျောင်းကိုပြောင်းလာတာပါ။ ဒီနေ့မှာ အခြားအခန်းမှာခဏထားထားပေမယ့် အရာရာမှာ တိုးတက်လာစေဖို့ မင်းတို့ရှိတဲ့ Bခန်းဆီကို မနက်ဖြန်ကြရင် စာရင်းပေးပြီး ပြောင်းခိုင်းလိုက်မယ်။ သူ့အမည်လည်းမှက်ထားပေါ့... ဒီသမီးလေးရဲ့အမည်က ဖြူနှင်းတဲ့။ သဘောလည်းကောင်း သည်းခံစိတ်လည်း ရှိပါတယ်။ ဒါပေမယ့် စာပေနဲ့ပတ်သတ်လာရင်တော့ သည်းမခံတက်ဘူး။အဲ့ဒါကြောင့်လည်း ရန်မဖြစ်ရလေအောင် ဆရာက လာပြီးတားရတာပါ။... သမီးလေး ဖြူနှင်းကလည်း မှက်ထားအုံးနော် ဒါသမီးရဲ့ပြိုင်ဘက်ဖြစ်လာမယ့် ဝေမင်းတဲ့”.... ကျောင်းအုပ်ဆရာကြီးက ကျနော်တို့ကို မိတ်ဆက်ပေးပြီး အချင်းချင်း ချစ်ချစ်ခင်ခင်နေကြဖို့ပါမှာကြားရင်း ကျောင်းထဲသို့ဝင်ရောက်သွားပါတော့တယ်။ ကျနော်တို့အဖွဲ့နဲ့ ဖြူနှင်းတို့အဖွဲ့ပဲ စကားပြောရင်းကျန်ခဲ့ကြပါတယ်။ ဖြူနှင်းကတော့ ခုနက လွင့်ကျသွားတဲ့စာရွက်တွေကို ကျနော်တို့ရော သူတို့သူငယ်ချင်းတွေပါဝိုင်းဝန်း ကောက်ပေးခဲ့ကြပြီးဖြစ်တာမို့ အဆင်ပြေသွားခဲ့ပေမယ့် လွင့်ကျပြန့်ကျဲသွားတဲ့ကျနော်တို့ရဲ့အစားအသောက်တွေကိုတော့ အမှိုက်ပုံးထဲ အခုမှ ထည့်ဖြစ်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့အမှိုက်ကတော့ ကိုယ်ပဲရှင်းကြရမယ်မဟုတ်ပါလားဗျာ။ ကျောင်းရဲ့ပတ်ဝန်းကျင် သာယာလှပရေးအတွက်က ကျောင်းသားတိုင်းမှာတာဝန်ရှိတယ်မဟုတ်ပါလား။ ကျနော်တို့ စားစရာတွေစားစရာမရှိတော့ပေမယ့် ဖြူနှင်းကို ကျနော်တောင်းပန်လိုက်ပါတယ်။ "ဖြူနှင်းရေ ကျနော်တောင်းပန်ပါတယ်ဗျာနော် ကျနော်တို့စိတ်လောလို့ဖြစ်သွားရတဲ့အတွက်ခွင့်လွှတ်ပါဗျာ” ”ဪ မဟုတ်တာပဲ ကိုဝေမင်းရယ် ကျမတို့ဘက်ကလည်းမှားတာပါပဲ ဒါကြောင့် အပြန်အလှန်ကျေအေးလိုက်ကြမယ်လေနော်” တဲ့...... ကျနော်တို့လည်း ဝမ်းသာစွာနဲ့ပဲ မနက်ဖြန်မှာ တစ်ခန်းထဲအတူတူစာသင်ကြရမယ့် အတန်းသူအသစ်လေးကို ကြိုဆိုလိုက်ကြပါတယ်။ ဒါပေမယ့်ကျနော်တို့ စားစရာတွေမရှိတော့ ငတ်ကြပြီလေ။ မတက်နိုင်ဘူး ဆိုပြီးလှည့်အလာမှာတော့ ဖြူနှင်းက ကျနော်တို့ကို လှမ်းခေါ်ပါတယ်။ "ကိုဝေမင်းရေ ကိုဝေမင်းတို့က ဒီတိုင်းသွားကြတော့မလို့လား ကျမတို့အလျော်ပေးရအုံးမယ်လေ ” ကျနော်သိပ်ပြီး သဘောမပေါက်လိုက်ပါဘူး ကျနော်တို့တွေချင်း ကျေအေးပေးခဲ့ကြပြီပဲလေ။ ဆက်ရန်...... ဖတ်ရှုပေးလို့ကျနော် @koayezawမှ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။  Writer- Moe Hlwan Thu Post - @koayezaw
👍 koayezaw, nweoomon, susankianim, kingkong111, sorryboys, marty1119, smartmuzhik, tania5804, pavellut232, nostalgic, deadpool66, tasoderf, deuce18, philip17, lide, dmitriynn, ninok, zelix, bestorbad, apriori, thinkaboutit, irina19, vova33, fiksik, bitcoinsale, snake78, southsidesuicide, sergachov, vitaliy77, alexbalon, denislazarev, vasilisa83, ckaut, earnestcar, eduard999, azimiro, dmiton, tainika, mshahabi, fiftysixnorth, meherin, kryptoblogger, alphacore, lukebrn, neander-squirrel, thomasgutierrez, skycranehandwork, monomyth, myjourney, scylogo, troopaloop, francis.melville, wakeupjohnny, qberry, vandrei.razvan, manfoundstanding, ourdailyboard, adept, sandisk, aghunter, ikrahch, cryptoburner, imacryptorick, seer, motoengineer, postpromoter, myanmarrose, khunnayhla, steemitboard, nyinyiwin,