ရည်းစားဟောင်းတွေကို ကျေးဇူးတင်လိုက်ပါ...🙏
love·@kohtoo·
0.000 HBDရည်းစားဟောင်းတွေကို ကျေးဇူးတင်လိုက်ပါ...🙏
ရည်းစားဟောင်းတွေကို ကျေးဇူးတင်လိုက်ပါ...🙏 အချိန်ကာလတခုက ရည်းစားတစ်ယောက် ထားခဲ့ဖူးတယ်😔 ရည်းစားဖြစ်ခါစတုန်းကတော့ လမ်းမခွဲဘူးနော်လို့ သူကချည်းပဲ အရင်စပြီး ကတိတွေ တောင်းတယ်😞 ထားမသွားပါဘူးလို့လည်း သူကချည်းပဲ ကတိအရင်ပေးတယ်😟 ကိုယ်ကလည်း ယုံကြည်မှုတွေကို အလုံးအရင်းနဲ့ ထိုးပေးခဲ့တယ်😌 ကြာလာတော့အချိုးတွေပြောင်းလာတရ်😒 သင်ခန်းစာ ရသွားတယ်🤗 ( ချစ်သူနှစ်ဦးမှာ ကတိအရင်ပေးတဲ့သူ ကတိအရင်တောင်းတဲ့သူကမှ ဖောက်ပြန်တဲ့သူ ဆိုတာကို ) စုံစမ်းကြည့်လိုက်တော့ နောက်တစ်ယောက်ရနေတယ် ဆိုတာကို သိလိုက်ရတယ်😏 သိသိချင်း သေမလောက်ခံစားရသလို အရမ်းလည်း ဒေါသထွက်နာကျင်ခဲ့မိတယ်😥 ဒါပေမယ့် သင်ခန်းစာရသွားတယ်😎 ( ယုံကြည်မူဆိုတာ ဖောက်ပြန်ဖို့အတွက် မွေးဖွားလာတဲ့ စကားလုံးဆိုတာကို ) ဖောက်ပြန်နေတာ သိလိုက်တော့ ဒေါသထွက်ပြီးတော့ ပြတ်မယ် လမ်းခွဲမယ်လို့ ဆုံးဖြတ်ချက်ချခဲ့မိတယ်🙂 တကယ်တမ်းကျတော့ မပြတ်နိုင်တာက ကိုယ်ကိုယ်တိုင် ဖြစ်နေမှန်းသိလိုက်တော့ နောက်တစ်ယောက် မထားပါနဲ့😂 အရင်တုန်းက သံယောဇဉ် မျက်နှာလေးတွေ ထောက်ပြီး ဖောက်ပြန်နေတာကို ရပ်ဆိုင်းပေးပါလို့ ဆိုပြီး သိသိကြီးနဲ့ အနူးအညွှတ်တောင်းပန်မိတရ်😬 ထပ်ပြီးတော့ သင်ခန်းစာရလိုက်တယ်😊 ( မပြတ်သားတဲ့အခါ အမှတ်မထားတဲ့အခါ အကြိမ်ကြိမ်အခါခါ နာကျင်ရတယ်လို့ ) သူ့ဘက်က တဖြည်းဖြည်းနဲ့သွေးအေးပြီး အဆက်အသွယ်တွေ ဖြတ်လာပေမယ့် ကိုယ်ကတော့ နည်းမျိုးစုံနဲ့ ဆက်သွယ်မိတယ်📞 Sms ပို့တော့လည်း Reply မပြန် ဖုန်းခေါ်တော့လဲမကိုင်နဲ့ ရှောင်လွဲနေခဲ့တယ်😣 ထပ်ပြီးတော့ သိလိုက်ရတယ်👍 ( ဖောက်ပြန်တတ်တဲ့သူတွေက အမှန်တရားနဲ့ထိပ်တိုက်တွေ့မှာကို သေမလောက်ကြောက်နေတတ်တယ် ဆိုတာကို ) နောက်ဆုံး လုံးဝသည်းမခံနိုင်တဲ့ အဆုံးကျတော့ မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေတဲ့ ကိုယ်ကို ပြန်ပြီးသနားမိတာနဲ့ပဲ😟 ကိုယ့်နှလုံးသားကို ကိုယ်ကိုယ်တိုင်ပဲ တိုက်ပိတ်ပြီး ထောင်သွင်း အကျဉ်းချပစ်လိုက်တယ် ကိုယ့်ဘက်က အဆက်သွယ်ဖြတ်တယ်👍 ကိုယ်ဘက်ကနေ မခံစားနိုင်တဲ့အဆုံး အဆက်သွယ် ဖြတ်ပြီးခါစတုန်းကတော့ လုပ်ဇာတ်ခင်းခဲ့တဲ့ သူ့လုပ်ရပ်ကို တွေးမိတိုင်း ဒေါသကထွက်နေတုန်း သူ့ကို ပြန်ပြီးကလဲ့စားချေမယ်လို့ ဆုံးဖြတ်မိတရ်😠 နောက်မှ သိလိုက်ရတာက ( ကလဲ့စားချေတာထက် ဥပေက္ခာပြုတဲ့နည်းက ပိုထိရောက်တယ် ဆိုတာကို ) ဒီစာကို Shareတာ နင်မြင်တဲ့အခါ နင့်ကို သတိရနေတယ် ထင်ပြီး Feel တွေ သိပ်တတ်မနေပါနဲ့😏 ဒီစာ Share တာ နင့်ကို ကျေးဇူးတင်ကြောင်း ပြောချင်ရုံသက်သက်ပါပဲ။ ကျန်တာကတော့ နင်နဲ့ပတ်သတ်ပြီး No Feeling ပါပဲ👍 ဘဝမှာ ကိုယ့်ကို ရင့်ကျက်သွားအောင် သင်ခန်းစာဆိုးတွေနဲ့ အများဆုံး ပြုပြင်ပြောင်းလဲပေးသွားနိုင်တဲ့သူက နှစ်မျိုးပဲ ရှိတယ်🙂 ” ကိုယ်ကချစ်ရတဲ့သူနဲ့ ကိုယ့်ကိုချစ်တယ် ဆိုတဲ့သူ ” အခုချိန်မှာ အချစ်နဲ့ပတ်သတ်လာရင် ဆင်တူယိုးမှား အတုအပ အမှားအမှန် တွေကို ခွဲခြားပြီး သတိပြုမိအောင် ပါးစပ်ပါတိုင်း ချစ်တယ်လို့ လာပြောနေတဲ့ လူတိုင်းကို မယုံကြည်မိတော့အောင် သင်ခန်းစာတွေပေးသွားတဲ့ ရည်းစားဟောင်းဖြစ်တဲ့ ရည်းစားဟောင်း ကို တွေးမိတိုင်း ကျေးဇူးတွေ တင်နေမိတယ်...🤗