အချစ်

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@kok2·
0.000 HBD
အချစ်
ငါမရှိတဲ့ ဘယ်အရပ်မှာမှ 
မင်းနှုတ်ခမ်းလေး ပြုံးနေတာ ငါမကြိုက်ဘူး 
_
နေပူလည်း လောင်ပါစေ 
မိုးရွာလည်း စိုပါစေ 
ငါကလွဲရင် မင်းအပေါ်အရိပ်မိုးတာ 
တံစပ်မြိတ်လေးတောင် မဖြစ်စေချင်ဘူး 

ရပ်ဝေးပဲသွားသွား 
ရပ်နီးပဲသွားသွား 
ငါ့ခါးလေးပဲ ဖက်ထားစေချင်တာ 

ကလစ်လေးကအစ 
ကတ္တီပါပါးလေးအဆုံး 
ငါခွင့်မပြုရင် ဘာမှအသုံးမပြုစေချင်ဘူး 

အရုပ်လေးတစ်ရုပ်မဟုတ်လို့ ပြောနေရတာပါ 
ကော်ပတ်ရုပ်လေးဆို ဓာတ်ခဲပါဖြုတ်ထားမှာ

မျက်လုံးလေးဖွင့်လို့ ငါမရှိရင် 
အဲဒါကို နံနက်ခင်းလို့ နင်မယုံပါနဲ့။
_ ![image](https://img.esteem.ws/m9f28g092o.jpg)

@kok2
👍 , , , , , ,