ကျ​နော့်ဘဝ အ​တွေ့အကြုံများ (အပိုင်း ၁)

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@kolinn·
0.000 HBD
ကျ​နော့်ဘဝ အ​တွေ့အကြုံများ (အပိုင်း ၁)
![image](https://img.esteem.ws/xzoc1xttwi.jpg)
Steemit Myanmar အဖွဲ့သားများ အားလုံး မင်္ဂလာအ​ပေါင်းနဲ့ ပြည့်​စုံကြပါ​စေခင်​ဗျာ....

မနက်​မိုးလင်းအလုပ်​သွား ညမိုးချုပ်​မှ အိမ်​ပြန်​လာ အချိန်​​တွေရယ်​ ကုန်​မြန်လိုက်​တာ....

ဘာလိုလိုနဲ့ proရက်​​တောင်​ ပြန်​​ရောက်​လာပြီ   ဘာ​ရေးတင်​လို့ ​ရေးရမှန်းလည်း မသိ​တာနဲ့ ထုံးစံအတိုင်း ထိုင်းနိုင်​ငံ​ရောက်​ အ​တွေ့အကြုံ​တွေပဲ ​ရေးရ​တော့မှာ​ပေါ့ဗျာ....

တစ်​ခြား​ရေးစရာလည်း ကျ​နော့်​မှာ မရှိပါဘူး ဘာလို့ဆို​တော့ ကျ​နော့်​အသက်​ရဲ့ သက်​တမ်းတစ်​ဝက်​​ကျော်​​လောက်​က ထိုင်းနိုင်​ငံမှာပဲ ​နေလာခဲ့တာဆို​တော့ ကျ​နော်​​ရေးသားသည်​များကို မယုံတဲ့သူ​တွေက​တော့ ပုံပြင်​လို့သာမှတ်​ပါ ယုံတဲ့သူ​တွေက​တော့ ဗဟုသုတအ​နေနဲ့ပဲမှတ်​ပါခင်​ဗျာ....

လွန်​ခဲ့တဲ့ဆယ်​နှစ်​ဝန်းကျင်​ 2007ခုနစ်​​လောက်​က​ မှတ်​မှတ်​ရရ သင်္ကြန်​အတွင်း ဖြစ်​ပါတယ်​။ သူငယ်​ချင်းတစ်​​ရောက်​နဲ့အတူ ကျ​နော်​ ဘန်​​ကောက်​မြို့ထဲ ​လျှောက်​လည်​ကြတာ​ပေါ့ဗျာ...
 ![image](https://img.esteem.ws/kpgygv89sl.jpg)
 ![image](https://img.esteem.ws/bwvr4y2ajz.jpg)
 ![image](https://img.esteem.ws/o3plqc6ucx.jpg)
Photos Credit Google Images

ဘန်​​ကောက်​သင်္ကြန်​ဆို​တော့ ​အ​ပျော်​​တွေလည်းလွန်​ အလည်​​တွေလည်း လွန်​ကုန်​တာ​ပေါ့၊ ည​နေ​စောင်း​တော့ ဘန်​​ကောက်​ထဲမှာ ဘယ်​ကို​ရောက်​လို့ ဘယ်​​ပေါက်​မှန်းမသိ ပြန်​လို့လည်းမတက်​တာနဲ့ taxiငှါးပြီး ပြန်​ကြတာ​ပေါ့... taxi​ပေါ်တက်​လိုက်​တာနဲ့ ကားသမားက "ကျပိုင်​တုံနိုင်​ခပ်​" ဘယ်​သွားမလဲ​ တန်း​မေးတာ​ပေါ့ဗျာ... ကျ​နော်​လည်း ကိုယ်​သွားမယ့်​ လိပ်​စာနေရာအတိကျ​ပြောပြလိုက်​တယ်​။

ဒီလိုနဲ့ taxiစီးလာတာ ကျ​နော်​​တို့​နေတဲ့ ​နေရာ မ​ရောက်​ခင်​မှာပဲ... ကားသမားက ကားမှာ အသင့်​ပါတဲ့ ​ရေဒီယိုစက်​နဲ့ ဘယ်​ကိုလှမ်း​ပြောပြီး​တော့ ဘာ​တွေ​ပြော​နေမှန်းလည်းမသိဘူး ဒါနဲ့ ကျ​နော်​လည်း ကားသမား ဘာ​တွေ​ပြောလည်းဆိုပြီး သေချာနား​ထောင်​ကြည့်​လိုက်​တာ ကားသမား​ပြော​နေတာက ကျ​နော်​နားလည်​တဲ့ ယိုးဒယားစကားမဟုတ်​ဘူးဗျ၊ ကားသမားက အီဆန်​လို​ပြော​နေတာ အီဆန်​ဆိုတာ ထိုင်းနိုင်​ငံအတွင်း ​နေထိုင်​ကြတဲ့ တိုင်းရင်းသားလူမျိုးဖြစ်​တယ်​။ အီဆန်​စကားကို ကျ​နော်​နားမလည်​​ပေမယ့်​ အီဆန်​​တွေအ​ကြောင်းကို​တော့ ​လေ့လာရ​သ​လောက်​ အနည်းကျဉ်း​တော့ သိပါတယ်​။ အီဆန်​​တွေဟာ စကား​ပြောတဲ့အခါ နှာအသံနဲ့ဗျ နားကြားပြင်းကပ်​စရာကြီး၊ ပြီး​တော့ အီဆန်​​တွေ စားတဲ့ထမင်းက ကျ​နော်​တို့​တွေစားတဲ့ ဆန်​ထမင်းမဟုတ်​ဘူး ​ကောင်းညှင်းစားကြတာပါ။(ဒါနဲ့ ​ရေးတဲ့စာ ဘယ်​နား​တောင်​ ​ရောက်​သွားပြီလည်းသိဘူး)

ကားသမားက ​ရေဒီစက်​နဲ့ စကား​ပြောလိုက်​ ကျ​နော်​တို့ နှစ်​​ယောက်​ကို ဘက်​ကြည့်​မှန်​က​နေ လှမ်းရှိုးလိုက်​နဲ့။ ကျ​နော့်​စိတ်​ထဲ တစ်​မျိုးဖြစ်​လာတယ်​ ကားသမားကြည့်​ရတာ မရိုးသားဘူး ဘာလဲ ဘာလဲ​ပေါ့... (ဘန်​​ကောက်​မှာ spyကားtaxiသမား​တွေ​ပေါတယ်​)

ဒီလိုနဲ့ သိပ်​မကြာခင်​မှာပဲ ကျ​နော်​ ကားသမားကို​ပြောတဲ့ လိပ်​စာ​နေရာကို ​ရောက်​လာတယ်​။ကျ​နော်​ကားခရှင်းဖို့အတွက်​ မီတာဘုတ်​ကိုကြည့်​လိုက်​တယ်​ ကျသင့်​​ငွေ​ပေးပြီး​တော့ ကား​ပေါ်က​နေဆင်းလိုက်​တယ်​။ဘယ်​အချိန်​က ဘယ်​လို ​ရောက်​လာမှန်းမသိတဲ့ ပုလိပ်​ကားက ကျ​နော်​တို့​ဘေးမှာ တန်းပြီး​တော့ ရပ်​ပါ​လေ​ရော... 

ပထမက​တော့ မှင်​နဲ့ခပ်​တည်​တည်​ပဲ လမ်း​လျှောက်​သွားတာ​ပေါ့ ပုလိပ်​နှစ်​​ကောင်​ ကား​ပေါ်က​နေ ဆင်းလာပြီး အ​နောက်​က​နေ ကျ​နော်​တို့ကို လှမ်း​အော်​​ခေါ်ပြီး​တော့ လိုက်​လာတယ်​။ကျ​နော်​နဲ့အတူပါလာတဲ့ သူငယ်​ချင်းတစ်​​ယောက်​က အ​ခြေ​နေမဟန်​မှန်းသိတာနဲ့ တင်​ပါးနဲ့ဖ​နှောင့်​ တစ်​သားတည်းကျ​အောင်​လှစ်​ခနဲ​ ထွက်​​ပြေးလိုက်​တာ ကျ​နော်​​တောင်​ မသိလိုက်​ဘူး မြန်​မှမြန်​ပဲ။ ဒါနဲ့ ကျ​နော်​လည်း ထွက်​​ပြေးမယ်​အလုပ်​..... ​သေစမ်း သင်္ကြန်​ကဲထားတာ တစ်​ကိုယ်​လုံး​ရေစိုထားတယ်​ ဝတ်​ထားတာကလည်း ဂျင်း​ဖောင်းဘီရှည်​နဲ့ ​ဝေါကင်းရှူး ဒီကြားထဲ ​သောက်​ထားတာ​လေးကလည်း ရှိ​နေ​တော့... ​ပြေးမယ်​လုပ်​ရုံရှိသေး ​ချော်​လဲပြီး ပုလိပ်​ဖမ်းခံရပါေ​လ​ရောဗျာ။

ကျ​နော့်​သူငယ်​ချင်းက​တော့ အ​ပြေး​ကောင်း​တော့ လွတ်​သွားတယ်​။ဘယ်​တစ်​​ယောက်​ ညာတစ်​​ယောက်​ ပုလိပ်​နှစ်​​ကောင်​ညှပ်​ပြီး​တော့ ကျ​နော့်​ကိုချုပ်​ထားတယ်​ ပြီး​တော့ ကျ​နော့်​ကို ကား​အ​နောက်​ခန်းထဲထည့်​ပြီး​တော့ ​မောင်းထွက်​သွားတယ်​။ 

ပုလိပ်​ဆိုတဲ့အမျိုးက သိတယ်​မဟုတ်​လား ထုံးစံအတိုင်း ​ငွေညှစ်​ဖို့အတွက်​ ကျ​နော့်​ကိုဖမ်းပြီး​တော့ ကား​ပေါ်တင်​ပြီး မြို့ထဲလိုက်​ပက်​​မောင်း​နေတာဗျ၊ မီးပွိုင့်​တစ်​ခုမှာ မီး​နီလို့ ​စောင့်​​နေတဲ့အချိန်...​ ပုလိပ်​နှစ်​​ကောင်​က ကားအ​ရှေ့ခန်းက ကျ​နော်​က အ​နောက်​ခန်းကဆို​တော့... ကားတစ်​ခါးဖွင့်​ပြီး​တော့ ကျ​နော်​ထွက်​​ပြေးဖို့အတွက်​ ကြိုးစား​သေးတယ်​ဗျ၊ ​သောက်​​ရေးထဲ ကားတံခါးက ဖွင့်​လို့မရဘူးဗျ ​လော့အ​သေချထားတာ အင်း​လေ ပုလိပ်​ကားဆို​တော့လည်း အလွယ်​တစ်​ကူနဲ့ ဘယ်​တွက်​​ပြေးလို့ရပါ့မလဲ။ ပုလိပ်​တစ်​​ကောင်​က ကျ​နော့်​ကို လှည့်​ကြည့်​ပြီး​တော့ "မင်းထွက်​​ပြေးဖို့ စဉ်းစားလည်းအပိုပဲ ထွက်​​ပြေးလို့ ထပ်​ပြီးဖမ်းခံထိရင်​ အမှု့ပိုကြီးသွားလိမ့်​မယ်​"ဆိုပြီး​တော့ ဖြဲ​ခြောက်​ပါ​လေ​ရော...။

ဆက်​လက်​​ရေးသားသွားပါမည်

ကျေးဇူးတင်ထိုက်သူများနှင့်တစ်ကွ steemitmyanmar အဖွဲ့သားများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။

MSC 160
Author: @kolinn
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,