Knowledgeable Reader

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@komoewai·
0.000 HBD
Knowledgeable Reader
![FB_IMG_1507365565496.jpg](https://steemitimages.com/DQmWqc6BQjZuDyN2RPoBdavKpf6sNSpr9JgciUa9aTT3jXG/FB_IMG_1507365565496.jpg)
< ဂတိနှင့်​ အဂတိ >အပိုင်း-၁
ဂတိဟူ​သော ပါဋ္ဌိပုဒ်​သည်​ဘဝ​ဘေဒ-​ဒေဝဂတိစ​သော.ဘဝအထူးအပြား၊ပတိဌ-တည်​ရာ၊နိဌာ-ဆုံးဖြတ်​ခြင်း၊အဇ္ဈာသယ-အလိုဆန္ဒ၊ဥာဏ-အသိဥာဏ်​ပညာ.နိဝါသဌာန-​နေထိုင်​ရာ၊ဂမနသွားခြင်း၊ဝိသဋ
ပြန့်​နှံ့ခြင်းဟူ၍အနက်​အဓိပ္ပါယ်​ရှစ်​မျိုးခန့်​အထိသုံးစွဲ​နိုင်​​သောပါဠိ​ဟောရဖြစ်​ပါသည်​။မြန်​မာ့ထုံးတမ်းစဉ်​လာတွင်​​၊​ရှေးအစဉ်​အဆက်​ကနှင့်​ယ​နေ့ထိတိုင်
ဗုဒ္ဓဘာသာဝင်​မြန်​မာနိုင်​ငံသားတိုင်းနား​ရေးဝ​နေ
ကြ​သောစကားလုံးများတွင်​၊ဂတိနှင့်​အဂတိဟူ​သော
စကားလုံး၂ခုလဲပါဝင်​ပါတယ်​။ဂတိဆို​သောစကားလုံးအားလူ​သေ၍ရက်​လည်​ဆွမ်းသွပ်​နာ​ရေး
များတွင်​ဆရာ​တော်​များတရား​ဟောကြားတိုင်း
ကြားနာကြရပါ၏။ထိုသို့ကြားနာကြရ၍နားရည်​ဝ
နေကြ​သောဂတိဆို​သောစကားလုံး​လေး၏အဓိပ္ပါယ်​ကိုမူယ​နေ့​ခေတ်​လူငယ်​လူရွယ်​များ​သေချာမသိရှိ
ကြပါ။လူတိုင်းသည်​​မွေးဖွားသည်​မှအစပြု၍၊ဘဝ
တစ်​ခုကိုစတင်​ကာ၊​သေဆုံးခြင်းပန်းတိုင်​သို့အားလုံး
လျှောက်​လှမ်း​နေကြရပါသည်​။အချိန်​တန်​လျှင်​မလွဲ
ဧကန်​ပင်​​သေဆုံးကြရပါမည်​။ထိုကဲ့သို့​သေဆုံးကွယ်​လွန်​ခဲ့​သော်​၊လူတိုင်းလားရာဘုံဘဝတစ်​ခုခုသို့
မိမိတို့ပြုလုပ်​ခဲ့​သော၊ကုသိုလ်​ကံ၊အကုသိုလ်​ကံအကျိုး​ပေးအရမဖြစ်​မ​နေသွားကြရပါမယ်​။ထိုကဲ့သို့ဘုံ
ဘဝတစ်​ခုခုသို့သွား​ကောက်​ခြင်းကိုပင်​၊ပါဠိဘာသာ
စကားဖြင့်​ဂတိဟူ၍​ခေါ်ဆိုကြသည်​။ထိုဂတိဟူ​သောစကားရပ်​နှင့်​ပတ်​သက်​၍၊မြတ်​စွာဘုရားရှင်​က
၃၁ဘုံ၌ရှင်​သန်​​နေထိုင်​ကုန်​​သော၊လူနတ်​၊ဗြဟ္မာ၊သတ္တဝါအားလုံးတို့သည်​​၊​ကွယ်​လွန်​​သေဆုံးခဲ့လျှင်
လားရာဂတိ(၅)မျိုးရှိ​ကြောင်းအား၊​ပေတသုတ္တန်​​ဒေသနာ​တရား​တော်​များတွင်​ထည့်​သွင်း​ဟောကြား
ခဲ့ပါတယ်​။ကျွနူ်​ပ်​တို့အားလုံးပင်​​ကွယ်​လွန်​​သေဆုံးခဲ့
သော်​၊ထိုဂတိ(၅)မျိုးတွင်​တစ်​ခု​သောဂတိဘုံသို့​ရောက်​ကြရမှာဖြစ်​၏။![FB_IMG_1508226991973.jpg](https://steemitimages.com/DQmYvsfoqtB4oEkQXMMWt1sGB1SkK9rsDysAZ4GNPWDPh6E/FB_IMG_1508226991973.jpg)
ထိုဂတိ(၅)မျိုးမှာ၁။ဒေဝဂတိ၊၂။မနုဿဂတိ၊
၃။နိရယဂတိ၊၄။ပေတဂတိ၊၅။တိရစ္ဆာနဂတိဟူ၍(၅)မျိုးရှိသည်​။၃၁ဘုံတွင်​တွင်​ကျင်​လည်​ကုန်​​သော၊သတ္တဝါတိုင်းသည်​၊ထိုဂတိ(၅)မျိုးတွင်​စုန်​ချည်
ဆန်​တစ်​လှည့်​၊မပြတ်​ကျ​ရောက်​၍လည်​ပတ်​​နေကြ
ရ၏။ထိုဂတိ(၅)နှင့်​လွတ်​ကင်း​သောသူ၊မည်​သူမျှမရှိကြပါ။ဂန္တဗ္ဗာတိ ဂတိ ဟူ​သောဂြိုဟ်​အရ၊​ရောက်​သင့်​​ရောက်​ထိုက်​၊​ရောက်​ရမည်​ဘဝကိုဂတိဟု​ခေါ်ဆို၏။ထိုဂတိ(၅)မျိုးအားခွဲခြမ်းစိတ်​ဖြာ​လေ့လာ
လျှင်​​အောက်​ပါအတိုင်း​တွေ့ရပါတယ်​။
၁။ဒေဝဂတိ။ ။လူပြည်​၌လူအဖြစ်​ရှင်​သန်​​နေထိုင်​စဉ်​၊အကုသိုလ်​တရားများကို​ရှောင်​ကျဉ်​၍၊ကုသိုလ်
ကောင်းမှုတရားများက၊ိုဖြည့်​ကျင့်​​ဆည်းပူးကြကုန်
သောသူ​တော်​​ကောင်းများသည်​အနိမ့်​ဆုံးစတုမဟာရာဇ်​မှအစရှိ​သောနတ်​ပြည်​(၆)ထပ်​သို့၊​သေဆုံးကွယ်​လွန်​ကြ​သောအခါလား​ရောက်​ကြရ၏။ဈန်​အဘိဥာဏ်​တရားများကိုပွားများအားထုတ်​​သောသူ​တော်
ကောင်းများက​တော့၊ဗြဟ္မာပြည်​သို့လား​ရောက်​ကြရပါတယ်​။ထိုနတ်​နှင့်​တကွဗြဟ္မာများသည်​လူ့ပြည်​မှပြုလုပ်​ခဲ့​သောကုသိုလ်​​ကောင်းမှုကံအရှိန်​အဝါ၊
ကျင့်​ကြံအားထုတ်​ခဲ့​သောဈာန်​တန်​ခိုးအရှိန်​အဝါတို့
ကြောင့်​၊ကိုယ်​​ရောင်​ကိုယ်​ဝါများထွန်းလင်း​တောက်
ပ​နေ၍​ဒေဝဟု​ခေါ်ဆိုကြပါသည်​။ထို​သို့​ဒေဝဟု​ခေါ်ဆို​သော​ကြောင့်​ပင်​၊နတ်​ပြည်​(၆)ထပ်​နှင့်​တစ်​ကွ
ဗြဟ္မာဘုံ(၂၀)အား​ဒေဝဂတိဟူ၍​ခေါ်ဆိုကြပါတယ်​။အလွန်​ပင်​​ချမ်းသာ​ပျော်​​မွေ့ဖွယ်​​ကောင်း​သောဘုံဂတိဖြစ်​ပါသည်​။![FB_IMG_1508226536803.jpg](https://steemitimages.com/DQmZ8ebWYVYeri1e1WDvFyctkxXLDn2QTK9M18wppjdfrtz/FB_IMG_1508226536803.jpg)
၂။မနုဿဂတိ။ ။မနုဿဟူသည်​ကုသိုလ်​၊အကုသိုလ်​နှင့်​တစ်​ကွ၊အ​ကောင်းအဆိုး၊အ​ကြောင်းအကျိုးတို့အားခွဲခြား​ဝေဖန်​နိုင်​​သော၊အသိဥာဏ်​ပညာရှိ​သော​ကြောင့်​``မနုဿ´´လူဟု​ခေါ်ဆို၏။မ​ကောင်းမှုပြုလုပ်​လျှင်​ပဉ္စာနန္တရိယကံထိုက်​​အောင်​အထိပြုလုပ်​၍၊​ကောင်းမှုပြုလုပ်​လျှင်​ဘုရားဖြစ်​သည့်​တိုင်
အောင်​ပြုလုပ်​နိုင်​ကြသဖြင့်​၊ထက်​မြက်​​သောစိတ်​ရှိသူဇမ္ဗူဒိပ်​ကျွန်းသားများကို``မနုဿ´´လူဟူ၍​ခေါ်
ဆိုကြသည်​။အခြား​သောကျွန်းများ၊စကြာဝဠာတို့၌ရှိသူတို့အားလည်း၊ရုပ်​ဆင်းပုံသဏ္ဌာန်​တူမျှသ
ဖြင့်​သဒိသူပစာရနည်းအရ၊``မနုဿ´´လူဟု​ခေါ်
ကြ​သော်​လည်းကျွနူ်​ပ်​တို့​နေထိုင်​​သောဇမ္ဗူဒိတ်​ကျွန်းသားများနှင့်​မယှဉ်​နိုင်​​သော၊မတူညီ​သောအချက်​များစွာရှိ၏။ဇမ္ဗူဒိပ်​ကျွန်းသားတို့သည်​သတိလည်းရှိ
ကြသည်​။သတ္တိရှိရဲရင့်​ကြ၍မြတ်​​သောအကျင့်​ကို
လည်ကျင့်​ကြ၏။ထိုသို့ရဲရင့်​ခြင်း၊သတိရှိခြင်း၊မြတ်​​သောအကျင့်​ကိုကျင့်​ခြင်းတို့​ကြောင့်​၊ကျန်​​သောကျွန်း၊စကြာဝဠာများတွင်​​နေထိုင်​​သောလူများနှင့်​တကွ၊တာဝတိံသာနတ်​တို့ထက်​သာသည်​ဟုမြတ်​စွာဘုရားမိန့်​ကြားခဲ့ပါတယ်​။အဘယ်​​ကြောင့်​ဆို​သော်
ဇမ္ဗူဒိပ်​ကျွန်းတွင်​ပင်​၊ဘုရားရှင်​တိုင်းပွင့်​ကြပါသည်​။ကျန်​​သောကျွန်းစကြာဝဠာများတွင်​မပွင့်​ထွန်းကြပါ။ထို့ပြင်​ဒါန၊သီလ၊ဘာဝနာဟူ​သောကုသိုလ်​တရားများအားဇမ္ဗူဒိပ်​ကျွန်းတစ်​ခုထဲတွင်​ပင်​ပြုလုပ်​နိုင်​ပီး၊
အခြား​သောကျွန်းစကြာဝဠာများတွင်​မပြုလုပ်​နိုင်
သော​ကြောင့်​၊ဇမ္ဗူဒိပ်​ကျွန်းတွင်​​နေထိုင်​​သော
``မနုဿ´´လူသားများသည်​အခြား​သောကျွန်းများ၊စကြာဝဠာများနဲ့တကွတာဝတိံသာနတ်​တို့ထက်​သာ၏ဟူ၍မြတ်​စွာဘုရားမိန့်​ကြားခဲ့ခြင်း
ဖြစ်​ပါသည်​။ကမ္ဘာဦးအစလူတို့ကိုအုပ်​ချုပ်​စိုးမိုး​သောမဟာသမ္မတမင်းသည်​``မနု´´အမည်​ရှိ၏။ထို
``မနု´´မင်း၏အဆုံးအမ၌တည်​ကြရသဖြင့်​``မနု´´မင်း၏သားသမီးသဖွယ်​ဖြစ်​​သော​ကြောင့်​``မနုဿ´´လူဟူ၍လည်း​ခေါ်ဆိုကြ​ကြောင်းအဓိပ္ပါယ်​ဖွင့်​ဆိုကြပါသည်​။ကျန်​ရှိ​သောဂတိ(၃)မျိုးနဲ့တကွ၊အဂတိဟူ​သောအ​ကြောင်းအရာအား​နောက်​အပိုင်းတွင်​ဆက်​လက်​​ရေးသား​ပေးပါမည်​ခင်​ဗျာ။
Myanmar Steemit groupအက်​ဒမင်​များနှင့်​တကွ
Gpထဲမှမိတ်​​ဆွေအ​ပေါင်းအသင်းများအားလုံး​ဘေး
ဘယာ​ဝေးကွာ၍၊ကိုယ်​စိတ်​၂ဖြာကျန်းမာ၊ချမ်းသာပါ​စေ​ကြောင်းဆုမွန်​​ကောင်း​တောင်း​ပေးလိုက်​ပါတယ်​ခင်​ဗျာ။
Writing by@komoewai
Photo Credit google.
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,