မိန်းမရဲသခင်မတောင် သမိုင်း

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@kowinnhtunn·
0.000 HBD
မိန်းမရဲသခင်မတောင် သမိုင်း
![image](https://img.esteem.ws/by57kgxb9m.jpg)

မိန်းမရဲသခင်မတောင် သမိုင်း 

ရှေးဘုရင်ခေတ်က ဒီနေရာ ဒီဒေသမှာ အလွန်ချော
မောလှပတဲ့ နန်းဧကရီဆိုတဲ့ မိန်းမပျိုလေးတစ်ဦး 
ရှိခဲ့ပါတယ်။ 

 ![image](https://img.esteem.ws/5e46dj8dvq.jpg)

အဲဒီအမျိုးသမီးလေးဟာ ချောမောလှပလွန်းလို့
သူမရဲ့ အလှဂုဏ် သတင်းဟာ မင်းနေပြည်တော်
ထိပါ ရောက်ရှိသွားခဲ့ပါတယ်။ 

ဒီလို မင်းနေပြည်တော်မှာ သူမအချောအလှ
အကြောင်း နာမည်ကြီးလာတော့ ရွှေနန်းရှင် 
ဘုရင်ကြီးက တော်ကောက်ဖို့ လုပ်ပါတယ်။
 
တော်ကောက်မဲ့ သတင်းကို နန်းဧကရီလေးက
ပြန်သိလိုက်ရတော့ အင်မတန်မှ ရှုပ်ထွေးလှေတဲ့
နန်းတွင်းထဲမှာ မနေလိုပါဘူး၊ဘုရင်ရဲ့မိဖုရားလည်း မဖြစ်လိုဘူးဆိုပြီး ရွာထဲကနေ ထွက်ပြေးလို့ 
ဒီတောင်လေးမှာ လာပုန်းနေခဲ့ပါတယ်။

ဒါပေမဲ့ ဘုရင်ရဲ့ နန်းတွင်းအမတ်တွေက 
နန်းဧကရီလေး ရှိတဲ့နေရာကို လိုက်လံရှာဖွေကြရင်း ဒီနေရာလေးမှာ ပုန်းနေတယ်ဆိုတာ သိသွားကြပြီး ဒီနေရာကို လိုက်လာကြခဲ့ပါတယ်။

အဲ့ဒီလို လိုက်လာတာကို နန်းဧကရီလေးကလည်း တွေ့လိုက်ရတော့ သူမဘယ်လိုမှ ထွက်ပြေးလို့ 
မလွတ်နိုင်တော့ဘူးဆိုတာ သိလိုက်ရပါတယ်။ 

ဒီတော့ နန်းတော်ထဲကိုမလိုက်လိုဘူး။ 
အသက်သာ အသေခံလိုက်တော့မယ်လို့ 
ဆုံးဖြတ်ပြီး ဒီတောင်ထိပ်ကနေ တောင်အောက်ကို ခုန်ချလိုက်ပြီး မိမိကိုယ်ကို အဆုံးစီရင်လိုက်ခဲ့ပါတယ်

ဒီလိုနဲ့ ရာဇဝင်တွေရဲ့ ထုံးစံအတိုင်း ဒီတောင်ကို 
စောင့်တဲ့ သခင်မဖြစ်လာတယ်လို့ ဆိုပါတယ်။ 

ကိုယ်မလုပ်ချင်တာကို လုံးဝမလုပ်ပဲ 
အသက် အသေခံလိုက်လို့ သေရဲတဲ့ မိန်းကလေး
ရဲရင့်တဲ့ မိန်းကလေး ဆိုပြီးတော့ နန်းဧကရီကို 
မိန်းမရဲလို့ ခေါ်ကြပြီး၊ဒီတောင်ကိုလဲ မိန်းမရဲသခင်မရဲ့တောင် (မိန်းမရဲတောင်)လို့ ခေါ်ကြတယ်လို့ 
သမိုင်းရာဇဝင်အရ သိရှိရပါတယ်။

- မူရင်းတင်သူအား Credit ပေးပါတယ် -
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,