Heart Memory Present
esteem·@koyell·
0.000 HBDHeart Memory Present
အချစ်ဆိုတာက အဖြူရောင်ပါ
ဒါပေမယ့် လူတွေရဲ့အရောင်ဆိုးမှူကြောင့်
အတ္တ အချစ် ၊ လောဘအချစ် ၊ တဏှာအချစ်
စသော အရောင်တွေပြောင်းခဲ့ကြရတယ်။

လူတစ်ယောက်အပေါ်ကို ကိုယ်ကစစ်မှန်တဲ့
ချစ်ခြင်းနဲ့ ချစ်မိလိုက်ပီဆိုတာနဲ့ အကြွေး ဆပ်ဖို့
ဖြစ်လာတတ်တယ်။

ပြောရရင် ကံဆိုးခြင်းတွေ ဖိတ်ခေါ်လိုက်တယ်ဆိုတာပါပဲ
ဘာလို့လဲဆိုတော့ ကိုယ်ချစ်တဲ့သူက ကိုယ့်လောက်ပြန်မချစ်ရင်
နေရာတကာမှာ ကိုယ်ပဲ အလျော့ပေးနေရပြီး
ကိုယ့်ဘက်ကပဲ နားလည်မှူတွေ ပေးနေရကာ
ပေးဆပ်မှူတွေကလည်း အဆုံးမရှိနိုင်တော့ဘူးဆိုတာပါပဲ။  အချစ်မှာ နှစ်ဦးစလုံး မေတ္တာညီမျှ တူညီဖို့ မလွယ်ကူတတ်သလို
ပိုချစ်ရသူပဲ ပိုရူံးရတာ ကမ္ဘာဦးအစကတည်းက
ထုံးစံလိုဖြစ်နေပီလေ။

အချစ်ဆိုတာက တစ်ခါတစ်ခါကျရင်
လိုက်လေပြေးလေ ၊ဝေးလေ ဖြစ်နေတတ်ပြန်ရော
ဘာလို့ဆိုတော့ ကိုယ်က ပိုချစ်ပြလေ
တစ်ဖက်က အလေးမထားလေဖြစ်နေတတ်ပီး
အလိုက်သိမှု ၊တန်ဖိုးထားခံရမှူ ၊ ပြန်လည်ပေးဆပ်မှူတွေက
ကိုယ်နဲ့ပိုပိုပီးဝေးကွာလာသလိုပါပဲ။

မေတ္တာဆိုတာ ရောင်ပြန်ဟပ်ပါတယ်လို့ ဆိုကြပေမယ့်
ချစ်သူရည်းစားအချစ်မှာတော့ ရောင်ပြန်ဟပ်တာကနည်းနည်း
ပေးရတာက အဆမတန်ဖြစ်နေတတ်တယ်။  ဒါတွေအားလုံးက ဘာ့ကြောင့်ဖြစ်လာရသလဲဆိုတော့
လူသားတွေမှာ မေတ္တာတရားခန်းခြောက်လာပီး
မေတ္တာထားနေသူကို စာနာနားလည်ပေးဖို့ထက်
ဘယ်လိုအခွင့်အရေးယူရမလဲဆိုတာပဲ စဉ်းစားလာကြတဲ့အတွက်ကြောင့်ပါ။

တစ်ဖက်က များများပေးလေ ကျန်တစ်ဖက်က
ပိုလိုချင်လာပီး ပြန်ပေးဖို့ မေ့လျော့လာကာ
ယူဖို့တစ်ခုတည်းပဲ သတိရလာတတ်ကြတယ်။

လူတစ်ယောက်ကို ချစ်မိလိုက်တာက
တစ်ချို့သော လူတွေမှာ ဝဋ်ကြွေးဆပ်ဖို့ ဖြစ်လာတာဖြစ်ပီး
ပျော်ရွှင်ရဖို့ ချစ်မိပါတယ် ငိုနေတဲ့အချိန်က ပိုများနေတတ်ပါတယ်။

တစ်ခါတစ်ခါကျတော့လည်း
ချစ်မိလိုက်တာက နောင်တဆိုတဲ့အရာကို ဖိတ်လိုက်သလို
ဖြစ်နေတတ်ပီး ချစ်ရတာနဲ့မတန်လောက်အောင် ခါးသီးမှူတွေက
ဘဝတစ်ခုလုံးကို စာရွက်လေးတစ်ရွက်ကိုလုံးချေ လိုက်သလို
နဂိုအတိုင်းပြန်ဖြန့်ဖို့ မရလောက်အောင် ဒဏ်ရာလေးတွေတော့
ဘဝမှာ ကျန်နေတတ်ပါတယ်။

ဒါပေမယ့်လည်း လူရယ်လို့ဖြစ်လာရင်
သံယောဇဉ်ဆိုတာ ကင်းကွာလို့မရသလို
ချစ်မိလိုက်တာက ကိုယ့်နှလုံးသားရင့်ကျက်လာဖို့အတွက်
ဘဝကပေးတဲ့ စမ်းသပ်မှူတစ်ခုလို့ပဲ ဆိုရမှာပဲ။

သူငယ်ချင်း.....
ရှောင်လွှဲလို့မရဘဲ ချစ်မှချစ်မိရင်တော့
အဆိုးဆုံးကို ကြိုတွေးထားပီး အကောင်းဆုံးပေးဆပ်နိုင်မှ
နောင်တကင်းတဲ့ အေးချမ်းတဲ့ချစ်ခြင်း ဖြစ်လာမှာဖြစ်ပီး
ချစ်ရတာတန်ပါလိမ့်မယ်။