T+F+A=R -NLP training-@Kyaw Thu Hnlp
myanmar·@kssoe·
0.000 HBDT+F+A=R -NLP training-@Kyaw Thu Hnlp
positive thinking become positive felling. positive felling become positive action. positive action become the best result for your life. ကျွန်တော်တို့နေ့တိုင်းဘာတွေတွေးနေသလဲ တွေးတဲ့အတိုင်းခံစားမှုတွေဖြစ်လာတာပဲ ခံစားမှုဖြစ်လာတာနဲ့ခံစားမှုအတိုင်းလူ့ရဲ့လုပ်ရပ်ကလဲလိုက်လာတာပဲ လုပ်ရပ်လိုက်လာပြီဆိုရင်တော့၎င်းလုပ်ရပ်ရဲ့ရလဒ်ကတော့မလွဲဧကန်ရလာမှာပဲပေါ့ ဒါဟာအကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတဲ့သဘောပါပဲ ဒါဆိုရင်ကျွန်တော်တို့နေ့တိုင်းတွေးနေတဲ့အတွေးတွေကိုသတိနဲ့ထိမ်းချုပ်ရမယ်ဆိုတာသဘောပေါက်လောက်ပါပြီ ကျွန်တော်တို့ဘဝမှာကောင်းတာတွေဖြစ်ချင်တယ် မိမိလိုချင်တဲ့ဘဝကိုရချင်ကြတယ်ဆိုရင် ကျွန်တော်တို့အတွေးတွေကိုကောင်းတဲ့ဘက်ကိုညွှတ်ထားဘို့လိုပါတယ် မေးစရာရှိတာက ဘယ်လိုလုပ်ပြီးကောင်းတဲ့ဘက်ကိုအမြဲညွှတ်နေလို့ရမလဲပေါ့ စိတ်ညစ်စရာ ဒေါသထွက်စရာ တွေလည်းဘဝမှာတွေ့နေရတာပဲ ဟုတ်ကဲ့ပါ လူတိုင်းကောင်းတာနဲ့ဆိုးတာကိုဒွန်တွဲပြီးတွေ့နေကြမှာပါပဲ အဲ့လိုတွေ့နေရတဲ့ကြားကပဲကောင်းတဲ့အတွေးတွေဘက်ကိုတိမ်းညွှတ်လို့ရအောင်လုပ်လို့ရပါတယ် ဒါပေမယ့်နည်းပြ သို့မဟုတ် ဆရာလိုပါတယ် နည်းပြရဲ့လမ်းညွှန်မှုနဲ့အတွေးတွေကောင်းတဲ့ဘက်ကိုတိမ်းညွှတ်တတ်လာရင် ခံစားမှုတွေကောင်းနေပြီးလူဟာပျော်ရွှင်လာမယ် ပျော်ရွှင်ရင်ဘာကိုပဲလုပ်လုပ်စိတ်ပါလက်ပါနဲ့လုပ်ရတာကောင်းတယ် မလုပ်နိုင်ဘူးဆိုတာမရှိပဲအကုန်လုပ်လာနိုင်တယ် ဘာဖြစ်ဖြစ်လုပ်နိုင်လာပြီဆိုမှတော့ရလဒ်ကိုစဉ်းစားကြည့်ပေါ့ ရွှေလိုချင်ရွှေ ငွေလိုချင်ငွေဘဝဖြစ်ပြီပေါ့ အဲ့ဒီအတွက်မိတ်ဆွေတို့ဘဝမှာနည်းပြကောင်းဆရာကောင်းလိုတယ်ဆိုတာမမေ့ပါနဲ့ နည်းပြကောင်းဆရာကောင်းတွေ့ပြီးမိတ်ဆွေတို့လိုချင်ဖြစ်ချင်တဲ့ဘဝဖြစ်နိုင်ကြပါစေ  ref:www.google.com