သက်ငယ်မုဒိန်း(၂)

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@kyawhlaing·
0.000 HBD
သက်ငယ်မုဒိန်း(၂)
Steemit ချစ်သူများအားလုံး မင်္ဂလာပါ။
ပြီးခဲ့သည့်အပတ်ကဆောင်းပါအဆက်ကို ဆက်လက်ရေးသားလိုက်ပါသည်။ ပြီးခဲ့သည့်ဆောင်းပါးအောက်မှာ "သက်ငယ်မုဒိန်းကို သေဒဏ်ပေးသင့်ကြောင်း" comment များသာ အများဆုံးတွေ့ရ၏။ မှန်ပါသည်။ သည်အကြောင်းနှင့်ပတ်သက်၍ မည်သူမျှ မကြားချင် မမြင်ချင်၊ ကြားရသူတိုင်း စိတ်မကောင်းဖြစ်ရသည်၊ ကျူးလွန်သူအပေါ် လူတိုင်းက ရွံ့ရှာစက်ဆုပ်ကာ ဒေါသထွက်ကြပါ၏။
![w460.jpg](https://steemitimages.com/DQmRHAF6EEyxVr8EUJ2UHHVwAYmPXLiUUU4yBQY3PX8sYX8/w460.jpg)
ယခုအချိန်မှာ facebook ကဲ့သို့သော social media မှာရော အနယ်နယ်အရပ်ရပ်မှ ပြည်သူများပါ သက်ငယ်မုဒိန်းမှုကိုသေဒဏ်ပေးဖို့ ဆန္ဒပြ တောင်းဆိုနေကြပါသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ အနည်းငယ် သုံးသပ်ရလျှင်-
ကျွန်တော်တို့နိုင်ငံတွင် မုဒိန်းမှုကျူးလွန်သူကို ပေးရမည့်ဖြစ်ဒဏ် ရှိနှင့်နေပြီးသားဖြစ်ပါသည်။ ပြစ်ဒဏ်ကိုတိုးမြင့်ပေးသည့်အတွက် မှုခင်းများပပျောက်သွားခြင်း မဟုတ်ပါ။ ရာဇ၀တ်မှုများကို ပပျောက်အောင်လုပ်ခြင်းသည် ပညာပေးသည့်နည်းကိုသာသုံးသင့်ပါသည်။
![11.-Rikers-Island-Prison (1).jpg](https://steemitimages.com/DQmZX62Nmf9EySemTwbwRzpLwwooVsmrNxARCNqxJkwTP2R/11.-Rikers-Island-Prison%20(1).jpg)
အဲသည်တော့ ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်ပေး၍ ထောင်ချခြင်းသည်၊ ထောင်ထဲမှာ သူ့ကိုထားပြီး သူ့ကိုအသိတရားရသွားအောင် ဆင်ခြင်သွားအောင် နောက်ထပ်မကျူးလွန်အောင် လေ့ကျင်းပေးခြင်းဖြစ်ပါသည်။ ပြစ်မှုကျူးလွန်၍ လက်စားချေခြင်းသဘောမျိုး မဟုတ်ပါ။ သူက သူများကိုဒုက္ခပေး၍ တရားရေးဌာနက သူ့ကို ဒုက္ခပေးသည့်သဘောမျိုး မဟုတ်ဘူး။ နောင်ကိုသူပြစ်မှုမကျူးလွန်အောင်နှင့် ပြစ်မှုကျူးလွန်သည့်စိတ်များ ပပျောက်သွားအောင် လေ့ကျင့်ပညာပေးခြင်း ဖြစ်ပါသည်။ အဲသည်တော့ ပြစ်ဒဏ်များများပေး၍ ပြစ်မှုများ ပပျောက်သည်ဆိုတာ သီအိုရီအရလည်း မဟုတ်သလို လက်တွေ့မှာလည်း မဟုတ်နိုင်ပါ။ သဘောက လူကိုသေအောင်သတ်သည်၊ ဓားမြတိုက်ပြီးလူသတ်သည်၊ မုဒိန်းကျင်ပြီးလူသတ်သည်ဆိုလျှင် သေဒဏ်ဘဲ ပေးပါသည်။ ကျွန်တော်တို့နိုင်ငံမှာ သေဒဏ်တွေ အများကြီးပေးပါသည်။ ဒါပေမယ့် မှုခင်းများက မပျောက်သွားပါ။ အဲတော့ မှုခင်းများပျောက်ဖို့ ပြစ်ဒဏ်ကိုတိုးမြှင့်၍ မဖြစ်နိုင်ပါ။
![42-20916028.jpg](https://steemitimages.com/DQmUdPqXXwx7kUyq671xWL6PeSSxWgMY49RqbPL8SLdQKLV/42-20916028.jpg)
သို့သော် ပြစ်မှုကျူလွန်သူများကို ထိထိရောက်ရောက် အရေးယူလျှင်တော့ ပြစ်မှုများ ကျဆင်းသွားပါမည်။ ထိထိရောက်ရောက် အရေးယူခြင်းဆိုသည်ကား ပြစ်မှုကျူးလွန်သည့်သူ မည်သူကိုမဆို မိအောင်ဖမ်းရပါမည်။ တရားစွဲတင်ရပါမည်။ တရားရုံးကလည်း ထိုက်သင့်သည့်ပြစ်ဒဏ်ကို ပေးရပါမည်။ အဲသည်လို ပြစ်မှုကျူးလွန်သူတိုင်းကိုသာ မိအောင်ဖမ်းပြီး ရုံးတင်နိုင်မည်ဆိုလျှင် သဘောကတော့ ပြစ်မှုကျူးလွန်သူတိုင်းသည် သေချာပေါက်ထောင်ထဲကို ရောက်မည်ဆိုလျှင် ပြစ်မှုကျူးလွန်သူတိုင်းသည် သေချာပေါက်ပြစ်ဒဏ်ခံရမည်၊ တခါတရံ သေဒဏ်များပါခံရမည်ဆိုလျှင်-
လူဟူသောသတ္တ၀ါသည်လည်း ကြောက်တတ်ပါသည်၊ မိသားစုကိုခွဲ၍ ထောင်ထဲမှာ ခဏလေးတောင်မနေနိုင်ပါ။ အဲသည်တော့ အဓိကတော့ ဥပဒေကို အကောင်အထည်ဖေါ်သည့်အပိုင်းမှာ အားနည်းလို့သာ ပြစ်မှုများ များနေခြင်း ကျူးလွန်နေကြခြင်း ဖြစ်ပါသည်။ ပြစ်ဒဏ်နည်းလို့ ပြစ်မှုများခြင်းမဟုတ်ပါ။
![prisons.png](https://steemitimages.com/DQmVtfCQiHZ8ANRhsNH2aJjysPjhUQhzwA99t2TurNKiscH/prisons.png)
နောက်တခါ "ပြစ်မှုကျူးလွန်သူများသည် ထောင်ထွက်များသာဖြစ်သည်" ဟု ပြောလေ့ရှိကြပါသည်။ ထောင်ကထွက်လာပြီး သည်အမှုကို သူပြန်ပြီးးကျူးလွန်သည်ဆိုလျှင် သည်လူ့ကိုထောင်ချလိုက်ခြင်းသည် အဓိပ္ပါယ်မရှိသည့်သဘော သက်ရောက်နေပါသည်။ ထောင်ကျလိုက်ပြီးနောက် ထောင်ကထွက်လာသည်နှင့် သည်လူသည် ကောင်းလာရမည်။ ဆင်ခြင်သွားရမည်။ ပြစ်မှုကျူးလွန်လိုစိတ် ပျောက်သွားရမည်၊ အဲသည်တော့ ဒါသည်ဘာအားနည်းသလဲဆိုလျှင် ထောင်ထဲမှာ သည်လူနေနေသည့်ကာလအတွင်း သည်လူ့ကို ကောင်းမွန်သည့်လူတယောက်ဖြစ်လာအောင် ထောင်ထဲကနေ ပဲ့ပြင်ပေးနိုင်သည့် သွန်သင်ပေးနိုင်သည့် အနေအထားမရှိပါ။ သည်လိုဆိုလျှင် ကျွန်တော်တို့ ထောင်စနစ်ကို ပြန်ပြင်ဖို့လိုနေပါသည်။ နိုင်ငံအပြင်ဖက်ကိုလှန်းကြည့်လိုက်ပါ။ သူများနိုင်ငံတွေမှာ ထောင်ကထွက်လာရင် သည်လူ ပြန်၍ပြစ်မှုကျူးလွန်ဖို့ဆိုတာ တော်တော်ကိုအလှန်းဝေးသွားပါသည်။ ထို့ပြင် ထောင်ထဲကနေ ဘ၀ရပ်တည်ဖို့ လက်မှုပညာတခုခု ရလာပါသေးသည်။
![unnamed-3.jpg](https://steemitimages.com/DQmagAdbTHacQjNMvYLNXAmFjJaC8PqZsvwAHDZG2JisCSx/unnamed-3.jpg)
![jan10-CPDRC-inmates.jpg](https://steemitimages.com/DQmXimSN9Yvaymr8vHMinLeBNPNUbQiqMfz6c5oGeZ4y5wp/jan10-CPDRC-inmates.jpg)
ကျွန်တော်တို့ဆီမှာ သည်လိုဖြစ်တယ်ဆိုတော့ ထောင်ထဲက အခြေနေမကောင်းသေးပါ။ ထောင်ထဲမှာ အကျဉ်းသားများကို တကယ်ပညာမပေးနိုင်သေးဆိုတာကို ပြနေပါသည်။ အဲသည်တော့ ဒါကိုလည်း ပြန်စဉ်စားရမည် ပြန်ပြင်ရမည်ဟု သုံးသပ်မိပါသည်။
တကယ်တော့ ကျွန်တော်တို့နိုင်ငံမှာ ပြုပြင်စရာတွေ ပြောင်းလဲပေးရမည့်အရာတွေ မြောက်များစွာရှိနေပါသည်။ ထိုမြောက်များစွာရှိနေသည့်အထဲမှ မိမိတို့၏ ကိုယ်စိတ်နှလုံးကစ၍ တစ်ယောက်ချင်းစီ ပြုပြင်ထိန်းသိမ်းသွားကြမည်၊ တာဝန်ရှိပုဂ္ဂိုလ်များကလည်း မိမိယူထားသည့်တာဝန်ကို မလစ်ဟင်းရအောင် အပြည့်အ၀ ထမ်းဆောင်နိုင်ကြမည်ဆိုလျှင် သက်ငယ်မုဒိန်းမှုနှင့်တကွ တခြားသော ဒုစရိုက်မှုများ ကျဆင်းလျော့နည်းသွားမည်ဖြစ်ပါကြောင်းးးး
![handcuffs-jail.jpg](https://steemitimages.com/DQmdSTJthZU9pQ39fQ6xjX2cbk71Q9uzmnUQJimbVMfhPpi/handcuffs-jail.jpg)
steemit ချစ်သူမြန်မာလူငယ်များအားလုံး အောင်မြင်မှုရကြပါစေ
@kyawhlaing
MSC-015
Photo - google images
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,