Lwan Sa Yar
esteem·@kyawkta004·
0.000 HBDLwan Sa Yar
ဘဝဆိုတာ လောကဓံ ၈ ပါးနဲ့ လူတိုင်း ရုန်းကန်ကြရတာပေါ့ ... သက်ရှိသတ္တဝါမှန်သမျှ ခန္ဓာဝန်ထမ်းကြရတယ် ... ခန္ဓာဝန်ထမ်းနေကြရသူချင်းအတူတူ ... တစ်ပါးသူကြောင့် ... ခြေထိုးခံရလား ? တိုက်ခိုက်ခံရလား ? ထိုးနှက်ခံရလား ? ကုန်းချောခံရလား ? ထောင်ခြောက်ဆင် လုပ်ကြံခံရလား ? ဘယ်လိုဖြစ်ဖြစ် ... ကိုယ့်ဦးတည်ရာ ' အာရုံစိုက်မှု ' မပျံ့လွင့်ဘဲ အေးဆေးတည်ငြိမ် ကိုယ့်လမ်းကိုယ်လျှောက်ရမှာပေါ့. လိုသူရှိမယ် ... မလိုသူရှိမယ် ... လိုလို မလိုလို ဒါ ကိုယ့်အကြောင်းတရားမှ မဟုတ်တာ. သူတို့စိတ်နဲ့ သူတို့မို့ ... ' စိတ် ' တွေကိုလိုက်ခံစားရင် ကိုယ်မောရုံဘဲရှိမယ်လေ. § ငယ်ငယ်က စာကျက်တဲ့အခါ ... အိမ်က TV ဖွင့်ရင် စာကျက်မရဘူး ... အသံတွေဆူတယ်ပေါ့ ... အဲဒီ့အသံတွေကို ' background noise ' အဖြစ် ခံစားလိုက်ပြီး ကိုယ်ကြည့်နေတဲ့စာအပေါ် ' အာရုံစိုက် ' ရင် ... သိပ်ထူးခြားတာတွေ့ရတယ် ... စိတ်ရဲ့တန်ခိုးအရ ဆူညံသံတွေ ဝေးသွားတယ် ... ကိုယ့်စာအပေါ်မှာဘဲ စိတ်အာရုံရှိတော့တယ် ... စိတ် ရဲ့ စွမ်းအားသိပ်ဆန်းကြယ်တာနော်.  ဘဝမှာလည်း ... ချီးမွမ်း ၇ ရက် ... ကဲ့ရဲ့ ၇ ရက် ... ပတ်ဝန်းကျင်တစ်ခုက ပြောကြမှာဘဲ ... ဟုတ်တာရော မဟုတ်တာရော ... ကိုယ်ယိမ်းယိုင်သွားအောင် ... ထိုးနှက်တဲ့အခါ ထိုးနှက်ကြမှာဘဲ. ဘယ်တော့မှ ... ကြားရသမျှ မြင်ရသမျှ အပြောခံရသမျှ လိုက်မခံစားဘဲ ' Background noise ' အဖြစ်ထားသင့်တာပေါ့. ဘယ်တော့မှ ... ထိုးနှက်တိုက်ခိုက်ခြေထိုးခံရတိုင်း ယိမ်းယိုင်ပြိုလဲ မသွားဘဲ ' Backgrounf noise ' တွေအဖြစ်ခံယူသင့်တာပေါ့.  ကိုယ့်ဦးတည်ရာပန်းတိုင် ... မယိမ်းမယိုင် မပြိုလဲဘဲ ... ကြံ့ကြံ့ခံစွာဆက်လျှောက်ရမှာပေါ့ ... စိတ်ကြံ့ခိုင်မှုအားနဲ့ ' Background noise ' တွေကို ... မကြားအောင်နေရင်း ... တွန်းဖယ်ရင်း ... ရှေ့သို့ရွေ့ကြမယ်လေ ...  ဦးတည်ချက်မပျောက် လမ်းခရီးမထောက်ဘဲ ... ကိုယ့်ရည်မှန်းရာပန်းတိုင်ဆီ လှမ်းလို့ချီကြရအောင်လေနော်. 
👍 mack-bot, nanngyi, khant, kyawkta004, khant10, jeerybanfield, kyawkta005, kyawkta006, kyawkta013, waiphyoag, k017, k018, k020, news4,