တိတ်တခိုး
esteem·@kyawkta004·
0.000 HBDတိတ်တခိုး
ကော်ဖီလား ? ခါးတယ်လို့ ဘယ်သူပြောသလဲ ... ကော်ဖီက မခါးပါဘူး ... သောက်သူတွေပေါ်မူတည် ... သကြားများချင်သူ ... creamer များချင်သူ ... နို့ဆီများချင်သူ ပေါ်မူတည် ... အရာသာအမျိုးမျိုးကွဲပြားသွားတာ. ဘဝလား ? ခါးတယ်လို့ ဘယ်သူပြောသလဲ ... ဘဝကမခါးပါဘူး ... ဘဝကိုတည်ဆောက်ကြသူ ... ခံယူကြသူတွေ ... တည်ဆောက်ပုံ ... ခံယူပုံတွေပေါ်မူတည် ... ဘဝကချိုတယ် ... ခါးတယ် ကွဲပြားသွားတာ. အချစ်လား ? ခါးတယ်လို့ ဘယ်သူပြောသလဲ ... အချစ်ကမခါးပါဘူး ... အချစ်ကို ခံစားတဲ့သူပေါ်မူတည် ... အချစ်ကို အရသာခေါင်းစဉ်အောက်သွင်း ... အချစ်မှာ ချို ချဉ် ငန် ဖန် စပ် ခါးတွေဖြစ်ကုန်တာ. ခါးတယ်ဆိုတာ ... ကော်ဖီလည်းမဟုတ်ဘူး ... ဘဝလည်း မဟုတ်ဘူး ... အချစ်လည်းမဟုတ်ဘူး ... ' အခါး ' လို့ခံစားနေတဲ့သူပါ. #မယ်