Myanmar stork 3step

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@kyawmoe123·
0.000 HBD
Myanmar stork 3step
#စတော့အကြောင်းသိကောင်းစရာ 
#အပိုင်း၃

#ငွေကြေးဆိုင်ရာအသုံးအနှုံးများ
         ကျွန်တော်စာမရေးဖြစ်တာ နည်းနည်းကြာသွားပါတယ်...ထားပါလေ... ဒီနေ့သင်ခန်းစာလေးကတော့ ကဗျာတွေပျို့တွေမသင်ခင် "ကကြီး ခခွေး" စသင်ရသလိုမျိုးပေါ့... ဟုတ်ပါတယ် က ခ ပါပဲ...
နည်းနည်းတော့မှတ်ရတာများပေမယ့်လည်း ဒါတွေကို နားလည်ထားမှသာ နောက်က သင်ခန်းစာတွေကို နားလည်မှာပါ...ကုမ္ပဏီ တစ်နှစ်စာပြန်တမ်း Annual Report တွေကို ကောင်းကောင်းဖတ်နိုင်ပြီး ဘယ် စတော့ ဘယ် ကုမ္ပဏီ က ကိုယ့်အတွက်သင့်တော်လည်းဆိုတာ ဆုံးဖြတ်နိုင်မှာပါ။ ဈေးအဆမတန်များနေလား အလွန်တန်နေလားဆိုတာမျိုးတွေ အဲ့မှသိမှာပေါ့...
Annual Report ကို အင်္ဂလိပ်လိုနဲ့ ထုတ်တာများတော့ မြန်မာလိုလုံးလုံးတော့ မရပါဘူး
ကဲ စပြီနော်.,

#Bid(price) - ဝယ်သူကပေးလိုတဲ့ဈေးပါ
#Ask_price - ရောင်းသူကဒီဈေးနဲ့ရောင်းချင်ရင်သုံးပါတယ်

ဥပမာ ဈေးသွားပြီး ကြက်သားဝယ်တယ်ထားပါတော့ တစ်ပိဿဝယ်တယ် ဘယ်လောက်လဲလို့မေးရင် 
ဈေးသည်က တစ်ပိဿ၇၀၀၀ ဆိုပါစို့ အဲ့ဒါ Ask Price ပါ ကိုယ်က ၆၅၀၀ လေးတော့ထားလိုက်ပါ အမေကြီးရယ်ဆိုရင် အဲ့ဒါ Bid Price ပါ

#EarningPerShare (EPS) - ရှယ်ယာတစ်ခုကို ခွဲဝေပေးတဲ့ အမြတ်ငွေပမာဏပါ
(နောက်သင်ခန်းစာတွေမှာ အကျယ်တဝင့်ရှင်းပြမှာပါ)

#IPO - Initial Public Offering ကိုအတိုခေါ်တာပါ။ ကုမ္ပဏီကနေ ပထမဆုံးအနေနဲ့ စတော့exchange ပေါ်တင်တုန်းက ဖွင့်ခဲ့တဲ့ အဖွင့်ဈေးပါ 
(MCB ဆိုရင် ၅၀၀၀ ဝန်းကျင်ပဲ မမှတ်မိတော့လို့ စစဖွင့်ချင်းမှာ စတော့တစ်ခုကို ၅၀၀၀နဲ့စရောင်းချခဲ့တာပါ။ ကြမ်းခင်းဈေးပေါ့)

#MarketCap - ကုမ္ပဏီရဲ့ တန်ဖိုးပါပဲ ဆိုလိုတာက စတော့ဈေးကွက်မှာ လည်ပတ်နေတဲ့ သက်ဆိုင်ရာကုမ္ပဏီရဲ့ စတော့အားလုံးရဲ့တန်ဖိုးပါ။
ပုံသေနည်း: Market Cap ကိုလိုချင်ရင်
ဈေးကွက်ထဲမှာ ထုတ်ရောင်းထားတဲ့ ကုမ္ပဏီရဲ့ ရှယ်ယာအရေအတွက် ကို စတော့တစ်ခုရဲ့ ကာလပေါက်ဈေးနဲ့ မြှောက်ရမှာပါ)

#ThickerSymbol - စတော့ သို့မဟုတ် ကုမ္ပဏီကို အတိုချုပ်ပြီး ခေါ်တဲ့စာလုံးအတွဲလို့ဆိုမလား
ဥပမာ First Myanmar Investment  Co.,Ltd ကို FMI လို့ခေါ်သလိုပေါ့
Myanmar Commercial Bank ဆို MCB
လို့ခေါ်ပြီး သီလဝါ Myanmar Thilawa SEZ Holdings Public Ltd. ကိုကျတော့ MTSH ပေါ့ဗျာ

     ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲခင်ဗျား![images.jpg](https://steemitimages.com/DQmWx4ZiYeaeVP9JBvBKP9pv7iKnXVwXJmvjo94owhBoKot/images.jpg)
👍 , , , , , ,