အပူဒဏ်ကာကွယ်နည်းများ
esteem·@kyawthihaa·
0.000 HBDအပူဒဏ်ကာကွယ်နည်းများ
အခုကာလဟာ ရာသီဥတု တဖြည်းဖြည်းပူလာတဲ့ ကာလဖြစ်ပါတယ်။ ဒီလိုကာလမှာ အပူဒဏ်ကို ခံစားလာရပြီး အပူဒဏ်ကြောင့် နေမထိထိုင်မသာဖြစ်တာမျိုးတွေ ကြုံတွေ့တတ်ပါတယ်။ ဒါကြောင့် အပူဒဏ်ကို ကာကွယ်နိုင်ဖို့ နည်းလမ်းလေးတွေကို တင်ပြပေးပါမယ်။ ၁။ နေရောင်ခံခရင်မ်တွေနေ့စဉ်လိမ်းပါ ပြင်ပသွားလာတဲ့အခါ နေရောင်ဒဏ်၊ အပူဒဏ်က ကာကွယ်နိုင်ဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ နေလောင်ခြင်းဟာ သင့်ခန္ဓာကိုယ်ရဲ့ အပူချိန်အပေါ် အကျိုးသက်ရောက်စေပါတယ်။ ဒါကြောင့် နေရောင်ကာတဲ့ sunscreen တွေ အသုံးပြုခြင်းဟာ နေလောင်ခြင်းကို သက်သာစေမှာဖြစ်သလို ခရမ်းလွန်ရောင်ခြည်ထိခိုက်မှုနဲ့ အရေပြားပျက်စီးမှု၊ အပူဒဏ်စတာတွေကိုလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ၂။ ရေအေးနဲ့ရေချိုးပါ အပူချိန်မြင့်တက်နေတဲ့ ကာလမှာ ရေအေးအေးလေးနဲ့ ရေချိုးပေးတာက သင့်ကို နေသာထိုင်သာရှိစေမှာပါ။ အပူမရှပ်အောင်တော့ သတိပြုဖို့ လိုပါတယ်။ ရေအေးအေးနဲ့ ၁၀ မိနစ် (သို့) ၁၅ မိနစ်လောက် ချိုးပေးခြင်းက သင့်ရဲ့ ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်အနေအထားပြန်ရောက်စေပါလိမ့်မယ်။ ၃။ အကျိုးရှိစေမယ့်အစားအစာတွေစားပါ ပူပြင်းတဲ့ကာလမျိုးမှာ အစားအစာတွေကို ရွေးချယ်စားသုံးပါ။ ခန္ဓာကိုယ်ကို အကျိုးရှိစေမယ့် အစားအစာမျိုးတွေကိုသာ အဓိကစားသုံးပါ။ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်မယ့် အသီးအနှံတွေ၊ ခန္ဓာကိုယ်ကို ခွန်အားဖြစ်စေမယ့် အသားတွေ၊ ဗီတာမင်ဓာတ်ပါတဲ့ အသီးအရွက်တွေ၊ အသီးအနှံတွေကို စားသုံးပါ။ ၄။ ရေဓာတ်မကြာခဏဖြည့်တင်းပါ အပူဒဏ်ကြောင့် ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်နိုင်ဖို့ ရေဓာတ်ကို မကြာခဏဖြည့်တင်းပါ။ ရေသောက်တာ၊ အရေရွှမ်းတဲ့အသီးအနှံတွေစားသုံးတာ၊ နို့သောက်သုံးတာမျိုးတွေပေါ့။ ဒါတွေက သင့်ရဲ့ ခန္ဓာကိုယ်ကို တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေမှာပါ။ ၅။ ရာသီနဲ့လိုက်တဲ့ဝတ်စုံဝတ်ဆင်ပါ ဒီလိုရာသီမှာ ရာသီဥတုဒဏ်ကို ကာကွယ်နိုင်ပြီး နေသာထိုင်သာရှိစေမယ့် ၀တ်စုံမျိုးတွေကိုသာ ၀တ်ဆင်သင့်ပါတယ်။ ပွပွချောင်ချောင် ချည်သားဝတ်စုံတွေကို ၀တ်ဆင်တာ၊ နေဒဏ်ကာကွယ်နိုင်မယ့် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်အသုံးပြုဝတ်ဆင်တာတွေ ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် နေအပူချိန်ကို ပြန်လည် ဖယ်ထုတ်နိုင်တဲ့ အရောင်နုဝတ်စုံတွေကိုသာ ၀တ်ဆင်ပါ။ အပူဒဏ်ကနေ ကာကွယ်မှု ပေးနိုင်ပါလိမ့်မယ်။ @kyawthihaa Follow me and upvote me