အကျင့်စာရိတ္တ ဆိုတာဘာလဲ
esteem·@kyawwin·
0.000 HBDအကျင့်စာရိတ္တ ဆိုတာဘာလဲ
အကျင့်စာရိတ္တ အကျင့်သီလဟာ လူ့ဘဝခရီးမှာ အရေးကြီးဆုံး အလိုအပ်ဆုံး အကြိုး စားရဆုံးကိစ္စဖြစ်တယ်။ အကွပ်မရှိတဲ့ကြမ်းဟာ ပရမ်းပတာ ဖြစ်တယ်။ ပဲ့မပါတဲ့ လှေက လိုရာ မရောက်ဘူး။ အဆိုင်းမရှိတဲ့ဘူးက. ကွဲလွယ်တယ်။ စည်းကမ်းမရှိရင် နည်းလမ်းမသိဘဲ ဆုံးရှုံးတယ်။ စာရိတ္တ မကောင်းရင် ဘာကိစ္စမှ အောင်မြင်မှာ မဟုတ်သလို ကောင်းလာမှာလည်း မဟုတ်တော့ဘူး။သူပျက်ရင် အကုန်ပျက်ပါပဲ။ လူတစ်ယောက်ကို ကိုယ်ကျင့်ကောင်းမှသာ မြတ်တယ်လို့ ဆိုနိုင်ပါတယ်။ဥစ္စာ၊ ရွှေ ၊ ငွေ ၊အခြေအနေကို ကြည့်ပြီး ပိုင်းဖြတ်တာက မမှန်နိုင်ပါဘူး။အကျင့်စာရိတ္တနဲ့ ပိုင်းဖြတ်ကြည့်မှ မှန်နိုင်မယ်။ ဆင်းရဲပေမယ့် ကိုယ့်ကျင့်တရားကောင်းနေရင် လူမြတ်တစ်ယောက်လို့ဆိုနိုင်ပါတယ်။ချမ်းသာပြီး ကိုယ်ကျင့်တရားမကောင်းရင် ချမ်းသာပေမယ့် လူမှန်လူမြတ် မဖြစ်နိုင်ပါဘူး။ မကောင်းမှုမှာ ငွေ့လျော်တတ်တဲ့ စိတ်ဆင်ရိုင်းကို ကိုယ်ကျင့်တရားဆိုတဲ့ ချွန်းနဲ့ နှိမ်ပေးရမယ်။ စိတ်ဟာ တစိခါတစ်ရံ ဆင်မုနိယိုသလို ယိုတတ်တယ်။ ဆင်းရိုင်းလုပ်သလို လုပ်ချင်ကာလည်းလုပ်တတ်ပါတယ်။ဆင်းရိုင်းကိုနိုင်တာက ချွန်းဖြစ်ပြီး စိတ်ကိုနိုင်တာက အကျင့်စာရိတ္တကောင်းမှသာဖြစ်တယ်။ စောင့်စည်းမှုကျင့်ဝတ်တွေ လိုက်နိုင်မှ အကျင့်စာရိတ္တ ကောင်းလာပါတယ်။ရဟန်းတော်တွေအတွက် နှစ်ရာနှစ်ဆယ်ခုနစ်သွယ်သော ဝိနည်းသိက္ခာပုဒ်တွေ ရှိသလို လူတွေလိုက်နာကျင့်သုံးရမယ့် ဂီဟိဝိနယ ဆိုတဲ့လူ့ဝိနည်းတွေရှိပါတယ်။ ရဟန်းတော်မှာ ရဟန်းကျင့်ဝတ်တွေ လိုက်နာမှ ရဟန်းဖြစ်သလို၊ လူတွေမှာလည်း လူ့ကျင့်ဝတ်လိုက်နာမှ လူပီသတယ်၊  Thank for reading. @kyawwin
👍 good-karma, demo, feruz, mysteem, esteemapp, peunda, yoyowhatsup, alauddinsee, puffin, theodosis63, onejoe, darkcentinel, hamza.shahzad, hamzatheone, bmining, veerall, arggil, brn123, neru, chikibumsi, johnleon, robertmannino, needy, naturalbeauty, soorefunmi, azaanwrites, italianguy, ricardoamv793, dayveedben, raindropbd, dannese, menoski, feestvreugde, punky, sbetul, th3voter, burculgay, cyrexxlm, kiagus12, cyka-blyatko, bestbot, justinezee, aralleneekka, vhmcrypto, curationment5, curationment4, ranita, stardivine, tom01, linkinpark, hernandezmayrac, illimattic, gallantmayor, freakyfrog, doris-adioha, hivaids, sexbot, shaffrimohd, samirich, ryacha21,