မယ်ကြည် နှင့် ကျောင်းသူဘဝ အမှတ်တရများ (၂)
myanmar·@kyi·
0.000 HBDမယ်ကြည် နှင့် ကျောင်းသူဘဝ အမှတ်တရများ (၂)
 နည်းပညာတက္ကသိုလ် (မုံရွာ) ကျောင်း ဖွင့်ပွဲ ပြီးသွားပြီးနောက်၌ မယ်ကြည်တို့ ပထမဆုံး စတင်တက်ရောက်ပြီး ပညာသင်ကြားခဲ့ရတယ်။အားလုံးသိကြတဲ့ အတိုင်း အရမ်းလှပတဲ့ နည်းပညာတက္ကသိုလ် တွေ၊ ကွန်ပြူတာ တက္ကသိုလ်တွေကို အားလုံးမြို့ပြင်ထုတ်ပြီး ခမ်းခမ်းနားနား ဆောက်ထားကြတယ်ဆိုတာကို..။ မယ်ကြည်တို့ နည်းပညာတက္ကသိုလ် (မုံရွာ) ကျောင်းကြီးက မုံရွာမြို့အပြင်ဖက် မိုးညှင်းသဗ္ဗုဒ္ဓေ ဘုရား နှင့် ဗောဓိတစ်ထောင် ဘုရား ကြားမာ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်..။   အဲ့ဒီအချိန်တုန်းက မယ်ကြည်လေး မုံရွာ မြို့ထဲ တစ်ခါမှ မရောက်ဖူးသေးတဲ့အချိန်ပေါ့..။လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်းသေးဘူး..။ မြို့ထဲတစ်ခါသွားဖို့က ဗောဓိတစ်ထောင် ဈေးကားနဲ့ လိုက်စီးသွားမှ ရောက်တယ်။အခုခေတ်လို ဆိုင်ကယ်ကလဲ ပေါပေါများများစီးနိုင်ကြတာ မဟုတ်သေးဘူး။နောက်ပြီးတော့ မယ်ကြည်တို့်က နယ်က လာကြသူတွေ ဆိုတော့ မုံရွာကျောင်းက Btech ပါသူတွေရယ် စစ်ကိုင်းကျောင်းက Btech ပါသူတွေရယ် စုလိုက်တော့ Btech first yearမှာကို လူ ၁၀၀နီးပါး အခန်းထဲ လူပြည့်လျှံနေတော့တာပဲ။မိန်းကလေး အဆောင်တွေကတော့ အများအားဖြင့် ထ္မင်း ဟင်းချက်စားခွင့် ပြုကြပါတယ်..။ Btech first မှာတော့ အခန်းထဲ လူတွေကအများကြီး မုံရွာ သက်သက် စစ်ကိုင်းသက်သက် လူတွေက ကွဲလို့နေသေးတယ်..။အစပထမတော့ ကိုယ်တွေကလဲ ခပ်တည်တည်ပဲလေ။စစ်ကိုင်းကျောင်းကလူ အချင်းချင်းပဲ အခေါ်ပြောလုပ်ကြတာပေါ့...။နောက်ပိုင်းတော့ အားလုံးနဲ့ အရမ်းခင်သွားကြပါတယ်..။ကျောင်းသားကျောင်းသူဘဝမှာ ထားရှိတက်ကြတဲ့ ဖြူစင်တဲ့ စိတ်ထားလေးတွေ တစ်ဦးကိုတစ်ဦးကူညီကြတဲ့ စိတ်ဓါတ်လေးတွေ သိပ့် ချစ်စရာ ကောင်းကြပါတယ်..။  ညဘက် အဆောင်တွေကို ဂစ်တာလာတီးကြတဲ့ သူတွေလဲ ရှိကြတယ်..။အဆောင်မှာက မေဂျာအစုံ၊ first yearကနေ BE ME တန်းထိ ရှိတာဆိုတော့ တစ်ယောက်ကို တစ်ယောက် ချစ်ချစ်ခင်ခင်ရှိကြပါတယ်..။အဆောင်မှာက လူအများကြီးရှိကြပေမယ့်လည်း မယ်ကြည် မသိတဲ့သူ မရှိသလောက်ရှားပါတယ်။ အဲ့ဒီလိုပါပဲ မယ်ကြည်ကို အားလုံးကလည်း သိနေကြပါတယ်လေ။ ညရောက်ပြီဆိုရင် အဆောင်ရှေ့ကို ကောင်လေးတွေ ဂီတာလာတီးကြရင် ဟို..စစ်ကိုင်းလမ်းတို့ ၊ Rဇာနည်ဆိုတဲ့ သူရဲ့အလှက ဘယ်သူဖန်ဆင်းပေးတာလဲ အဲ့ဒီလိုမျိုးသီချင်းသံတွေကို သီဆိုနေကြစဉ်မှာပဲ အဆောင်အပေါ်ထပ်က သူငယ်ချင်းတွေက မယ်ကြည်ကို ကြည်ရေ.. နင့်သီချင်းဟေ့ ဆိုပြီးတော့ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မယ်ကြည်ကို အော်ခေါ်ပြီး ပြောဆိုကြတောတာပဲ။မယ်ကြည်တို့နေတဲ့အဆောင်မှာ စစ်ကိုင်းက ကျောင်းလာတက်ကြတာက မယ်ကြည်ရယ် မယ်ကြည်သူငယ်ချင်းရယ် ၂ယာက်ထဲ ရှိတာလေ…ဘာပဲ ဖြစ်ဖြစ် မယ်ကြည်တို့နှစ်ယောက်အတွက် လာပြီးသီဆိုနေကြတာပဲလို့ ကိုယ့်သဘောနဲ့ကိုယ် သတ်မှတ်လိုက်တာပဲ😁😁😁။ မယ်ကြည်တို့ ကျောင်းနေစဉ်အချိန်တုန်းက သိပ်ပျော်စရာ ကောင်းခဲ့တယ်..။ မုံရွာ ဆိုတဲ့ ရွှေမြို့ပေါ်ကို ကျောင်းပိတ်ရက် သွားကြမယ်လို့ စိတ်ကူးမိတဲ့တစ်နေ့ကပေါ့ မယ်ကြည်နဲ့အတူနေတဲ့ သူငယ်ချင်းရဲ့calculator က ဓာက်ခဲ အားကုန်ပါလေရော..။  အဲ့ဒီအကြောင်းကို မယ်ကြည်တို့နှစ်ယောက်က ထမင်းချက်ရင်း "ကြည်ရေ ငါ့calculatorအားကုန်နေတာ ဓာက်ခဲ မုံရွာ ရောက် ဘယ်ဝယ်ရမလဲ မသိဘူးဟာ”လို့ ပြောနေရော အဲ့ဒီစကားကို မယ်ကြည်တို့ အဆောင်ပိုင်ရှင်က ကြားပြီး မယ်ကြည်တို့နှစ်ယောက်ကို လှမ်းပြောတယ်..။"ကြည်ရေ ဓာက်ခဲ က ဟောင်ကောင်(Hongkong) မှာ ရှိတယ်လေ”တဲ့..။ "ဟင်!အဲ့ဒီထိ သွားဝယ်ရမာလား”ဆိုပြီး ကြည်တို့နှစ်ယောက်က ပြန်ပြောရင်းနဲ့ စဉ်းစားမိလိုက်တာက ဒီဓာက်ခဲလေးကို ဘာလို့ ဟောင်ကောင် အထိ သွားဝယ်ရမှာပါလိမ့် လေယာဉ် စီး သွားဝယ်ရမှာလားလို့ အူကြောင်ကြောင်ဖြစ်သွားခဲ့တာပါပဲ😂😂😂..။ အနီးအနားမှာ ထ္မင်းချက်နေကြတဲ့သူငယ်ချင်းတွေက "ဟုတ်တယ်လေ ကားဂိတ်ဆုံးတဲ့နေရာမှာဆင်းပြီး လမ်းအတိုင်း အနောက်ဘက်ကို နည်းနည်းလျှောက်သွားရင် ဟောင်ကောင် စတိုးဆိုင် အကြီးကြီးပဲ အဲ့ဒီမှာ သွားဝယ်”လို့ ပြောတော့မှ အော်..ဆိုပြီး မယ်ကြည်တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ပီး ရယ်လိုက်ကြတာကို ပြောမပြတက်အောင်ပါပဲလေ………။ မယ်ကြည်လေး အာ့လို အ ခဲ့တာပါဆို 😂😂။ ဆက်ရန်...။ Author by @kyi MSC 050 Photo by facebook image
👍 kyi, sattpaing, suhlaing, kyawkyawnaing, nandasai, yeyintkyaw, thetnaingmin, uthantzin, kyawthetaung, good-karma, mysteem, esteemapp, christoryan, jerrybanfield, gelatofresco, asterkame, htetnainglin, phyozawooburmes, soesandar, theinzawlin, gtrussi, thetlyar, naingwintun, nannhtike, lwanwai, naylinn, nannwine, kokyawzinphyo, julybrave, aungzawhtwe, konyi, zero1332000, sandipoe, domelay, thura, nyeinzaw, camelot, curie, liberosist, meerkat, hendrikdegrote, anwenbaumeister, rayken04, kushed, pharesim, gabox, bue, thatkozaw, sheinthu, ansoe, konyinyitun, patrickshar,