Learn English with gnlm

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@learningenglish·
0.000 HBD
Learn English with gnlm
NHK ရုပ်သံ က မြန်မာ့ မီးရထားလမ်းတစ်​လျှောက် documentary ရိုက်ကူးဆိုတဲ့ သတင်းကို ​လေ့လာရ​အောင်ပါ

![laexbo.png](https://img.esteem.app/laexbo.png)

ဂျပန်နိုင်ငံရဲ့ NHK ရုပ်သံလိုင်းက မီးရထားလမ်းတစ်​လျှောက် လူမှုဘဝ​တွေကို ရုပ်သံရိုက်ကူး

ဗီဒီယို ရိုက်ကူးတာကို film ကို verb အဖြစ် သုံးပါတယ်

လူမှုဘဝ​တွေ ​နေထိုင်မှုပုံစံ​တွေကို lifestyles လို့ ​ရေးပါတယ်

မီးရထားလမ်းကို railway line လို့ ​ရေးထားပါတယ်

NHK က မြန်မာ့မီးရထားလမ်းရဲ့ မြင်ကွင်း​တွေ ဘူတာရုံ​တွေနဲ့ မန္တ​လေးမြို့က လူ​တွေရဲ့ လူမှုဘဝ​တွေကို 

မှတ်တမ်းတင် ဗီဒီယိုကို မ​နေ့က ရိုက်ကူးခဲ့တယ်

မှတ်တမ်းတင် ဗီဒီယိုကို documentary ရိုက်ကူးတာကို ဒီ​နေရာမှာ shot နဲ့ သုံးထားပါတယ်

Shoot ရဲ့ အတိတ်ကာလပြ verb ပါ ဘူတာရုံ​တွေကို stations လို့ သုံးပါတယ်

မှတ်တမ်းတင် ဗီဒီယိုကို unexplored train journey လို့ အမည်​ပေးထားပြီး NHK ရိုက်ကူး​ရေး

အဖွဲ့သား​တွေက အမှတ် ၁၄၇ အဆန်ရထားနဲ့ သာစည်ဘူတာက​နေ လွန်ထိုးဘူတာကို စီးနင်းသွားကြပြီး

လွန်းထိုးဘူတာ ရုံပိုင်ကြီးနဲ့ အင်တာဗျူးပါတယ်

မှတ်တမ်းတင် ဗီဒီယိုရဲ့ နာမည် ​ခေါင်းစဥ်ကို title လို့ သုံးပါတယ် ရုပ်ရှင်ရိုက်ကူး​ရေး အဖွဲ့သား​တွေကို

Crew လို့ပဲ သုံးပါတယ် အဆန်ရထားကို up train လို့ သုံးပါတယ် ဘူတာရုံပိုင်ကြီးကို 

master လို့ပဲ ​ရေးတာ​တွေ့ရပါတယ် ထို့​နောက် အဖွဲ့သား​တွေက ဘူတာအနီးတဝိုက်မှာ အစားအ​သောက်

​ရောင်းချ​နေသူများကို ရိုက်ကူးပြီး အမှတ် ၁၄၁ အဆန်ရထားနဲ့ လွန်းထိုးဘူတာက​နေ စင်​တောင်ဘူတာကို 

စီးနင်းသွားပါတယ် ပြီး​တော့ ရထား​ပေါ်က ခရီးသွား​တွေကို အင်တာဗျူးပါတယ်

ဒီ​လောက်ဆို သတင်းကို ကိုယ့်ဘာသာ ဆက်​လေ့လာလို့ ရပြီထင်ပါတယ် English စာ ကျွမ်းကျင်ပြီးသား

ဆရာများကို သင်ကြားခြင်း မဟုတ်ပါ ​ကျောင်းသား ​ကျောင်းသူများကိုသာ ရည်ရွယ်သင်ကြားခြင်း ဖြစ်ပါတယ်

Upvote က ဆရာ​တွေလည်း ​ပေးချင်​ပေးနိုင်ပါတယ်​နော် ​ကျေးဇူးပါခင်ဗျာ 

👍 , , , , , , , , , , , , , , , , , , , , ,