သတိပျြု
myanmar·@letwethondara·
0.000 HBDသတိပျြု
 ကျွန်ပ်တို့သည် မိမိထက် အဆင့်တန်းမြင့်သူကို ကြည့်မိ မြင်မိလျှင် မိမိ၏ဘဝဟာ ဝမ်းနည်းစရာဖြစ်သော်လည်း မိမိအောက် အဆင့်တန်းနိမ့်သူကို ကြည့်မိ မြင်မိပြန်လျှင်လည်း မိမိအဖို့ ဝမ်းမြောက်စရာလို့ ထင်မိကောင်းထင်မိနိုင်သည် ။ သို့သော် •••••• မိမိထက် အဆင့်အတန်းမြင့်သူကို မနာလိုဝန်တိုစိတ်မထားဘဲ အားကျတဲ့စိတ် ဝမ်းမြောက်သောစိတ် သူ့လိုဖြစ်အောင်ကြိုးစားအားထုတ်ဖို့ စိတ်ရှိလာအောင်မွေးမြူဖို့ လိုအပ်ပေသည် မနာလိုဝန်တိုစိတ်ဖြစ်ခြင်သည် မိမိ၏ဘဝ မိမိဘဝ၏အဆင့်တန်းကို နက်ရှိုင်းသောချောက်ကမ်းပါးသို့ မိမိကိုယ်တိုင် ဆွဲချသည်နှင့်တူ၏ မနာလိုဝန်တိုစိတ်ကို စိုးစဉ်းမျှမထားသင့် ။ မိမိအောက်နိမ့်ကျသောသူကိုတွေ့လျှင်လည်း ဒီကောင်ငါ့ထက်နိမ့်ကျ ဆင်းရဲနွမ်းပါးပါတယ်ဆိုပြီးတော့လည်း မထေမဲ့မြင် မပြုသင့်သလို အနိုင်ကျင့်လိုသော စိတ်ကိုလည်း မမွေးမြူသင့်ခြင်းကို အကြီးအကျယ် သတိပြုဖို့ လိုအပ်ပေသည် ။ @letwethondara photo from google