လောကဓံတရားရှစ်ပါး အပိုင်း (၁)
myanmar·@letwethondara·
0.000 HBDလောကဓံတရားရှစ်ပါး အပိုင်း (၁)
 ဤကမ္ဘာလောကကြီး၌ ကျင်လည်နေကြရသူအားလုံး လောကဓံတရား ရှစ်ပါးနဲ့ မကြုံတွေ့ရသူ ရင်မဆိုင်ရသူဆိုတာ မရှိပါဘူး လောကဓံတရား(၈)ပါးဟူသည် ______ လာဘော အလာဘော ယသော အယသော နိန္ဒံ ပသန္တံ သုခံ ဒုက္ခံ ။ (၁) လာဘ -လာဘ်လာဘ ပေါ်များခြင်း (၂) အလာဘ - လာဘ်လာဘ ဆုတ်ယုတ်ခြင်း (၃) ယသ - အခြံအရံ ပေါ်များခြင်း (၄) အယသ- အခြံအရံ တပည့်မရှိခြင်း (၅) နိန္ဒ -ကဲ့ရဲ့ခံရခြင်း (၆) ပသန္တ - ချီးမွှမ်းခံရခြင်း (၇) သုခ - ချမ်းသာခြင်း (၈) ဒုက္ခ- ဆင်းရဲခြင်း အားဖြင့် လောကဓံရှစ်ပါးဖြစ်သည် ။ ဤ (၈) ပါး လုံးကို အစဉ်တိုင်း အဓိပ္ပါယ်များကို ပြောပြချင်ပါတယ် ။ (၁) လာဘ - လာဘ်လာဘ ပေါ်များခြင်း __________________________ ဘာကြောင့် လာဘ်လာဘ ပေါ်များရတာလဲ အရာရာတိုင်းမှာ အကြောင်း+ အကျိုး နိယာမသဘောတရားဆိုတာရှိပါတယ် အတိတ်ဘဝက လူဖြစ်ရခြင်း အကြောင်းကုသိုလ်ကံကို လုပ်ခြင်းကြောင့် ယခုပစ္စုပ္ပန်ဘဝမှာ လူ ဖြစ်ရခြင်း အကျိုးတရားကိုရရှိလာခဲ့ကြတာပါ။ ကမ္ဘာမှာ အချမ်းသာဆုံး လူတိုင်းရဲ့ ပါးစပ်ဖျားရေပန်းစားနေတဲ့ ဘီလျံနာသူဋ္ဌေးကြီး ဘီလ်ဂိတ်အကြောင်းကို မပြောတော့ပါဘူး လက်ရှိမြန်မာနိုင်ငံမှာ သူဋ္ဌေးကြီးစာရင်ဝင် မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ကိုပဲ စံနမူထားပြီးပဲ ပြောပါရစေ ။ စားပွဲထိုးဘဝကနေ မြန်မာနိုင်ငံသူဋ္ဌေးကြီးစာရင်းဝင်ထိအခုလိုချမ်းသာလာခဲ့တာ ဘာကြောင့်လဲ ။ ဘာကြောင့်လဲဆိုတော့။ ချမ်းသာအောင် ကြိုးစားခဲ့လို့ ချမ်းသာအောင်အလုပ်တွေလုပ်ခဲ့လို့ ထိုင်နေလို့တော့ ဘာမှဖြစ်လာမှာမဟုတ်သလို ချမ်းသာကြီးပွားလာမှာလဲ မဟုတ်ပါဘူး ။ ချမ်းသာကြီးပွားခြင်းရဲ့အကြောင်းတွေကိုလုပ်ခဲ့လို့ပါ ။ အလုပ်လုပ်တိုင်း အလုပ်ကြိုးစားတိုင်းလဲ ကြီးပွားမချမ်းသာကြပါဘူး ။ ကြီးပွားချမ်းသာဖို့ လာဘ်လာဘတွေပေါ်များလာဖို့ဆိုရင် ဤအချက်လေးတွေ ရှိဖို့လိုအပ်ပါတယ် >>>>>>> ကိုယ့်လုပ်တဲ့အလုပ်အပေါ်မှာ > လေးစားခြင်း ။ > ချစ်မြတ်နိုးခြင်း ။ > စေတနာထားခြင်း ။ > ကြိုးစားခြင်း ။ > ယုံကြည်မူရှိခြင်း ။ ကိုယ်နဲ့အလုပ်အတူတူ လုပ်တဲ့သူအပေါ်မှာလဲ > ရိုးသားခြင်း ။ > စေတနာထားခြင်း > ယုံကြည်မူရှိခြင်း ဤ အချက်တို့ နှင့် ပြည့်စုံတဲ့သူဟာ ဘယ်အလုပ်ကိုပဲလုပ်လုပ် ကြီးပွားချမ်းသာမှာ ဧကန်မလွဲပါဘူး ။ ဒါဟာ ။ လက်ရှိပစ္စုပ္ပန် လက်တွေ့ကျကျ သဘောတရားကိုပြောတာပါ ။  တရားသဘောနဲ့ပြောရမယ်ဆိုတော့ >>>>>>>> ချမ်းသာကြီးပွား လာဘ်လာဘ ပေါ်များဖို့ဆိုရင် ကံ, ဥာဏ်,ဝီရိယ ဤသုံးပါးနှင့်ပြည့်စုံဖို့လိုအပ်ပါတယ် ။ > ရှေး အတိတ်ဘဝ ယခုလက်ရှိပစ္စုပ္ပန်ဘဝ၌ကောင်းမူကုသိုလ်ကံရှိခြင်း ။ > ထက်မြတ် စူးရှသော ဥာဏ်ပညာရှိခြင်း ။ > ကြိုးစားအားထုတ်မူရှိခြင်းတို့ဖြစ်ပါသည် ။  ကျွန်တော်နှင့်တကွ မိတ်ဆွေ သူငယ်ချင်းများအားလုံး စတီးမစ် မှာ ပို့စ်တင်ရင် ပိုက်ဆံရကြပါတယ် ။ နောက် အသိပညာ ဗဟုသုတတွေ ကိုယ်စီ ဖလှယ်ကြလို့ ကိုယ်သိတဲ့ အသိထက် အသိပညာ ဗဟုသုတတွေ ထပ်တိုးသိရလို့ စတီးမစ်ကိုလုပ်ရတာ အဖက်ဖက်က ပျော်စရာလဲကောင်းပါတယ် ။ စတီးမစ်မှာပို့တင်သောအခါ ကိုယ်သိတဲ့အသိပညာတွေကို တခြားသောမိတ်ဆွေတွေကိုသိစေခြင်းဆိုတဲ့စိတ် စေတနာလေးထားဖို့ ကိုယ့်လုပ်တဲ့အလုပ်ကိုယုံကြည်ဖို့ ကိုယ်တင်လိုက်သောပို့စ်ကို တခြားသူတွေက vote မပေးလဲစိတ်ဓာတ်မကျပဲ ဆက်ကြိုးစားဖို့ ကျွန်တော် ရေးတင်လိုက်သော ပို့စ်တွေ ဟာ လိုအပ်ချက်တွေအများကြီးရှိတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်လဲ သိပါတယ် ။ ကျွန်တော် steemitကိုစလုပ်တာ သိပ်မကြာသေးပါဘူး ဒါကြောင့် ကျွန်တော်ဆက်ကြိုးစားနေမှာပါ ။ မိတ်ဆွေသူငယ်ချင်းများလဲ စိတ်ဓာတ်မကျဘဲ ဆက်လက်ကြိုးစားနေဖို့ ဒီနေရာက အားပေးလိုက်ပါတယ်မိတ်ဆွေသူငယ်ချင်တို့ ။ photos from googel written by letwethondara ကြိုးစားလျှက်