G4 မှ စကားသံများ (ကွာကာအမှုအရှုပ်တော်ပုံ)
myanmar·@linnhyotaryar·
0.000 HBDG4 မှ စကားသံများ (ကွာကာအမှုအရှုပ်တော်ပုံ)
 ညတစ်ညဝယ် G4 မှ စုံထောက်ကျော်ကြီးသုံးယောက်ဖြစ်သည့် ကိုအင်း ၊ ကိုနှင်း နှင့် အဆွေတော် ကျွန်တော်မျိုး ငလင်း တို့မှာ ဓာတ်ပုံတစ်ပုံဖြင့် အလုပ်ရှုပ်နေကြပြန်လေသည်။ ထိုဓာတ်ပုံအတွင်းရှိလူမှာလည်း G4 ၏ ထူးဆန်းထွေပြား အဖြစ်အပျက်များ နှင့် ပတ်သက်နေသည့် အမှုသည်တစ်ဦးဖြစ်နေချေသည်။ ခေါင်းချင်းဆိုင်ရာ တစ်ပုံတည်းရှိသော ထိုအမှုသည် ၏ ဓာတ်ပုံကို ဘက်ပေါင်းစုံကနေကြည့်ပြီး ဝေဖန် လေကန်ရေး ဆင်းကြလေတော့သည်။ ဖြစ်ပုံက ဒီလိုဗျ။ G4 ဆိုသည့် အိမ်ကြီးထဲကို ကွာကာဆိုသည့် လူထူးဆန်းပုဂ္ဂိုလ်တစ်ယောက်ဝင်လာပြီးတော့ ထူးဆန်းသောစကားတစ်ခွန်းမေးသွားတာက စတာပဲ။ " ummm မင်္ဂလာပါ အကိုတို့ အမတို့ရေ ကျွန်တော့်ကို G4 က လူတွေ ဘယ်လိုမြင်ကြလဲ ဘယ်လိုထင်ကြလဲဆိုတာ ပြောပေးသွားကြပါနော် ကျွန်တော်အိပ်ချင်နေလို့ ပြန်လိုက်အုန်းမယ် မနက်ုဖန်ကျရင် ထင်မြင်ချက်တွေ အများကြီးကြားချင်တယ် Psycho " ပြီးတော့ ထိုသူပြောပြီးနောက် သဲလွန်စအဖြစ် ဓာတ်ပုံတစ်ပုံထားခဲ့လေသည်။ G4 မှ အခြားသူများကလည်းမရှိ ထိုအချိန်မှာလည်း စုံထောက်ကျော်ကြီး စတီမစ်ပုလင်းဦးအင်းဝ ၊ စတီမစ်ပုလင်းကိုမောင်နှင်း ၊ စတီမစ်ပုလင်း ကိုမောင်လင်း တို့မှာ ထိုအရာနဲ့ပတ်သက်ပြီး ငြင်းခုံရေးဆင်းရတော့ပြန်သည်။ ထိုအချိန်မှာ တိတ်ဆိတ်နေသည့် ညသန်းခေါင်အချိန်ကို ဗဟိုပြုပြီး ရုတ်တရက် ချောင်းဟန့်သံနှင့်အတူ စတီမစ်ပုလင်းဦးအင်းဝ မှ စကားစချီလေသည်။ သူ၏စတိုင်မှာ အသက်အကြီးလည်းဖြစ်သောကြောင့် မျက်နှာခပ်တည်တည်နေဖို့ အချိန်ကြိုးစားသော်လည်း ပြောင်တိပြောင်ဆက်ဖြစ်နေသဖြင့် မျက်နှာပေါက်ကို ပြင်ကာ အောင်မြင်သူလေသံဖြင့် ပြောလိုက်လေသည်။ " အင်းဗျာ စတီမစ်ပုလင်းဖြစ်တဲ့ ကျုပ် အင်းဝ မြင်တာကတော့ နန်းတော်ကြီးဗျ အဲ့ ဟုတ်ပေါင် ပိန်ပိန်ပါးပါးပဲဗျ ပြီးတော့ အကျီဖြူလေး ဝတ်ထားတယ် ဒီမှာကြည့် အမယ် အမယ် လက်ထဲမှာ ကုတ်အကျီအနက်လေးနဲ့ စတိုင်က တွံတေးသိန်းတန် စတိုင်လ်နဲ့ ကိုင်ထားသေးတယ်ဗျို့ အောက်ဘက်ကတော့ ဘာဝတ်ထားတယ်ဆိုတာ အတိအကိတော့ မသိဘူးဗျာ မမြင်ရဘူးလေနော့် ပုံလေးက သေးနေတယ် ကိုယ့်လူတို့ ခန့်မှန်းချက်အရတော့ ယောပုဆိုးဖြစ်တန်ကောင်းပါရဲ့ဗျာ မြင်သလောက်တော့ အာ့တာပဲဗျ ဟဲဟဲ " ထိုအချိန်တွင် ဓာတ်ပုံကို မှန်ဘီလူးဖြင့် အသေအချာကြည့်နေသည့် စတီမစ်ကိုမောင်နှင်းက အထိတ်တကြားဖြင့် ထပြောလိုက်လေသည်။ " ဟာ ကိုယ့်လူ အသက်ကြီးပြီး မျက်လုံးများ မှုန့်ရော့သလားဗျာ ယောပုဆိုးမဟုတ်ဘူးဗျ သေချာကြည့်အုန်း စတိုင်ပင်ကြီးနဲ့ " " အမြင်ကိုပြောဆိုလို့ ပြောရတာလေဗျာ မမြင်တဲ့ဟာတွေကိုတော့ ရမ်းတုတ် ရမ်းချမပေါ့ဗျာ ကိုယ့်လူကလည်း " " ဒီမှာကြည့် ဦးအင်း ဘောင်းဘီအိတ်ထဲ လက်မကြီးထိုးထည့်ထားတာ မြင်လား " " ဟိုက်စ့် ကိုနှင်း အမြင်တော်တော်စူးရှလိုက်လေရဲ့နော် လူငယ်ဖြစ်နေပြီး အဲ့လောက် အမြင်စူးရှတာ တော်တော်ကို တော်တယ်လို့ ပြောရမယ် " ထိုစကားကိုကြားသောအခါ စတီမစ်ကိုမောင်နှင်းသည်လည်း ပြုံးရမလိုလို မဲ့ရမလိုလိုဖြစ်သွားပီး မျက်နှာပိုးအမူအရာကို ရပ်ကာ စကားဆက်ပြောလိုက်လေသည်။ " ကျန်တဲ့ လက်လေးချောင်းကို အပြင်ထုတ်ထားတယ်ဗျ တော်တော် ထူးဆန်းတယ် " " အမယ်လေး အဲ့ဆို ကျန်တဲ့ လက်တစ်ချောင်းကရော ဘယ်ရောက်သွားတုန်း " " အပေါင်ဆိုင်ရောက်သွားတာနေမှာပေါ့ အဲ့ မဟုတ်ပါဘူး မသိဘူး အခု ဖြဲကြည့်နေတယ် " " ဟာ ဖြဲကြည့်နေတယ် အိုရ် လူဆိုး " ဦးအင်းဝကြီးမှာ ချက်ချင်းကြီး လက်ညိုးတစ်ချောင်းကို အောက်နှုတ်ခမ်းပေါ်တင်ပြီး ခပ်နွဲ့နွဲ့လေသံဖြင့် ပြောလိုက်လေတော့သည်။ " ဟာ ဘာတွေ တွေးနေတာတုန်း မှန်ဘီလူးနဲ့ ဖြဲကြည့်နေတာပြောတာလေ မှားပြောမိရင်လည်း မကောင်းဘူးလေ အားနာစရာကြီးဗျာ " " ဟင်း ဟင်း ကြည့်ဖြဲနော် တော်ကြာ ဘောင်းဘီပြဲသွားလို့ လျှော်နေရအုန်းမယ် " " အမယ်ငီး ဘယ်ဘက်လက်ကတော့ ကုတ်အကျီလေးနဲ့ ဖူံထူာတယ် လက်ချောင်းလေးတွေကိုတော့ မဖုံးထားဘူးဗျို့ မဖုံးဆို စိန်လက်စွပ်ကြီး ကွယ်သွားမှာစိုးလို့ဖြစ်မယ်ဗျို့ " " ဟာ အမယ်ငီး " ဦးအင်းဝ မှာ အလွန်တရာအံ့ဩသွားသောလေသံဖြင့် အာမေဋိတ်အသံထွက်လာလေသည်။ ဓာတ်ပုံကို ကိုမောင်နှင်းထံက အတင်းယူလိုက်သောငြားလည်း ကိုမောင်နှင်းမှ မပေးဘဲ အတင်းဆက်ပြောနေလေသည်။  " စိန်နဲ့ ပလတ်တီနမ်စပ်ထားတဲ့ လက်စွပ်ပဲ။ စစ်ကိုင်းက စိန်ဆိုင် သို့ ရန်ကုန်ရောက်တုန်း ဒီစိန် နဲ့ ပလတ်တီနမ် တစ်ဆိုင်ဆိုင်က ဝယ်တာလို့ ခန့်မှန်းလို့ရတယ်ဗျ ကျွန်တော် မှန်းရင် မှားခဲပါတယ် " ကိုမောင်နှင်းလည်း မေးစိမှ သေးငယ်လှသော မဟာအမွှေးလေးများကို သပ်ရင်း မျက်စိကို အပေါ်ကိုမော့တင်ကာပြောလိုက်လေသည်။ " ဒါ အဓိကအချက် Main ပွိုင့်ဗျာ " ဦးအင်းဝက လက်ခုပ်လက်ဝါးတီးပြီး အားပေးရှာလေသည်။ ထို့နောက် စကားဆက်ပြောလိုက်လေသည်။ " တောင်ပါပေတယ် ကိုနှင်းမောင်ရယ် မနက်ကျရင် အဆဲခံရရင် ကိုနှင်းမောင် တစ်ယောက်ထဲနော် ကျွန်တော်မပါဘူး " " ဟ ဦးအင်းလည်း အတူတူကြည့်နေတာပဲ အခုမှ နွားကြီးသွားဖြဲပြီး ငါမဖြဲဘူးမလုပ်နဲ့လေ " " ဟိုကမြင်တာကိုပဲ ပြောခိုင်းတာလေ ဖြဲခိုင်းတာမှ မဟုတ်တာ " ထိုအချိန်တွင် မျက်မှန်တစ်လက်ဖြင့် မှန်ဘီလူးကိုင်ကာကြည့်နေသော စတီမစ်ကိုမောင်လင်း မှ ရုတ်တရက်ထပြောလိုက်လေသည်။ " လူကြီးမင်းတို့ မင်္ဂလာပါ " " ငင့် ဘာလားဟ " ဦးအင်း နှင့် ကိုနှင်းမှာ ရုတ်တရက်ကြောင်သွားလေသည်။ " အော် ဒီကိစ္စက ဒီလိုရှိပါတယ်ဗျ ကျွန်တော်တွေ့တာကတော့ စိန်လက်စွပ်ကြီးနှစ်ကွင်းတွေ့တယ်ဗျ စိန်က ကံကောင်းခြင်းတွေ လာမယ်လို့ ယုံပြီးဆောင်တာနေမယ် အိုင်ပီတို့ " " ငှယ့် " အသက်အကြီးဆုံးဖြစ်သည့် စတီမစ်ဦးအင်းမှာ အံ့ဩမှုအပြည့်ဖြင့် မြည်တမ်းလိုက်လေသည်။ ထိုအချိန်တွင် ရုတ်တရက် ကိုနှင်းဖြစ်သူက ငိုသံပါကြီးနဲ့ တစ်စခန်းထပြန်လေတော့သည်။ " အမယ်လေး ဦးအင်းရဲ့ အစွယ်လိုသူ မိဖုရား ၊ အသွားစေခိုင်းသူ မင်း ဧကရာဇ်တို့အနက်မှ ဘေးပစ်သူ ဘုရား ကျွန်တော်မျိုး တစ်ယောက်ထဲသာ အဆဲခံရတော့မတဲ့လေး အမယ်လေး အဟင့် အဟင့် ရွှတ် " မျက်ရည်တွေအပြင် နှပ်တွေပါထွက်လာသဖြင့် ဘောင်းဘီဖြင့် ကပ်သုတ်တာ တစ်ရှုပ်ရှုပ်ဖြစ်နေလေသည်။ ထိုအချိန်တွင် ဦးအင်းမှ ထပြောလေသည်။ " ငင့် သေသေးဘူးလေ မငိုနဲ့လေ တိတ်ပါဟ " " အဟမ်း ဆက်ပြောမယ် ဒီမှာ ကြယ်သီးကိုကြည့် ညာဘက်ကနေသုံးလုံး ဘယ်ဘက်မှာ သုံးလုံးမြင်လား သက်သက်ထွင်ထားတာ သေချာတယ် သုံးဂဏန်းကို သဘောကျတာဖြစ်ရမယ် "  " ကြည့်လိုက်အုန်းမယ် ပေးအုန်း " ဦးအင်း နဲ့ ကိုနှင်းမှာ ဓာတ်ပုံကို လုယူသွားလိုက်ပြီး သေချာပြူပြဲကြည့်နေလေသည်။ " အဲ့မှာ သေချာကြည့်အုန်း နားရွက်ကားတယ်ဗျ မြင်လား အဲ့ဒါ မျက်နှာပြင်ဖတ်ပညာအရဆိုရင် နားရွက်ကားတဲ့သူက အမြဲတိုင်းတွေးနေတယ်။ ရှာဖွေရေးလုပ်နေတယ် ငါ့မှငါဆိုပြီး ယုံကြည်မှုပြင်းတဲ့ သဘောဗျို့ ။ အောက်နှုတ်ခမ်းကိုကြည့် ထူတယ်တွေ့လား "  " နှုတ်ခမ်းနီလေးပါ ပါသေးသလားလို့ " ဦးအင်းက ပြောလိုက်လေသည်။ ထိုအဆိုကို ထောက်ခံမဲဖြင့် ပြန်ပြောလိုက်သည်ကတော့ ကိုနှင်း ။ " သူချည်းသာလော့ ဖိုတိုရှော့လေးနဲ့ပါ ဖျာ့ " မျက်လုံးကို ဘယ်ညာပွတ်ပြီး ဦးအင်းဖြစ်သူက ပြောလိုက်လေသည်။ " အိပ်ချင်မူးတူးဖြစ်နေလို့လားမသိဘူး မိန်းကလေအသွင်မြင်မိနေတာလားမသိဘူး " ကိုလင်းဖြစ်သူက ဆက်ပြောလိုက်လေသည်။ " ထူတဲ့နှုတ်ခမ်းကို သေချာကြည့်ကြည့် အရစ်လေးတွေရှိတယ် " " ကြည့်ဘူး ရှက်တယ် " ကိုနှင်းမှာ ချက်ချင်းကို ရှက်သွေးဖြာသွားလို့ မှောင်နေတဲ့မျက်နှာဟာ မည်းသွားလေသည်။ " အဲ့ အရစ်ပါတဲ့နှုတ်ခမ်းက ဘာတဲ့ နမ်းရင် နောက်တစ်ခါ နမ်းချင်စိတ်ဖြစ်လာစေတယ်တဲ့ မျက်နှာဖတ်ပညာက ပြောတာနော် မယုံရင် သွားနမ်းကြည့်နော် ဦးအင်း နဲ့ ကိုနှင်း တို့ နှစ်ယောက်သွားနမ်းကြည့် " " အမယ်လေး အထိုးခံရရင် ဆေးဖိုးပေးမလား " " စထှာ ဒီအကျီအနားမှာ ကြည့်ကြည့် ညာဘက်လည်ပင်းအနားမှာ အလုံးလေးတစ်လုံးတွေ့လား အဲ့ဒါ ဆွဲကြိုးလည်းဖြစ်နိုင်သလို တစ်ခုခုလည်းဖြစ်နိုင်တယ် သေချာတာကတော့ အိုင်ပီကိုနှင်းပြောသလိုပဲ ပလတ်တီနမ်တစ်ဆင်စာများ ဝယ်ထားတာထင်တာပဲ " " ဟာ ထပ်ကြည့်အုန်း " ပလတ်တီနမ်တစ်ဆင်ဟုပြောနေချိန်တွင် မေးပွတ်ကာ တွေးနေကြသော ဦးအင်း နှင့် ကိုနှင်းမှာ ရုတ်တရက်အလန့်တာကြားဖြစ်သွားပီး အထစ်ထစ်အငေါ့ငေါ့ဖြင့် " ဘာကြီးတုန်းဟ " " ဒီမှာကြည့် လက်စွပ်ကို သေချာကြည့် အမြဲတမ်းစွပ်တာမဖြစ်နိုင်ဘူး လက်ချောင်းကသေးနေတယ် လက်စွပ်ကထွားနေတယ် သေချာကြည့်ကြည့်နော် ပုံရိုက်မှာမို့လို့ အိမ်တွင်းပစ္စည်းတွေထဲက မိဘပိုင်တွေထုတ်ဝတ်လာတာများလား " " ကောက်ရတာဆိုရင်ကော ဒါမှမဟုတ် ဓာတ်ပုံဆိုင်ကနေ ငှားဝတ်တယ်ဆိုရင်ကော " ဦးအင်းက ခပ်တွေးတွေးနဲ့ ပြောလိုက်လေသည်။ " ဟာဗျာ သုံးယောက်ပြောနေတာ ကြာတယ် သွားလာ ဒီလောက်တောင်ဖြစ်နေတာ ကွာကာကို သွားဖမ်းပြီး ရိုက်စစ်ရအောင် " " ဟုတ်တယ် ဦးအင်း သွားမယ် " ကိုနှင်းက အားကျမခံ ပြန်ပြောလိုက်လေသည်။ " ဘောင်းဘီကို သေချာကြည့် ကြေနေတာမြင်ရမယ် သေချာတယ် ဒါက မီးပူမတိုက်ရသေးဘူးဆိုတာ သေချာတယ် " " အမယ်လေး တော်လိုက်တာ ငလင်းရယ် ဒီတစ်ချက် အရမ်းပညာရတာပဲကွယ် ကိုနှင်း ပညာယူထားသက်လား " " လက်ကလည်း အကြောစိုင်ကြီးတွေထွက်လို့ရယ်နော် ဓာတ်ပုံတစ်ခါရိုက်ဖို့အရေး အတော်ကို အားယူထားရတဲ့ပုံဖြစ်နိုင်တယ် လက်ကြီးက အကြောတွေတင်းနေတာပဲ " ထိုအချိန်တွင် ဝုန်းဒိုင်းဆိုပြီး ကိုနှင်းက စားပွဲကို လက်ဖြင့် ရိုက်လိုက်ပြီး " အရေးကြီးတဲ့ သဲလွန်စတစ်ခုရပြီဗျို့ " " ဟဲ့ ဖြည်းဖြည်းပြောပါဟ ဒီအချိန် တို့သုံးယောက်ပဲ မအိပ်ဘဲ လေကန်နေတာ အဲ အမှုထောက်လှမ်းနေတာ " " ဒီမှာ ဓာတ်ပုံ ညာဘက်အောက်ဆုံးမှ Royal King တဲ့ သေချာကြည့် ဒါက ဓာတ်ပုံဆိုင်ပဲ ဖြစ်ရမယ်။ ဖုန်းနံပါတ်လည်း ပါတယ်။ အဲ့တော့ အဲ့ဓာတ်ပုံဆိုင်ကို ဖုန်းဆက်မေးကြည့်ရမယ် အဲ့ဆိုရင် ပြတ်နေတဲ့ ကွင်းဆက်တွေဖြစ်တဲ့ လက်စွပ်တွေ ဘောင်းဘီကိစ္စတွေ အတိအကျသိရလိမ့်မယ် ဓာတ်ပုံဆိုင်မှာ ရိုက်ဖို့အတွက် အိမ်ကနေ သေချာပြင်ဆင်ထားရလိမ့်မယ် "  " ကျွန်တော်တော့ ဓာတ်ပုံဆိုင်ရောက်မှ ငှားဝတ်တယ်ထင်နေတာ " ဦးအင်းက ပြန်တုံ့ပြန်လေသည်။ " အဟင်း ဒီပုံအရတော့ ပုံမရိုက်ခင် သေချာပေါက် တစ်ခုခု လုပ်ကိုလုပ်ရလိမ့်မယ် " " ဟိုက်စ့် အတင်းကို လုပ်ခိုင်းနေတာပဲ ငလင်းကတော့ " ဦးအင်း မျက်လုံးပြူးရင်းပြန်ပြောလိုက်လေသည်။ " မှန်ကိုသေချာကြည့်ပြီး ကျနော်ချောလားဆိုပီး လုပ်မှာ သေချာတယ် " " ဟုတ်တယ် ဒါတော့ ထောက်ခံတယ် ကျနော်တော့ သူ့ပုံစံက ထိတ်လန့်နေတဲ့ ပုံစံမျိုးဖြစ်နေတာ " ကိုနှင်းမှာ အတင်းကိုထောက်ခံနေလေတော့သည်။ " ကင်မရာကြောက်နေတာလား ဟင် " " ကျနော့်အထင်တော့ ဓာတ်ပုံဆရာက ငါ့ကို ချောအောင်မရိုက်ရင်ဒုက္ခပါပဲဆိုပီး စိုးရိမ်စိတ်တွေကြောင့် ထိတ်လန့်နေတဲ့ ပုံစံဖြစ်နေတာပဲ ဖြစ်ရမယ် " " ဟာ ကိုလင်းပြောတဲ့အတိုင်းသာရင် အိုင်ပီတို့ရေ ဒီလူကတော့ ထင်ယောင်ထင်မှားရောဂါဖြစ်နေပြီဆိုတာ ကောက်ချက်ချလို့ရတယ် သက်သေပြစရာရှိတယ် ကိုယ့်လူရေ ဒီမှာကြည့် သူပြောသွားတဲ့ နောက်ဆုံးစကား "  " ဟာ ဟုတ်တယ်ဗျို့ ဒီလူက တစ်စုံတစ်ခုကို ရူးသွပ်နေတာပဲ မနက်ဖြန် သူလာဖြစ်မှာလား မလာဖြစ်ဘူးလား " " တော်ကြာ စိတ္တဇတွေဖြစ်ပြီး တစ်ခုခုလုပ်လိုက်မှဖြင့် " " အိုင်ဆေးတို့ ပြောနှင့်ကြအုန်း ကျုပ်တော့ စိတ်မချဘူးဗျာ အခုပဲ လိုက်သွားပီး စစ်မေးသင့်ရင် မေးဖို့ သွားလိုက်အုန်းမယ်။ " " ငလင်း ရေ မင်းနဲ့ ငါနဲ့ ဝိညာဉ်လွှင့်ပြီး လိုက်သွားရအောင်ကွာ " " ဟုတ်ပြီဗျာ ဦးအင်းရေ " စားပွဲတစ်ခုပေါ်တွင် ပြုံးပြနေသော ဓာတ်ပုံတစ်ပုံကတော့ တစ်ဦးတည်းကျန်ရစ်နေနေပါတော့သတည်း။ ထိုဓာတ်ပုံမှာ ပဟေဠိတွေ ထပ်ရှိနိုင်လိမ့်အုန်းမယ်ဆိုတာ ဘယ်သူက အများကြီးသိနိုင်မှာလဲပေါ့နော်။ @လင်းညို့တာရာ @linnhyotaryar MSC - 226
👍 linnhyotaryar, mamamyanmar, aungsanlwin, aurokarshine, mgmgaung, myanmarpyithar, suhlaing, shweyaungmyanmar, htwegyi, zarmanizawlinn, oliverrock, aprillay, linnkhant42, steem-myanmar, angelol, htetwaihin, masterinnwa, nyinyiwin, good-karma, demo, feruz, esteemapp, camelot, curie, locikll, mahdiyari, anwenbaumeister, hendrikdegrote, kevinwong, oscarcc89, markangeltrueman, tantawi, aboutyourbiz, howtostartablog, justdentist, praise-eu, gabox, joe.public, bobdos, spectrums, chimtivers96, slickhustler007, zipporah, kushed, dashfit, pacokam8, sethroot, chillingotter, cizzo, laviniatherapist, arconite, lenin-mccarthy, skycae, wisewoof, drakkomaximo1234, benleemusic, coloringiship, bennettitalia, iwanderela, honeysara,