"Smile"
myanmar·@mahaw·
0.000 HBD"Smile"
မင်္ဂလာပါ မိတ်ဆွေတို့။ အ ပြုံးတစ်ပွင့်ရဲ့ တန်ဘိုးကို အနည်းငယ် ပြောရစေ။ လူတစ်ယောက်ရဲ့ အပြုံးဟာ အခြားလူတွေကို အေးချမ်းစေပါတယ်။ ပျော်ရွင်စေတယ်၊ ကြည်နူးစေတယ်။ လူ အချင်းချင်းဆက်ဆံရေးမှာ အပြုံးဟာ နွေးထွေးစေတယ် ၊ ရင်းနှီးစေတယ်။ အပြုံးဟာ မေတ္တာတရားရဲ့သင်္ကေတပါ။  လူတွေဟာ ပြုံးလိုက်တာနဲ့ ကိုယ် ကိုယ်တိုင်နဲ့ တခြားလူပါ ပျော်ရွှင်စေတယ်။ ဒီလောက်အဖိုးတန်တဲ့ အပြုံး ကို ဘာကြောင့်ကပ်စေးနည်းနေကြတာလဲဗျာ။ စိတ်တွေ မကြည်မလင်ဖြစ်နေလား ပြုံးကြည့်လိုက်ပါ။ ချက်ချင်း စိတ်ကြည်လင်လာပါလိမ့်မယ်။ ဒေါသထွက်နေလား ပြုံးကြည့်လိုက်ပါ၊ ဒေါသတွေ ကင်းစင်လာပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ကိုယ်အမူအရာ တွေထဲမှာ အပြုံးဟာ လူ့စိတ်နဲ့ ဆက်သွယ်မှု အရှိဆုံးပါ။ ပျော်ရွှင်ကြည်နူးစိတ် နဲ့ ပိုပြီးပက်သက်မှုရှိတယ်။  စိတ်ချမ်းသာချင်ရင် အပြုံးနဲ့ ဖန်တီးလို့ရပါတယ်။ ငါ စိတ်ချမ်းသာချင်တယ် ၊ ငါစိတ်ချမ်းသာချင်တယ် လို့ ပြောပြီး ဆုတောင်းနေလို့ စိတ်ချမ်းသာမလာပါဘူး။ အပြုံးတစ်ပွင့်ကို ဖန်တီးကြည့်လိုက်ပါ။ ဆုတောင်းစရာ မလိုဘဲ စိတ်ချမ်းသာလာပါလိမ့်မယ်။ မလွယ်လွန်းဘူးလားဗျာ။ မိတ္တဗလ ကျမ်းတွေမှာလည်း အပြုံး ရဲ့တန်ဘိုးကို အထူးချီးကျူးပြီး တိုက်တွန်းထားပါတယ်။ ရေးမယ်ဆိုရင် အများကြီးပါဗျာ။ တစ်နေကုန် အလုပ်မှာပင်ပန်းပြီး အိမ်ပြန်လာလို့ အိမ်သူသက်ထားလေးက အပြုံးနဲ့ ဆီးကြိုရင် ဘယ်လောက်အေးချမ်းသလဲဗျာ။ သားသား ၊ မီးမီး လေးတွေက ဖေဖေဆိုပြီး အပြုံးနဲ့နှုတ်ဆက်ရင် ရင်ထဲမှာအေးချမ်းလွန်းပြီး၊ ပီတိတွေဖြာထွက်နေတာ ကြုံဖူးကြမှာပါ။ ကိုယ်က သူတစ်ပါးဆီက အပြုံးလိုချင်လျင် သူတစ်ပါးကို ကိုယ်ကလည်း အပြုံးတွေ လက်ဆောင်ပေးသင့်ပါတယ်။  အလုပ်ထဲမှာ ဝန်ထမ်းအချင်းချင်း ဖြစ်လေ့ဖြစ်ထရှိတာကို အနည်းငယ်ပြောပြပါမယ်။ သူကပြုံးပြမှ ပြန်ပြုံးပြတာ ၊ အပြုံးနဲ့နှုတ်ဆက်တာကို ပြောတာပါ။ကိုယ်က စပြီး ပြုံးပြနှုတ်ဆက်ရမှာ တော်တော်ဝန်လေးနေကြတယ်။ မာနဘဲထိခိုက်သွားသလိုလို၊ ဂုဏ်သိက္ခာဘဲ ကျသွားသလိုလို စပြီမပြုံးချင်ကြဘူး။ အတ္တ ကြီးသူတွေ ပိုဖြစ်တတ်တယ်။ တစ်ချို့ဆို မပြုံးတတ်လောက်အောင်ကို အရယ်အပြုံးနည်းတယ်။ နွေးထွေးမှုဟာ သူတို့နဲ့ မသက်ဆိုင်သလို ဒဏ်ခတ်ခြင်းခံရတာ သူတိုမသိဘူး။ စိတ်အလိုမကျခြင်းဟာ အပြုံးနည်းသူတွေမှာ ပိုဖြစ်တယ်။ ဖော်ရွှေပါ ၊ ပြုံးပါဆိုတာ သူတစ်ပါးအတွက် ပြောခြင်းမဟုတ်ပါ။ သင့်အကျိုးအတွက် ပါ။ သင်စပြီး ပြုံးလိုက်တာနဲ့ သင့်စိတ် ဟာ လန်းဆန်းနေပါပြီ။ သူတစ်ပါးကို မေတ္တာမထားတတ်ရင် အပြုံးကို ဖန်တီးခြင်းဖြင့် မေတ္တာတရားတွေ တိုးပွားလာစေပါတယ်။ ကျွန်တော် အံ့ သြတာ ပြောချင်ပါတယ်။ ပြုံးလိုက်တာနဲ့ ဘာကြောင့်စိတ်အေးချမ်းရတာလဲ။ နည်းနည်းတော့ ထူးဆန်းသလိုဘဲဗျာ။ လူ့ရဲ့စိတ်ကို သူ့မျက်နှာမှာ ဖတ်လို့ရတယ်ဆိုတာ ဟုတ်မှာ။ ဒါဆို ပြောင်းပြန်တွေးကြည့်မယ်ဗျာ။ စိတ်ညစ်နေတာတွေ၊ စိတ်မချမ်းသာတာတွေကို အပြုံးဖြင့် ဆေးကုမယ်ဆိုရင် မကောင်းဘူးလား။ ဆိုလိုချင်တာက အပြုံးဖြင့်စိတ်မချမ်းမြေ့မှုကို ကျော်လွှားနိုင်မယ်ထင်တယ်။ သူ့ကြည့်လိုက်ရင် အမြဲ ပြုံးနေတာဘဲလို့ ပြောဆိုတာကြားဖူးကြမှာပါ။ ထိုသူတွေမှာစိတ်သောကနည်းပါးကြပါတယ်။ အမြဲပြုံးနေနိုင်တာဟာ နှလုံးသွင်း မှန်လို့ပါ။ ဒီလိုဘဲ ယောမနသီကာရ လို့ခေါ်တဲ့ နှလုံးသွင်းမှန်ရင် အမြဲပြုံးနေနိုင်ပါတယ်။ မိတ်ဆွေတို့လည်း အမြဲ ပြုံးနိုင်ပါစေ လို့ဆုတောင်းလိုက်ပါတယ်။ photo - facebook MSC-228 @mahaw
👍 mahaw, coralbright, zawhtat, theinzawlin, nang.myint.thwel, nannhtike, asterkame, lwanwai, phyozawooburmes, generalpyone, kyi, naylinn, thihakoko, thetnaingmin, naingwintun, sandipoe, yway, zawmyotun, winko, kyawzaywin, uthantzin, yuzana, good-karma, demo, feruz, esteemapp, yekungsatthone, hzerok, soeyan, leeshang, ansoe, domelay, htetnainglin, camelot, curie, liberosist, meerkat, locikll, anwenbaumeister, hendrikdegrote, kushed, pharesim, jasimg, xanderslee, markangeltrueman, aboutyourbiz, howtostartablog, spectrums, arrjey, zipporah, pacokam8, oscarcc89, bennettitalia, ninjace, tensor, romanaround,