Fish Distillation ( Part - 5 )

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@mamamyanmar·
0.000 HBD
Fish Distillation ( Part - 5 )
## ငါးပေါင်း ပြုလုပ်နည်း အမျိုးမျိုး ( အပိုင်း - ၅ )

### ငါးပေါင်းချဉ်စပ် ပြုလုပ်နည်း


Hello , all steemitmember



အစားတစ်လိုင်းတို့ရဲ့ ထုံးစံအတိုင်း စာရေးဖို့ရာ အကြောင်းအရာ စဉ်းစားမရရင် အစားအစာ ချက်ပြုပ်နည်း အား စာရေး post တင် ပါသည်
အစားအစာ အကြောင်း ဆိုတော့ စာဖတ်စရာလည်းမလို ဦးနှောက်ခြောက်စရာလည်းမလို ချီတက်မိ စရာလည်းအကြောင်းမရှိ ကိုယ်စားတာ ကိုရေး အဆင်ကို ပြေလို့ 
စားရင်းနဲ့ စာရေး post တင်လို့လည်းရ postတင်ရင်း ဗိုက်ဆာလာပါက ထစား လို့လည်းရ ပါသည်

ဒါ့ကြောင့် ပြီးခဲ့သည့်ရက်ပိုင်းက ကထိန်အလှူ တွင် ကြွေးမွေးဧည့်ခံခဲ့ သည့်
ငါးပေါင်း ပြုလုပ်နည်း နှင့် အတူ ငါးပေါင်းပြုလုပ်နည်း အမျိုးမျိုး အကြောင်းတို့အား ရေးသားလိုက်ပါသည်

ယနေ့ ရေသားမည့် ငါးပေါင်း ကတော့ ငါးပေါင်းချဉ်စပ်  ဖြစ်ပါသည်



 ![image](https://img.esteem.ws/qmildvk1zl.jpg)



## ငါးပေါင်းချဉ်စပ်


### ပါဝင်ပစ္စည်းများ

- ဆလားဗီးယားငါး ၂၅ ကျပ်သား  ၁ ကောင်
- သုံပုရားသီး ရေ လ္ဘက်ရည် ပုဂံ ၁ လုံး
- ကြက်သွန်နီ  ၃ လုံး
- ခရမ်းချဉ်သီး  ၃ လုံး
- ကြက်သွန်ဖြူ - ၅ မွှာ
- ငံပြာရည် ဟင်းစားဇွန်း ၁ဇွန်း
- ဂျင်း လက် ၁ ဆစ်
- နန္နင်းမှုန့် - အနည်းငယ်
- ငရုတ်သီး အကြမ်းမှုန့် ဟင်းစားဇွန်း ၁ ဇွန်း
- ငရုတ်သီးစိမ်း ၁၀တောင့်
- မုန်လာဥနီ  ၁ တောင့်
- ကိုက်လံ ၃ ပင်
- မုန်ညှင်း ၂ဖတ်
- မျှစ်  ၅ ကျပ်သား
- ဆား အနည်းငယ်
- ဆီ အနည်းငယ်
- အရသာမှုန့် အနည်းငယ်
- နံနံပင် ၁ စည်း
- မန်ကျည်းမှည့် - ၂ ကျပ်သား
   ( သို့ )
- ဗင်နီဂါ ဟင်းစားဇွန်း ၁ ဇွန်း

 ![image](https://img.esteem.ws/ysaay0yohb.jpg)


### ပြုလုပ်ပုံ



ဆလားဗီးယားငါးကို အကြေးခွံ ချွတ်ပြီး  ရေဆေး သန့်စင်ထားပါ 
ထို့နောက် မန်ကျည်းသီးမှည့် ( သို့ ) ဗင်နီဂါ ရည် သုတ်လိမ်းပြီး ရေပြန်ဆေးပြီး ရေစစ်ထားပါ

ဆား နနွင်း အရသာမှုန့်၊  နှင့် နယ်ပြီး ၁၅မိနစ် ခန့်နှပ်ထားပါ

ဂျင်း ကြက်သွန်ဖြူ  ငရုတ်သီးစိမ်း  အားလုံးကို ရောထောင်းထားပါ

ထို့နောက် မန်ကျည်းမှည့် ( သို့) ဗင်နီဂါ  ဂျင်း ကြက်သွန်ဖြူ  ငရုတ်သီးစိမ်းထောင်းများ ထည့်၍ ငါးချည်း သက်သက် ပေါင်း ပါ

အသီးအရွက်များ မျှစ် အားလုံး တို့အား ရေစင်အောင်ဆေး အရွယ်တော် လှီးထားပါ

ကြက်သွန်နီ ခရမ်းချဉ်သီး  လှီးထားပါ
   
အိုးအတွင်း ဆီထည့် နန္နင်းမှုန့် ငရုတ်သီး အကြမ်းမှုန့် ကြက်သွန်ဖြူ တို့ထည့်ဆီသတ်ပါ
ထိုနောက် ကြက်သွန်နီ ခရမ်းချဉ်သီး ထည့်မွှေ လှီးထားသော အသီးအရွက်များအားလုံးထည့်မွှေ ငံပြာရည် အရသာမှုန့်များ ထည့်၍ ဖျော်ထားသော မန်ကျည်းမှည့်ရေ များ ငရုတ်သီးစိမ်းထောင်း ထည့် ၍ ဆူလာပါက မီးပိတ်ပါ

ပေါင်းထားသောငါးပေါင်း ကျက်သည်တွင် ပုဂံ တစ်ခုတွင်ထည့် ပါ
အပေါ်မှ ဆီသတ်ထားသော ဟင်းအနှစ်များ လောက်ထည့် နံနံပင် ငရုတ်ကောင်းမှုန့်များဖြူ ၍ စားသုံးနိုင်ပြီ ဖြစ်ပါသည်

အရသာရှိလှသည့် ချဉ်ငံစပ် ငါးပေါင်း ဟင်းတစ်ခွက် ဖြစ်ပါသည်



@mamamyanmar
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,