Subbath Day and Sagaing Pagodas ( Part - 9 )

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@mamamyanmar·
0.000 HBD
Subbath Day and Sagaing Pagodas ( Part - 9 )
## ဝါတွင်း ၃ - လ နှင့် စစ်ကိုင်း ဘုရားပွဲများ ( အပိုင်း - ၉ )

Hello , all steemit member.

 ![image](https://img.esteem.ws/65s358ouc0.jpg)

ယနေ့ သည်  တော်သလင်းလပြည့် နေ့ ဥပုဒ်နေ့ ဖြစ်ပါသည်

ကျမ တို့ စစ်ကိုင်းမြို့တွင် ဝါတွင်း ၃ လ ကာလ အတွင်းတွင် ဘုရေားပွဲ များပြုလုပ် ကျင်းပသော ဘုရားပွဲ ကျင်းပရာ ဘုရားစဉ် ဟူသည့် ဓလေ့ထုံးတမ်း တစ်ခု အဖြစ် နှစ်ပေါင်း မြောက်များစွာကတည်းမှ စတင်ကာ ယနေ့ကာလ အထိ တိုင်အောင် ဆင်နွဲ လာခဲ့ကြပါသည်

စစ်ကိုင်းမြို့ ၏ ဝါဆိုလပြည့် နေ့မှ သီတင်းကျွတ်လပြည့်လနေ့ အထိ
ဆင်ယင် ကျင်းပ ခဲ့သော ဘုရားစဉ် ဘုရားပွဲ များ ၏ ဘုရားအမည် များကို
စာချိုးလေးများ ဖြင့် ခေါ်ဝေါ် ခဲ့ကြပါသည်

ဘုရားစဉ် လင်္ကာ စာချိုးလေးကတော့

### "ပုံ တောင် ဇေ ချမ်း ဥ နန်း နန် လေး ပ ထူ ရှင် ငါး အောင် ကောင်း "
ဟူ ၍ ဖြစ်ပါသည်

စစ်ကိုင်းမြို့ တွင် ဝါဆိုလပြည့် နေ့မှ သီတင်းကျွတ်လပြည့်လနေ့ အထိ ဆင်ယင် ကျင်းပ ခဲ့သောဝါတွင်းကာလ ဘုရားစဉ် ဘုရားပွဲ များ မှ

ယနေ့ ကျင်းပပြုလုပ်သော ဘုရားပွဲမှာ "ပတ္တမြားစေတီ "ဘုရားပွဲ ဖြစ်ပါသည်

ဘုရားစဉ် လင်္ကာ စာချိုးး တွင်တော့ " ပ " ဖြစ်ပါသည်

ပတ္တမြားစေတီ ဘုရားသည် စစ်ကိုင်း မြို မြောက်ဘက်  စ်ကိုင်း- မင်းကွန်း သွား လမ်းပေါ်တွင် ရှိသော ဝါးချက်ကျေးရွာ တွင် တည်ရှိ ပါသည်



## ပတ္တမြားစေတီ ဘုရားသမိုင်း


စစ်ကိုင်းတောင် မြောက်ပိုင်းဒေသရှိ ပတ္တမြားစေတီသည် “မဏိကဉ္စနတောင်” အမည်ရတဲ့ ပတ္တမြားရွှေတောင်ကုန်းထက်၌ တည်ထားကိုးကွယ်သော စေတီမြတ်တစ်ဆူဖြစ်ပါတယ်
 စစ်ကိုင်းတောင်၌ တောင်စဉ်တောင်တန်းပေါင်း ၃၇ လုံးရှိသည့်အနက် ပတ္တမြားစေတီ တည်ရှိသောတောင်မှာ အမြင့်ဆုံးတောင်ဖြစ်ပါတယ်

သာသနာ ၂၁၈ ခုနှစ်၌ နန်းတက်သော ''သီရိဓမ္မာသောက'' မင်းတရားကြီးသည် နိဂြောဓသာမဏေ၏ တရားကို နာကြားမိချိန်မှစ၍ သာသနာတော်၌ အထူးသက်ဝင် ကြည်ညိုစိတ်ဖြစ်ခဲ့ပြီး သာသနာနှစ် ၂၂၄ ခုနှစ်က ၉၆- ကုဋေသော အသပြာငွေကို ထုတ်၍ ဇမ္ဗူဒိပ်ကျွန်းအနှံ့ စေတီပုထိုးများကို တစ်ပြိုင်နက် တည်စေခဲ့ပါသည်
အရေအတွက်အားဖြင့် များလှစွာသော ထိုစေတီပုထိုးများထဲတွင် ပတ္တမြားစေတီလည်း အပါအ၀င်ဖြစ်ပါတယ်

ပတ္တမြားစေတီကို ထပ်မံပြု ပြင်ခဲ့သည့် ကုသိုလ်ရှင်ကတော့ သက္ကရာဇ် ၇၂၆ ခုနှစ်တွင် (၇၇၆-ဟုလည်း မူကွဲရှိ) ထင်ရှား ကျော်ကြားတော်မူသည့် ဥမင်၃၀ အလှူရှင် “ပဒူသံဃရာဇာ” အရှင်မြတ်ဖြစ်ပါသည်

ပါးစပ်ရာဇဝင်များတွင်တော့ …
အမျိုးသမီးတစ်ယောက်က ယာခင်းထဲက ကောက်ရသော ပတ္တမြားတွေကို ရောင်းပြီး ပြိုပျက်နေသော ဤစေတီတော်ကို ပြန်လည်ပြင်ဆင်ခဲ့သဖြင့် ပတ္တမြားစေတီဟု၎င်း

သူခိုးကြီး ငတက်ပြားက ခိုးယူ၍ ရရှိလာသော ပစ္စည်းဥစ္စာတို့ဖြင့် အကုန်ခံ၍ ပြုပြင်ခဲ့သောကြောင့် အများကောင်းမှု ဖြစ်သည်ဟု ယူဆကာ အများစေတီဟု အမည်ရှိရာမှ နောင်တွင် အများစေတီမှ ပတ္တမြားစေတီဟု၎င်း ခေါ်ဆိုခဲ့ခြင်းဖြစ်ကြောင်း အသီးသီး ပြောဆို ခဲ့ကြပါသည်

ပတ္တမြားစေတီဘုရား ပွဲတော်ရက်ကတော့ တော်သလင်းလပြည့်နေ့ ဖြစ်ပါသည်  လပြည့်အကြို အဖိတ်နေ့ ညနေခင်းမှစ၍ တောင်ပေါ်သို့ ဘုရားဖူးများ စည်စည်ကားကား လာရောက်ဖူးမျှော်လေ့ ရှိကြပါသည်

အခုခေတ် ပတ္တမြားစေတီဘုရားပွဲ တွင်တော့ ခေတ်တွေ ပြောင်းလဲလာတဲ့အခါ အရာရာဟာလဲ တိုးတက်ပြောင်းလဲ လာစမြဲမို့
ခုဆို ပတ္တမြားစေတီဘုရားရဲ့ အနောက်ဘက်မှာ ဘုရားပေါ် အရောက်ဖောက်ထားသော ကားလမ်း မှ ကားများ ဆိုင်ကယ်များဖြင့် ဘုရားသို့ လွယ်ကူစွာတက်ရောက်ဖူးမျှော် ကြည်ညိုနိုင်ပြီ ဖြစ်ပါတယ်

ဝါးချက်ကျေးရွာနှင့် အနီးတစ်ဝိုက်ကျေးရွာများမှလည်း ဘုရားဖူးလာသူများအား စတုဓိသာ မုန့်များ ထမင်ူများဖြင့် ဧည့်ခံ ကျွေးမွေ ကြသည့် ချစ်စရာ့ဓလေ့ များယနေ့တိုင်အောင် ရှိနေသော ဘုရားပွဲတော် ကြီး ပင် ဖြစ်ပါသည်

 ![image](https://img.esteem.ws/br975xgub3.jpg)

ပတ္တမြားစေတီ ဘုရား သို့ စစ်ကိုင်းမြို့ ရပ်ကွက်ပေါင်းစုံ တို့မှ ဆွမ်းတော်ကြီးအာရုံတော် ဝတ်အသင်းများ အပြင် ရွာနီးချူပ်စပ်ရှိ ဆွမ်းတော်ကြီးအသင်းများမှပါ ဆွမ်ကြီးလောင်းလှူ ခြင်း စာရေးတန်မဲ ကပ်လှူခြင်းများနှင့် အရုဏ်တော် ဝတ်အသင်းများက ဘုရားရှင်အား ဆွမ်းခဲဖွယ် သစ်သီး ဆီမီး ပန်း ရေချမ်းများ ကပ်လှူ ပူဇော်ခဲ့ကြပါသည်


……  နောက်တစ်ပတ် ဆက်ရန် ……


@mamamyanmar
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,