မောရှမ်းပြည်က ရေတံခွန်
esteem·@mgmg·
0.000 HBDမောရှမ်းပြည်က ရေတံခွန်
မြန်မာနိုင်ငံဟာဆိုရင် ဘယ်နေရာ၊ဘယ်ဒေသကိုပဲ ကြည့်ကြည့် မပျက်စီးဘဲကျန်ရှိနေတဲ့ သဘာဝကပေးတဲ့ လက်ဆောင်တွေဖြစ်တဲ့ တောင်တောင်၊ ရေတံခွန်၊ စိမ့်စမ်းစတဲ့ ရင်သပ်ရှုမောဖွယ် အလှတရားတွေနဲ့ ပြည့်စုံနေပါတယ်။ ချစ်စရာကောင်းတဲ့တိုင်းရင်းသားတွေထဲကတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားတွေ အများဆုံးရှိတဲ့ရှမ်းပြည်နယ်မှာ လည်း ရှုမငြီးဖွယ်လှပတဲ့ သဘာဝအလှတရားတွေများစွာ ရှိနေပါတယ်။ နေထိုင်ကြတဲ့တိုင်းရင်းသား တွေကလည်း ဖော်ရွှေပြီး တစ်ဦးပေါ်တစ်ဦး ရိုင်းပင်းကူညီတတ်ကြပါတယ်။ ရှမ်းလူမျိုးတွေကသူတို့ကိုယ်သူတို့ ‘တိုင်း’ လို့ခေါ်ကြပြီး ရှမ်းမျိုးအစ မိုင်းမောက ဆိုပြီး ဆိုရိုးလင်္ကာတွေတောင် ရှိခဲ့ပါတယ်။ ရှမ်းပြည်နယ် တည်ရှိတဲ့ ကုန်းပြင်မြင့်က ပြည်ထောင်စု မြန်မာနိုင်ငံမှာဆိုရင် ရှေးအကျဆုံး ကုန်းမြေစိုင်ဖြစ်ပြီးတော့ အဲဒီဒေဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၁၀၀၀ ကမ်ဘာရီယန်ခေတ် မတိုင်မီကတည်းက ကုန်းဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်ရဲ့ အမြင့်ပေမှာ ၃၀၀၀ နှင့် ၄၀၀၀ ပေကြားမှာ ရှိပါတယ်။ အချို့တောင်တန်းတွေကတော့ ၅၀၀၀ မှ ၇,၅၀၀ ပေ ထိအောင် မြင့်ကြပါတယ်။ အဲဒီလိုလှပတဲ့တောင်တန်းတွေအပြင် သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ ရေတံခွန်၊စမ်းချောင်းတွေလည်း ဖြစ်ပေါ်တည်ရှိနေပါတယ်။ အဲဒီသဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ ရေတံခွန်၊ စမ်းချောင်းတွေထဲကမှ သဘာဝအတိုင်း လှမြဲလှနေတဲ့ ‘ဟိုက်ပါ’ ရေတံခွန်ကြီးလည်းရှမ်းပြည်နယ်မှာ ရှိပါတယ်။ အဲဒီ ‘ဟိုက်ပါ’ ရေတံခွန်ဟာဆိုရင်တော့ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့ရဲ့အနောက်ဘက် ၁၂မိုင်အကွာမှာ တည်ရှိတာဖြစ်ပါတယ်။ သဘာဝအတိုင်းတည်ရှိနေတာဖြစ်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အလှတရားတွေနဲ့ ပြည့်စုံနေတာ ဖြစ်ပါတယ်။ ရေတံခွန်ကကျတဲ့ စိမ်းနေတဲရေပြင်နဲ့ ရေတံခွန်ဝန်းကျင်က တောင်တောင်သဘာဝ အလှတွေက စိတ်ကိုကြည်လင်လန်းဆန်းစေနိုင်မှာဖြစ်ပါတယ်။ သဘာဝအတိုင်းကျန်ရှိနေသေးတဲ့ ရေတံခွန်တွေထဲကမှ အလှဆုံးအဖြစ်ထိပ်ဆုံးကရပ်တည်နေတဲ့ ရေတံခွန်ကြီးဖြစ်ပါတယ်။ အခွင့်အခါကြုံခဲ့မယ်ဆိုရင် ဒီလိုသဘာဝအလှတရားတွေနဲ့ ပြည့်နေတဲ့ရှမ်းပြည်နယ်ရယ်၊ သဘာဝအတိုင်းလှပနေတဲ့ ‘ဟိုက်ပါ’ ရေတံခွန်ကို သွားရောက်လည်ပတ်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။