အမေ့ရဲ့ အချစ်တော်လေးတွေ....
myanmar·@mgtoetat·
0.000 HBDအမေ့ရဲ့ အချစ်တော်လေးတွေ....
 ကျွန်တော့် အမေမှာ မွေးထားတဲ့ သားသမီး သုံးယောက်ရှိတယ်။တကယ်တော့ ငါးယောက်ဗျ။ဟုတ်တယ်လေ သူ့ရဲ့ အချစ်တော် သားနဲ့ သမီးပါ ထည့်ပေါင်းမယ်ဆိုရင် ဆိုပါတော့။အမေက သူ့သားသမီးတွေတော့ သိပ်ချစ်သား တခါတလေ ကိုယ်တောင် pet ဘဝ ရောက်ရောက်သွားသလိုဘဲ။သူ့ သား နှင့် သမီး နှစ်ကောင် (အဲ မှားလို့) နှစ်ယောက်ကို တကယ့် သားရင်း သမီးရင်း တွေလိုဘဲ။"ခွေး(dogs) နှစ်ကောင်၊အဲ့ နှစ်ကောင်" အဲ့လိုတွေ သုံးနှုန်းရင် မကြိုက်ဖူးဗျ။ သား နှင့် သမီး လို့ သုံးနှုန်းမှ ကြိုက်တာဗျ။ ပထမတော့ ကျွန်တော်လည်း ဘယ်အကျင့်ရှိမလဲ။နောက်တော့ နှစ်ကောင် အစား အမေ့ သား နှင့် သမီး နှစ်ယောက်လို့ ပါးစပ်ကထွက်တတ်သွားတာပဲ။ထွက်မှဘဲ မထွက်ရင် ငရုတ်ကျည်ပွေ့ နဲ့ ထုခံရတော့မယ်။အမေ က ဒီလိုချစ်တာလည်း အကြောင်းရှိပါတယ်။သူက တကယ့်သားရင်း သမီးရင်းတွေလို ပြုစု မွေးမြူခဲ့ရတာကိုး။လသား အရွယ်လောက်ကတည်းက အမေ့လက်ထဲရောက်လာပြီး ကိုယ်တိုင် နို့ဗူးတိုက်မွေးမြူခဲ့ရတာလေ။အဲ့တော့ အရမ်းးချစ်ပြီပေါ့ဗျာ။  အဲ့ခွေးလေးတွေကလည်း အမေချစ်မယ်ဆို ချစ်စရာဘဲဗျ။ချစ်စရာ အမှုအရာတွေလုပ်ပြတတ်တယ်။ကျွန်တော်တို့ထက် အမေ့ကို ပိုချစ်စရာကောင်းအောင် လုပ်ပြတတ်တယ်။ လူစကားလည်း တော်တော်နားလည်သား တခါတလေ ကျွန်တော်တို့တောင် အမေပြောတာ နားမလည်ဘူး။ပြောရမယ်ဆို အမေ့ခံစားချက်ကိုပေါ့။ အမေက သူ့သားသမီးတွေကမှ ပိုအားကိုးရသလို ဟာသနှောပြီးပြောနေတတ်တယ်။ဟုတ်တော့လဲ ဟုတ်တယ်ဗျ။ ဧည့်သည်ဘာညာ လာရင်များ ကျွန်တော်တို့က မကြားဘဲ (တကယ်က မကြားချင်ယောင်ဆောင်ရင်း မကြားတော့တာ) တံခါးထ မဖွင့်ပေးရင်များ သူတို့က တရူးရူး တရှဲရှဲ နဲ့ ကနာကိုမငြိမ်တော့ဘူး။ အမေ့(mother)ဆီ ပြေးလိုက် တံခါးဆီပြေးလိုက်ပေါ့။ ဟုတ်တယ်လည်း ဟုတ်ပါတယ် သူတို့လေးတွေရှိတာ ခြံလုံတယ် အားကိုးရတယ်။ သစ္စာရှိတယ်။ ကျွန်တော်တို့သာ အပေါင်းအသင်းရောင်းရင်းတွေနဲ့ အမေ့ကို ချန်ရစ်ခဲ့ပြီး သွားချင်ရာသာသွားတာ သူတို့က အမေ့နားက တစ်ဖဝါးမှ မခွာဘူး။  အဲ့လိုကို ချစ်စရာ(lovely) ကောင်းတဲ့ ကောင်လေးတွေ။တကယ်တော့ ခွေး(dog) တွေဟာ လူတွေအတွက် အကောင်းဆုံး အဖော်မွန်ပါ။သမိုင်းတစ်လျှောက် လူတွေနဲ့ ယှဉ်တွဲပြီး လူတွေရှိတဲ့ အရပ်ဒေသမှာ အကောင်းဆုံးအဖော်အဖြစ်ရှိနေခဲ့ကျတာ လူ့သမိုင်း စတင်ကတည်းကလို့ သိရတယ်။သူတို့လေးတွေ အပေါ် စာနာပါ၊နားလည်ပေးပါ။ သူတို့ ဝမ်းနည်းတာကို သတိထားမိရင် သူတို့လေးတွေမှာ လည်း ခံစားတတ်တဲ့ အသည်းနှလုံးရှိတယ်ဆိုတာ သိပါလိမ့်မယ်။ photos by @mgtoetat written by @mgtoetat MSC-073 - [ ]
👍 mgtoetat, anomaly, kyawhlaing, yairthiha, myintlwinsoe, htetlinaungg, zinzin, eieikhing, minsoenaing, myothuzar, mgzayyar, nainghtetlin, paingphyothu, minnowhelper, nado.bot, olegpasha, bryz, ayemomo, thethtooaung, sawmyattun, aurokarshine, twingyiwunmaung, pyaesone101, yethihakyaw, camelot, curie, liberosist, meerkat, locikll, anwenbaumeister, hendrikdegrote, awesomianist, cryptokrieg, ewuoso, phogyan, sammarkjames, jasimg, dks100, markangeltrueman, aboutyourbiz, lizelle, spacetrucker, spectrums, aussieninja, thatdamiguy, jpphotography, kushed, crimsonclad, pharesim, ausbitbank, spiry-btc, tjcdc, dante31, marshalllife, teamhumble, steemulator, techmojo, appreciator,