လာဘ္လာဘ

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@min2thant·
0.000 HBD
လာဘ္လာဘ
ဟိုးးးးး ဘုရားရှင်လက်ထက်တော်ကာလကပေါ့ ဗျာတို့ရယ်  အဲ 

(ဒီလောက်ဆို သောက်ကြီးသောက်ကျယ်ပြောတော့မယ်ဆိုတာ  သဘောပါရောပေါ့) 

အဲ ဒီလိုကိုးဗျ ဖြစ်ပုံက-

တခါသား ဘုရားရှင်ရဲ့တပည့် ရဟန်းသံဃာတွေ ဟာ ကုဋီတက်ရင်း ခွက်ထဲမှာ သန့်သက်ရေ ချန်ထားခဲ့တဲ့ ကိစ္စလေးနဲ့ ပက်သက်ပီး သံဃာနစ်ခြမ်းကွဲကြဆိုပါရောလားဗျ

သံဃာနှစ်ခြမ်းကွဲတော့  ကိုးကွယ်တဲ့ ဒါယိကာ ဒါယိကာမ ပိတ်သတ်ကလဲ နှစ်ခြမ်းကွဲကြဆိုသကိုးး

ဘုရားရှင်ကတော့ ဆုံးမပါတယ်

ဒါပေသိဗျာ
နောက်တော်ပါ ဒါယိကာဒါယိကာမတွေ အားကိုးနဲ့ သံဃာတွေက ဘုရားစကားနားမထောင်ကြပဲ ဂိုဏ်းကွဲမြဲကွဲနေကြတော့  ဘုရားရှင်ခမျာ  ရဟန်းသံဃာတွေကိုခွဲခွါပီး တောမြိုင်ထဲ တစ်ပါးတည်းဝင်ပီးသကာလ တောထဲက ဘုရားရှင်နဲ့ဘဝတူသင်းကွဲဆင်ပြောင်ကြီးတစ်ကောင်ရဲ့ လုပ်ကျွေးပြုစုမှုကိုခံယူရင်း  တရားကျင့်ကြံအားထုတ်နေတော်မူပါသတဲ့

ဒီလိုနဲ့ အချိန်တွေကြာလာတော့ နှစ်ခြမ်းကွဲနေတဲ့သံဃာတွေကငြင်းကြခုန်ကြတာနဲ့ အလုပ်ရှုပ်နေတော့  ကိုးကွယ်တဲ့ ဒါယိကာဒါယိကာမတွေက အမြင်မကြည်ကြတော့ပဲ   ဒီသံဃာတွေမညီညွတ်လို့  ဘုရားရှင်ဆီက တရားဒေသနာတွေ မနာကြားရတာဆိုပီး ပစ္စည်းလေးပါကအစ အကုန်သပိတ်မှောက်ကြပါလေရောတဲ့ဗျာတို့ရယ်

ဒီလိုဆိုတော့မှသံဃာတွေလဲ ဒါယိကာဒါယိကာမတွေဆီက ရတဲ့လာဘ်လာဘတွေဟာ  သူတို့ဘုန်းကံကြောင့်မဟုတ်မှန်း သိလာကြပီး
ဘုရားရှင်ရဲ့ဘုန်းကံ မေတ္တာတရားတော်တွေကြောင့်ဆိုတာ  သဘောပေါက်လာကြပြီး အရှင်အာနန္ဒာဆီကိုသွား ဘုရားရှင်ထံ တောင်းပန်ကြပီး  ညီညွတ်စွာနေကြပီး ပြန်လည်သင့်မြတ်သွားကြကာ  နိဗ္ဗာန်ရောက်ကြောင်းတရားတွေကို ပြန်လည်အားထုတ်နိုင်ကြပါသတဲ့

ကဲကဲ  ပြောချင်တာလေးက ဒီလောက်ပါပဲ

ဒီထဲမှာ သံဝေဂယူသင့်တာကတော့  
ဘုရားသံဃာတော်တွေဟာ မိမိတို့ရရှိနေတဲ့ လာဘ်လာဘတွေကို မိမိတို့ဘုန်းကံကြောင့်ချည်း မသတ်မှတ်စေချင်သလို  ဘုရားရှင့်ရဲ့သားတော်တွေဖြစ်တဲ့အတွက်ကြောင့်သာ  လာဘ်လာဘရရှိနေတယ်ဆိုတာ မမေ့အပ်သင့်ကြောင်းနဲ့ 

(လူပုဂ္ဂိုလ်တွေအနေနဲ့လဲ  မိမိတို့ရဲ့  နိုင်ငံရေး စီးပွါးရေး လူမှုရေး ပညာရေး စတဲ့  ကိစ္စမှန်သမျှအားလုံးရဲ့ အောင်မြင်မှုတွေဟာ  မိမိတို့ရဲ့ ကိုယ်ပိုင်အစွမ်းအစချည်းမဟုတ်ပဲ  နောက်ကွယ်ကနေ ပံ့ပိုးကူညီပေးနေကြတဲ့မိဘပြည်သူတွေ သူဌေးလုပ်ငန်းရှင်တွေ ဆရာဆရာမတွေ စတဲ့ဆိုင်ရာဆိုင်ရာတွေရဲ့  ကူညီစောင်မမှုတွေလဲ  ပါဝင်ကြောင်း မမေ့အပ်သင့်ကြောင်းပါဗျာတို့ရယ် 

ဒီလိုပြောရခြင်းက  ဥပမာပေါ့လေ
ကျောင်းသားတစ်ယောက်စာမေးပွဲအောင်ခြင်းဟာ ကျောင်းသားရဲ့ကြိုးစားအားထုတ်မှုတင်မက မိဘဆရာသမားတွေရဲ့ကျေးဇူးထောက်ပံ့မှုတွေနဲ့မကင်းနိုင်သလို

နိုင်ငံရေးသမားတွေ သူဌေးတွေ ဝန်းထမ်း  အလုပ်ပ်သမားတွေ စသည်စသည်တို့ဟာ  
မိမိတို့လုပ်ကိုင်သမျှရဲ့နောက်ကွယ်က ကူညီသူတွေကိုမမေ့အပ်သင့်ဘူးထင်လို့ပြောရကြောင်းပါဗျာတို့ရယ်)

နောက်ထပ်ပြောချင်တာလေးကတော့ ဆိုခဲ့သလို  ဘုရားရဲ့သားတော်တွေဖြစ်လို့သာ လာဘ်လာဘရတာလို့ခံယူသင့်သလို

ဒါယိကာဒါယိကာမတွေအနေနဲ့လဲ
ရဟန်းသံဃာတွေအပေါ် ဘာာာဘာညာ မပြောမဆိုကြပဲနဲ့  ဘုရားသားတော်တွေလို့ပဲ ရည်မှန်းပီးသကာလ ပြောဆိုသင့့် လှူဒါန်းသင့်ကြောင်းနဲ့  ဒီလိုမဟုတ်ပဲ  ဟိုဟာဒီဟာ လျှောက်ပြောနေကြရင်ဖြင့်
ဘာဖြစ်လာမယ်ဆိုတာ မသိနိုင်ဘူးလားလို့ပါဗျာတို့ရယ်

ဘာ့ကြောင့်လဲဆိုတော့
ဟိုတလောလေးက ကျေးရွာတစ်ရွာဘက်မှာဖူးခဲ့ရတဲ့  သက်ကြီးဝါကြီးဆရာတော်တစ်ပါးပြောတဲ့ ဥပမာလေးသဘောကျမိလို့ပါဗျာတို့ရယ်

ဘာတဲ့
တခါသား ပုဂ္ဂိုလ်တစ်ဦးဟာ(လူမှန်းရဟန်းမှန်းမသိလို့)
လမိးဘေးဝန်းထရံမှာချိတ်နေတဲ့   ချီး(မစင်) ပေနေတဲ့  သင်္ကန်းစလေးကိုတောင်  ဘုရားသားတော်တွေ ရုံတဲ့  သင်္ကန်းစလေးပဲဆိုပီး တရိုတသေ ထိုင်ရှိခိုးခဲ့ဖူးတဲ့ကုသိုလ်နဲ့  နတ်ပြည်ရောက်ခဲ့သေးတယ်ဆိုတော့ကာ

အဲ  ကျန်တာကတော့ မိမိတို့သဘောအတိုင်းပါပဲလို့

ကျုပ်တို့ကတော့ စိတ်ကူးပေါက်လို့  လက်ကမြင်းလိုက်ရကြောင်းပါဗျာတို့ရယ်

ဒါပါပဲ


Zawgyi

ဟိုးးးးး ဘုရားရွင္လက္ထက္ေတာ္ကာလကေပါ့ ဗ်ာတို႔ရယ္  အဲ 

(ဒီေလာက္ဆို ေသာက္ႀကီးေသာက္က်ယ္ေျပာေတာ့မယ္ဆိုတာ  သေဘာပါေရာေပါ့) 

အဲ ဒီလိုကိုးဗ် ျဖစ္ပုံက-

တခါသား ဘုရားရွင္ရဲ႕တပည့္ ရဟန္းသံဃာေတြ ဟာ ကုဋီတက္ရင္း ခြက္ထဲမွာ သန႔္သက္ေရ ခ်န္ထားခဲ့တဲ့ ကိစၥေလးနဲ႕ ပက္သက္ပီး သံဃာနစ္ျခမ္းကြဲၾကဆိုပါေရာလားဗ်

သံဃာႏွစ္ျခမ္းကြဲေတာ့  ကိုးကြယ္တဲ့ ဒါယိကာ ဒါယိကာမ ပိတ္သတ္ကလဲ ႏွစ္ျခမ္းကြဲၾကဆိုသကိုးး

ဘုရားရွင္ကေတာ့ ဆုံးမပါတယ္

ဒါေပသိဗ်ာ
ေနာက္ေတာ္ပါ ဒါယိကာဒါယိကာမေတြ အားကိုးနဲ႕ သံဃာေတြက ဘုရားစကားနားမေထာင္ၾကပဲ ဂိုဏ္းကြဲၿမဲကြဲေနၾကေတာ့  ဘုရားရွင္ခမ်ာ  ရဟန္းသံဃာေတြကိုခြဲခြါပီး ေတာၿမိဳင္ထဲ တစ္ပါးတည္းဝင္ပီးသကာလ ေတာထဲက ဘုရားရွင္နဲ႕ဘဝတူသင္းကြဲဆင္ေျပာင္ႀကီးတစ္ေကာင္ရဲ႕ လုပ္ေကြၽးျပဳစုမႈကိုခံယူရင္း  တရားက်င့္ႀကံအားထုတ္ေနေတာ္မူပါသတဲ့

ဒီလိုနဲ႕ အခ်ိန္ေတြၾကာလာေတာ့ ႏွစ္ျခမ္းကြဲေနတဲ့သံဃာေတြကျငင္းၾကခုန္ၾကတာနဲ႕ အလုပ္ရႈပ္ေနေတာ့  ကိုးကြယ္တဲ့ ဒါယိကာဒါယိကာမေတြက အျမင္မၾကည္ၾကေတာ့ပဲ   ဒီသံဃာေတြမညီၫြတ္လို႔  ဘုရားရွင္ဆီက တရားေဒသနာေတြ မနာၾကားရတာဆိုပီး ပစၥည္းေလးပါကအစ အကုန္သပိတ္ေမွာက္ၾကပါေလေရာတဲ့ဗ်ာတို႔ရယ္

ဒီလိုဆိုေတာ့မွသံဃာေတြလဲ ဒါယိကာဒါယိကာမေတြဆီက ရတဲ့လာဘ္လာဘေတြဟာ  သူတို႔ဘုန္းကံေၾကာင့္မဟုတ္မွန္း သိလာၾကပီး
ဘုရားရွင္ရဲ႕ဘုန္းကံ ေမတၱာတရားေတာ္ေတြေၾကာင့္ဆိုတာ  သေဘာေပါက္လာၾကၿပီး အရွင္အာနႏၵာဆီကိုသြား ဘုရားရွင္ထံ ေတာင္းပန္ၾကပီး  ညီၫြတ္စြာေနၾကပီး ျပန္လည္သင့္ျမတ္သြားၾကကာ  နိဗၺာန္ေရာက္ေၾကာင္းတရားေတြကို ျပန္လည္အားထုတ္နိုင္ၾကပါသတဲ့

ကဲကဲ  ေျပာခ်င္တာေလးက ဒီေလာက္ပါပဲ

ဒီထဲမွာ သံေဝဂယူသင့္တာကေတာ့  
ဘုရားသံဃာေတာ္ေတြဟာ မိမိတို႔ရရွိေနတဲ့ လာဘ္လာဘေတြကို မိမိတို႔ဘုန္းကံေၾကာင့္ခ်ည္း မသတ္မွတ္ေစခ်င္သလို  ဘုရားရွင့္ရဲ႕သားေတာ္ေတြျဖစ္တဲ့အတြက္ေၾကာင့္သာ  လာဘ္လာဘရရွိေနတယ္ဆိုတာ မေမ့အပ္သင့္ေၾကာင္းနဲ႕ 

(လူပုဂၢိဳလ္ေတြအေနနဲ႕လဲ  မိမိတို႔ရဲ႕  နိုင္ငံေရး စီးပြါးေရး လူမႈေရး ပညာေရး စတဲ့  ကိစၥမွန္သမွ်အားလုံးရဲ႕ ေအာင္ျမင္မႈေတြဟာ  မိမိတို႔ရဲ႕ ကိုယ္ပိုင္အစြမ္းအစခ်ည္းမဟုတ္ပဲ  ေနာက္ကြယ္ကေန ပံ့ပိုးကူညီေပးေနၾကတဲ့မိဘျပည္သူေတြ သူေဌးလုပ္ငန္းရွင္ေတြ ဆရာဆရာမေတြ စတဲ့ဆိုင္ရာဆိုင္ရာေတြရဲ႕  ကူညီေစာင္မမႈေတြလဲ  ပါဝင္ေၾကာင္း မေမ့အပ္သင့္ေၾကာင္းပါဗ်ာတို႔ရယ္ 

ဒီလိုေျပာရျခင္းက  ဥပမာေပါ့ေလ
ေက်ာင္းသားတစ္ေယာက္စာေမးပြဲေအာင္ျခင္းဟာ ေက်ာင္းသားရဲ႕ႀကိဳးစားအားထုတ္မႈတင္မက မိဘဆရာသမားေတြရဲ႕ေက်းဇူးေထာက္ပံ့မႈေတြနဲ႕မကင္းနိုင္သလို

နိုင္ငံေရးသမားေတြ သူေဌးေတြ ဝန္းထမ္း  အလုပ္ပ္သမားေတြ စသည္စသည္တို႔ဟာ  
မိမိတို႔လုပ္ကိုင္သမွ်ရဲ႕ေနာက္ကြယ္က ကူညီသူေတြကိုမေမ့အပ္သင့္ဘူးထင္လို႔ေျပာရေၾကာင္းပါဗ်ာတို႔ရယ္)

ေနာက္ထပ္ေျပာခ်င္တာေလးကေတာ့ ဆိုခဲ့သလို  ဘုရားရဲ႕သားေတာ္ေတြျဖစ္လို႔သာ လာဘ္လာဘရတာလို႔ခံယူသင့္သလို

ဒါယိကာဒါယိကာမေတြအေနနဲ႕လဲ
ရဟန္းသံဃာေတြအေပၚ ဘာာာဘာညာ မေျပာမဆိုၾကပဲနဲ႕  ဘုရားသားေတာ္ေတြလို႔ပဲ ရည္မွန္းပီးသကာလ ေျပာဆိုသင့့္ လႉဒါန္းသင့္ေၾကာင္းနဲ႕  ဒီလိုမဟုတ္ပဲ  ဟိုဟာဒီဟာ ေလွ်ာက္ေျပာေနၾကရင္ျဖင့္
ဘာျဖစ္လာမယ္ဆိုတာ မသိနိုင္ဘူးလားလို႔ပါဗ်ာတို႔ရယ္

ဘာ့ေၾကာင့္လဲဆိုေတာ့
ဟိုတေလာေလးက ေက်း႐ြာတစ္႐ြာဘက္မွာဖူးခဲ့ရတဲ့  သက္ႀကီးဝါႀကီးဆရာေတာ္တစ္ပါးေျပာတဲ့ ဥပမာေလးသေဘာက်မိလို႔ပါဗ်ာတို႔ရယ္

ဘာတဲ့
တခါသား ပုဂၢိဳလ္တစ္ဦးဟာ(လူမွန္းရဟန္းမွန္းမသိလို႔)
လမိးေဘးဝန္းထရံမွာခ်ိတ္ေနတဲ့   ခ်ီး(မစင္) ေပေနတဲ့  သကၤန္းစေလးကိုေတာင္  ဘုရားသားေတာ္ေတြ ႐ုံတဲ့  သကၤန္းစေလးပဲဆိုပီး တရိုတေသ ထိုင္ရွိခိုးခဲ့ဖူးတဲ့ကုသိုလ္နဲ႕  နတ္ျပည္ေရာက္ခဲ့ေသးတယ္ဆိုေတာ့ကာ

အဲ  က်န္တာကေတာ့ မိမိတို႔သေဘာအတိုင္းပါပဲလို႔

က်ဳပ္တို႔ကေတာ့ စိတ္ကူးေပါက္လို႔  လက္ကျမင္းလိုက္ရေၾကာင္းပါဗ်ာတို႔ရယ္

ဒါပါပဲ
👍 , , , , , , , , , , , , , , , , , , , ,