သံဝေဂ

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@min2thant·
0.000 HBD
သံဝေဂ
ဦးစိုးမြင့်(မေတ္တာရှင်၊ရွှေပြည်သာ) အကြောင်း သိရတာ သံဝေဂရစရာပါ။ ရဟန်းဘဝတုန်းက ရေးခဲ့တာတွေ ဟောခဲ့တဲ့တရားတွေအရ သာသနာအတွက် အဖိုးတန်သူပါ။ ကိုယ်တိုင်ရထားတဲ့ တရားအသိအဆင့်ကို အခြားသူက သိဖို့ မလွယ်ပါဘူး။ စာထဲပါတဲ့အတိုင်းဆို အရိယာဖြစ်ပြီးရင်တောင် သကဒါဂါမ်အထိက ကာမရာဂ သံယောဇာဉ်မကင်းသေးတာကြောင့် ရဟန်းအဖြစ်ကနေ လူထွက်တာမျိုး ဖြစ်နိုင်ပါသေးသတဲ့။ ရဟန်းဘဝမှာ အနာဂါမ်လောက်ထိတည်သွားရင်တော့ လူပြန်မထွက်တော့ဘူးပေါ့။ ခုလည်း ပြန်ငြီးငွေ့သွားလို့ဖြစ်ဖြစ် ကာမရာဂ ဂယာဝါသရဲ့ဒုက္ခတွေကို လက်တွေ့ Practically သိသွားလို့ဖြစ်ဖြစ် ရဟန်းပြန်ဝတ်ခဲ့ရင်လည်း ကောင်းတာပါပဲ။ သို့မဟုတ် လူဝတ်ကြောင်နဲ့ သာသနာကို တစ်ဖက်တစ်လမ်းက အထောက်အပံ့ပြုနိုင်တဲ့ အခြေအနေကနေ နိုင်သလောက်လုပ်နေလည်း ရတာပါပဲ။ ရဟန်းဆိုရာမှာ အာဂါရ၊ အနာဂါရဆိုပြီးတောင် ရှိသေးတာ။ ရဟန်းစိတ်၊ သံသရာက ထွက်မြောက်လိုတဲ့စိတ်ရှိဖို့သာ လိုရင်းပါ။တကယ်တော့ မြတ်ဗုဒ္ဓရဲ့ဓမ္မတွေဟာ လူဝတ်ကြောင်တွေ အနည်းဆုံး တစ်မဂ်တစ်ဖိုလ်ဆိုက် ကျွတ်တမ်းဝင်နိုင်ဖို့အတွက် အဓိက ရည်ရွယ် ထားခဲ့တာပဲလေ။ ဒီတော့ ရဟန်းဝတ်ခြင်းမဝတ်ခြင်းထက် ကျွတ်ဖို့သာ လိုရင်းပန်းတိုင်ပါ။
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,