မယုံကြည်ခြင်း
myanmar·@minsoenaing·
0.000 HBDမယုံကြည်ခြင်း
# မယုံကြည်ခြင်း မိမိဘဝတစ်လျှောက်လိမ်ညာပြောခဲ့ခြင်းမရှိပါပဲ။ တစ်ဘက်ကမယုံပါဘူးဟု အပြောခံရသည့်အခါ။ မိမိဘဝ၌ သူတစ်ပါးပစ္စည်းဥစ္စာကိုစိတ်နဲ့တောင် မပြစ်မှားခဲ့ပါပဲ၊ သူခိုးလားဟု သံသယအဝင်ခံ ရ သောအခါ ခံစားရခက်သည်။ လွန်ခဲ့သော အနှစ် ၃၀ လောက်ကဖြစ်မည် ၊ဘုန်းကြီးကျောင်းတစ်ခု၏အလှူတွင် လော်စပီ ကာနောက်ကတပ်တဲ့ ယူနစ်ဆိုတာကြီး ပျောက်သွားသည်၊ တိုက်တိုက်ဆိုင်ဆိုင် ကျွန် တော်ရောက်သွားသည့်အချိန် မသင်္ကာစရာလူနှစ် ထဲပါနေသည်။ ရဲစခန်းအထိခေါ်ယူမေးမြန်းကြ၏။ နောက်ဆုံးကျောင်းသားတစ်ယောက်ဖြစ်မှန်းသိမှ ပြန်လွှတ်ပေးလိုက်သည်။ လူ့ဘဝတွင် ဤသို့ကိုယ်မကြူးလွန်ရပါပဲ အပြစ် ပေးခံရသည့်သူများလည်းရှိကြောင်း မကြာခဏ ကြားရသိရသည်။ တစ်ခါတစ်ရံလုံးဝမလိမ်တတ်သော ကျွန်တော်က လုံးဝမလိမ်ကြောင်း ကြိမ်တွယ်ပြောနေရတာ လည်းရှိသေးသည်။ လိမ်တတ်ခိုးတတ်သော ရပ်ကွက်လူကြီးဆီမှာ အကျင့်စာရိတ္တထောက်ခံစာ သွားတောင်းရသလိုမျိုးအခံရခက်သည်။ လူလိမ်ကို လူလိမ်ဟု မသိသော်လည်း လူကောင်း ကိုလူလိမ်ဟု အလွယ်တကူစွတ်စွဲ တတ်ကြသည်။ မယုံသင်္ကာဖြစ်တတ်ကြသည်။ သူခိုးကလူလူဟစ်ဆိုသော ခေတ်ပေမို့လား မပြော တတ် အမှန်တရားလုပ်သူတို့လည်း ရန်ရှာခံရသော ခေတ်ဖြစ်သည်။ မမှန်မကန်လုပ်သူတွေများပြားပြီး မမှန်မကန်လုပ်လုပ်မှာစားရသည့် အကျင့်ဆိုးက အမြစ်တွယ်နေလို့လားမပြောတတ် ၊မကောင်းမှု တွင်မွေ့ပျော်ကြရုံမဟုတ် ၊ကောင်းမှုပြုလုပ့သူတို့ ကိုရန်ရှာရဲလာသည်အထိ အတင့်ရဲကြပေသည်။ ကောင်းလေစွတကား။
👍 jmjury, successforall, cryptosandy1, toddcurry, mfblack, venomnymous, alenox, afrikablr, darkphoenixapoc, ambiguity, kirstin, fahadhussain, gamer147, halli-hallo, cehu, beco132, hanggggbeeee, tkolpaczek, jonnyla08, sbi5, htwegyi, nyinyiwin, zinzin, shwemon, caesarsupaimin, lwanwai, zinminhtet, suhlaing, sawlwin, aunggyi100, aungzin, thinzarnyinyi, liongyi, mmunited, mmcg, prometheus2, yee900, moemoe1998, mmsupporter1, lucifier, lucifer2, demo, esteem.app, good-karma, feruz, mysteem, esteemapp, epic4chris, theinspiration, mini-zephalexia, leeshang, aggamun, nmahatele, olayinkasnr, cmalescov, brwhale, dxc, a-x, tartay, kiraxoy, sm-traveller, cryptoconnector, grandpawhale, bigdeej, amicus, shadowbot, larrydavid4, embomb701, jonbit, staticinstance, acwood, coolenglish, zord189, mxzn,