No Plan လူသားများ (or) Myanmar
myanmar·@minsoenaing·
0.000 HBDNo Plan လူသားများ (or) Myanmar
No Plan လူသားများ (or) Myanmar  No Plan ဟူသည် အစီအစဉ်မရှိ၊ စီမံချက်မရှိ၊ စီမံကိန်းမရှိသည့်သူများကိုသာ ရွေးချယ်ပြောလိုရင်းဖြစ် ပါသည်။မြန်မာတွေ အားလုံး No Plan ဟုမဆိုလိုပါ။ အများစုဟုတော့ဆိုနိုင်လိမ့်မည်ထင်ပါသည်။ တရုတ်လူမျိုး တို့သည် သန္ဓေဘဝကပင် အလုပ်လုပ်ဖို့အစီအစဉ်တွေရှိကြသည်ဟုတင်စားပြောဆိုကြသည်။ နောက်တစ်ချက်မှာ သားများကို ဆုံးမသွန်သင်ကြသည့်အခါ မိန်းမယူရင်လှဖို့မလိုဘူး၊ အလုပ်လုပ်ဖို့သာလိုတယ်ဟုဆိုဆုံး မတတ်ကြ သည်။ မြန်မာတွေကတော့ အချစ်ပါမှအိမ်ထောင်ပြုတာကိုမှန်သည်ဟုထင်ကြသည်။ သို့သော်ချစ်လှပါသည် ဆိုသော သူများ ထမင်း ငတ်ကြသောအခါ စလယ်ဝင် ဖင်မမဲခင်ကွဲတတ်ကြလေသည်။  မြန်မာအိမ်ထောင်စုတစ်ခုတွင် တစ်ယောက်လောက်အလုပ်လုပ်နေပြီး ၅ ယောက်လောက်မှီခိုစားသောက် နေသော မိသားစုအများအပြားတွေ့ဖူးပါသည်။ ဆယ်တန်းကျောင်းသူတစ်ဦးကို ကျောင်းပြီးရင်ဘာ လုပ်မလဲဟု မေးသောအခါ အမေ့ကိုမေးပါလားဟု ဖြေသူများကိုလည်းကြုံခဲ့ဖူးပါသည်။ ဟိုတစ်နေ့ကတွေ့ခဲ့ရသည့် သားအဖနှစ်ယောက်ဆိုလျှင် မိမိထမင်းစားဖို့ပင် Plan မရှိ။ ယခင်က သမီးနှင့် အမေက စားစရာထမင်းဟင်းကို အမြဲအဆင့်သင့်ချက်ပြုတ်ထားတတ်ရာ သမီးကဆေးရုံတက်ရပြီး အမေလုပ် သူက ဆေးရုံစောင့်ရသည့်အခါ ကျန်ခဲ့သူသားအဖမှာ ည ၉း၃၀ နာရီတွင် ထမင်းစားရန် ထမင်းအိုး ကိုထ လှန်ကြည့်မှထမင်းမရှိလို့ထမင်းငတ်ရသည့် အဖြစ်ကိုကြုံရသည်လည်းရှိလေသည်။ ရွာကညီမ ဖြစ်သူတစ်ယောက်အား နင်ချမ်းသာအောင်မလုပ်ချင်ဘူလားဟုမေးကြည့်သောအခါ မရှိအေး အေး ရှိအေးအေးပဲနေချင်တယ်ဟု ဖြေလေသည်။အိမ်ထောင်ပြုလျှင် မိဘများက လယ်တစ်ဧက၊ နွားတစ်လျဉ်း၊ ရွှေတစ်ဆင်စာလက်ဖွဲ့လိမ့်မည်ဟု အပိုင်တွက်ထားသည်။ လယ်သမားတွေ စပါးဈေးမကောင်းလို့ နှစ်ပတ် လည်ထမင်းစားဖို့တောင်အနိုင်နိုင်ရုန်းကန်နေရပြီး သူ့မိဘမှာကြွေးတင်နေတာကိုပင် သိလျက်နဲ့ထည့်တွက်မထား ပေ။ မိရိုးဖလာလယ်ယာလုပ်ငန်းကိုမည်သို့ချဲ့ထွင်တိုးတက်လာအောင်ကြံဆောင်ကြမလဲဟုတွေးကြည့်ဖို့နေနေသာ သာ နှစ်လုံးသုံးလုံးထိုးခြင်းကသာ ဘဝလွတ်မြောက်ရေးသဖွယ် ကျိုးစားအားထုတ်၍ ထိုနေကြလေသည်။ “ဒီနေ့ဘာဂဏန်းကောင်းသလဲ” “ဘာထွက်သွားလဲ”ဆိုသောစကားတွေကိုသာ ကျေးရွာအနှံ၊ရပ်ကွက်အနှံ မကြား ချင်အဆုံး၊ အမြင်ချင်အဆုံး ကြားရ၊သိရ၊မြင်ရပါလေမည်။ ရွာမှမိမိ၏ညီ တစ်ဝမ်းကွဲများဆိုလျှင်လည်း အရက် သမားဘဝကိုခံယူကာ ငယ်ငယ်ရွယ်ရွယ်ဖြင့်ပင် တစ်ယောက်ပြီးတစ်ယောက်သေပွဲဝင်ကုန်ကြလေပြီ။ ဤကဲ့သို့သော ပေါ့ပေါ့နေပေါ့ပေါ့စား မြန်မာများဖြင့် ခေတ်မီတိုးတက်သောနိုင်ငံတော်သစ်ကြီး ထူထောင် နေသည်ဆိုသည်မှာ အလွန်တရာရယ်မောဖွယ်ကောင်းလှပေသည်။အလုပ်လုပ်လျှင်ပိုက်ဆံရလိမ့်မည်ဆိုသည် ရိုးရှင်းသောသောသဘောတရားထက် အချောင်ရနိုင်မည့်နည်းလမ်းများကိုသာရှာဖွေနေထိုင်တတ်ကြသည်။  ထို့အပြင်နိုင်ငံသူနိုင်ငံသားတွေသာမဟုတ် အစိုးအုပ်ချုပ်ရေးယန္တယားကလည်း ညံ့ဖျင်းလှသည်။ သည် အကြောင်းကို ဂျပန်နိုင်ငံထုတ် The Diplomat မဂ္ဂဇင်းတွင် ယေးလ်တက္ကသိုလ်ကြီးမှာ နိုင်ငံတကာနှင့် စီးပွားဖွံ့ဖြိုးမှု မာစတာဘွဲ့ရရှိခဲ့တဲ့ ဆောင်းပါးရှင် Tej Parikh က “လွန်စွာခေတ်နောက်ကျနေပြီဖြစ်သော အုပ်ချုပ် ရေးယန္တယားကို ပြုပြင်ပြောင်းလဲခြင်းမရှိပဲ မြန်မာသည် ရှေ့သို့မြန်မြန်ဆန်ဆန်ရွေ့လျားနိုင်မည်မဟုတ်” ဟုရေး သားခဲ့ပါသည်။ မကြာသေးမီက ပိုက်ဆံအိတ်ကိုခါးကြားထိုး၍သွားနေသူထံမှပိုက်ဆံအိတ်အား ဆိုင်ကယ်သမားနှစ်ဦးက နောက်မှလိုက်လာပြီးလုယူသွားသည့်ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့သည်။ ဓမ္မရုံတစ်ခုမှအလှူခံပုံဖေါက်ယူမှုတစ်ခုဖြစ် ပွားခဲ့သည်။ရဲဖမ်းမိသည်ဟုမကြားမပါ။ ဂျပန်နိုင်ငံတွင် မိမိကျကျန်ခဲ့သော ပစ္စည်းကိုပင် နောက်တစ်လနေမှပြန်ရှာ လျှင် ၉၉% ပြန်ရနိုင်သည်ဆိုသည်နှင့် အုပ်ချုပ်ရေး၊ယန္တယားနှင့် အကျင့်စာရိတ္တပျက်ပြားလွန်မှုကို မြင်နိုင်လိမ့် မည်ထင်ပါသည်။ မြန်မာပြည်က ရဲသည် ဖြစ်ပြီးသည်မှုခင်းကိုသာ မဖော်ထုတ်ပေးနိုင်သည်မဟုတ် ဖြစ်လတ္တံဖြစ်ဆဲမှုခင်းများ အတွက် ဖုန်းဆက်ခေါ်လျှင်ပင် ရောက်လာဖို့မသေချာသော အခြေအနေမျိုးတွင်ရှိနေပါသည်။ သြော်...ဘယ်ဘဝက မကောင်းကံတွေပါလာလို့ဒီလိုခေတ်နဲ့ကြုံနေရပါလိမ့်။စိတ်ပျက်စရာ။ မင်းစိုးနိုင် MSC -010 Photo –Google
👍 beetlevc, elviento, zinzin, nyinyiwin, shwemon, ayeayethaw, rayboma, moewaikamawet, phyowaiaung, htwegyi, eieikhing, leeshang, zinminhtet, zarmanizawlinn, minsoenaing, aungzawhtwe, komoezaw, tharpauk, mamamyanmar, myothuzar, aungtharkyaw, sawlwin, domelay, jhonnight, tinhlaingoo, saipanpha, aggamun, gunapeya, samera, youngogmarqs, ubg, camelot, curie, awesomianist, aboutyourbiz, cryptokrieg, skycae, sissyjill, kevinwong, dashfit, charlie777pt, moksamol, neumannsalva, peaceandwar, drmake, trishy, anikekirsten, stahlberg, mrday, didic, kind-sir, call-me-howie, hansmast, gatis-photo, tombstone, locikll, hendrikdegrote, vact, anwenbaumeister, rogeviolinista, kiriatjrb, wackou, michelios, iansart, thinknzombie, massivevibration, benleemusic, eric-boucher, culgin, theunlimited, kyi, tunnaingwin, kokonaing, naingwintun, nyinyizin, kyawaung4, kyawkyaw5, khinzarwin, khinzawlatt, roelandp,