ခေါင်းဆောင်ဖြစ်ချင်လား
poem·@mm7·
0.000 HBDခေါင်းဆောင်ဖြစ်ချင်လား
 ခေါင်းဆောင်ဆိုတဲ့ နေရာတစ်ခုကို လူတိုင်းကလိုချင် တက်မက်ကြတယ် ခေါင်းဆောင်ဖြစ်ရင် အားလုံးအောင်မြင်မယ် ထင်မှတ်ကြတယ် လူအများရဲ့အထင်ကြီးမှု ကို ရယူနိုင်တယ်လို့ထင်မှတ်ကြတယ် ခေါင်းဆောင်မှုအတွက် အရည်အသွေးလိုအပ်တယ် အဲ့ဒီလိုအရည်အချင်းက မွေးရာပါအရည်အချင်းမဟုတ်ဘူး လေ့ကျင့်ယူရတာ တဖြည်းဖြည်းချင်းပျိုးထောင်ယူရတာ် အလိုလို ဖြစ်တည်လာတာမဟုတ်ဘူး ဦးဆောင်မှုကောင်းသောသူဖြစ်ဖို့အတွက် လူအများနဲ့ အဆင်ပြေအောင်နေတက်ရတယ် အများနဲ့အဆင်ပြေမှ ခေါင်းဆောင်ကောင်းတို့ရဲ့ အရည်အချင်းတွေကို လုပ်ကိုင်ဆောင်ရွက်နိုင်မယ် အများကလက်မခံရင်တော့ ခေါင်းဆောင်ကောင်း မဖြစ်နိုင်ပါဘူး။အများအပေါ်လေးစားမှုလည်းရှီဖို့ အထူးလိုအပ်လှပါတယ်။ နားလည်တက်ရမယ်။လူတွေအပေါ်နားလည်ရမယ် မိမိကိုယ်ကို နားလည်ရမယ် ဖြစ်ချင်တာတွေထက် ဖြစ်နေတာကို နားလည် သဘောပေါက်ရမယ်။ ဖြစ်လာမှာကို ကြိုတင်တွေးရမယ် အကောင်းလား အဆိုးလား။ မခွဲခြားဘဲ လက်ခံနိုင်ရမယ် အကောင်းတွေဘဲ လက်ခံချင်နေရင်တော့ လက်အောက်ငယ်သားတွေနဲ့ ဘယ်တော့မှ အဆင်မပြေတဲ့ ခေါင်းဆောင်ဘဲဖြစ်မယ် အဆိုးဆုံးတွေကို ပြေလည်အောင်ဖြေရှင်းပေးတက်တာ ခေါင်းဆော်ငကောင်းဘဲ အကောင်းဆုံးတွေကို လုပ်ပြတာက ခေါင်းဆောင်ကောင်း မဟုတ်သေးဘူး တာဝန်ယူပြီးတာဝန်ခံနိုင်တာဟာ ခေါင်းဆောင်ကောင်းရဲ့ အခြေခံ အရည်အချင်းပါဘဲ ငါသည် ခေါင်းဆောင်ကောင်းဖြစ်ရန်အတွက် အများသဘောကို လိုက်ပါနိုင်ရမည်။ အများသဘောကို လေးစားရမည် ကိုယ့်သဘောကို အများလက်ခံနိုင်သည်အထိ ကြိုးစားရပေလိမ့်မည်။ @mm7 photo : google image