တရုတ်​စကားပွင့်​ သုပ်​နည်း

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@moewinzaw·
0.000 HBD
တရုတ်​စကားပွင့်​ သုပ်​နည်း
တရုတ်​စကားပွင့်​သုပ်​နည်း
  ကျွန်​​တော်​တို့စစ်​ကိုင်း​တောင်​ ဆွမ်းဦးပုညရှင်​ဘုရားဖူးရင်း တရုတ်​စကားပွင့်​သုပ်​ ​ဆေးဖက်​ဝင်​လို့ စားကြပါတယ်​။ ပြုလုပ်​နည်းကို​တော့ ဆိုင်​က​ပြောပြပါတယ်​။
   တရုတ်​စကားပွင့်​များကို နူး​အောင်​ပြုတ်​ပါ နှစ်​​ရေ​လောက်​ ပြုတ်​ပါ နူးလျှင်​​ရေညှစ်​ပြီး ပါးပါးလှီးထားပါ ကြက်​သွန်​နီ ၂ဥကိုလည်း ပါးပါးလှီးထားပါ။
   ကျန်​ကြက်​သွန်​နီ_ဖြူ တစ်​ဥစီကို ဆီချက်​ချက်​ထားပါ။ပြီးလျှင်​ လှီးထား​သော တရုတ်​စကားပွင့်​များနှင့်​ ပုစွန်​​ခြောက်​မှုန့်​ နှမ်း​လျော်​ ​မြေပဲမှုန့်​ ကုလားပဲမှုန့်​ ငံပြာရည်​ ​ရော၍သုပ်​ပါ။ သံပုရာရည်​ ညှစ်​ထည့်​ပြီး ငရုတ်​သီးမှုန့်​ လည်းထည့်​နိုင်​ပါသည်​။
တရုတ်​စကားပွင့်​တွင်​ ပါဝင်​​သောပစ္စည်းများ 👇
တရုတ်​စကားပွင့်​   = ၁၅၀ ပွင့်
ပုစွန်​​ခြောက်​  = စတီးဇွန်းလတ်​ ၄ဇွန်းခန့်
သံပုရာသီး  = ၁ လုးံ
ဆီ  = ၅ ကျပ်​သား
ကြက်​သွန်​ဖြူ  = ၁ ဥ
ကြက်​သွန်​နီ  = ၃ ဥ
ကုလားပဲမှုန့်​. = အကြမ်းပန်​ကန်​ ၁ လုးံ
မြေပဲ​လှော်​  = ။      ။
နှမ်း​လှော်​   = ။   ။ တို့ဖြစ်​ပါသည်​။
👍 , , , , , , , ,