Crypto Visa

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@myancrypto·
0.000 HBD
Crypto Visa
![](https://images.ecency.com/DQmReD4Azx8u7h5tZn6h6XmLnofu4zdYEYs1Qb815xzHag5/1_01.png)

El Salvador အစိုးရနဲ့ Tether Company ပူးပေါင်းစီစဉ်ထားတဲ့ “El Salvador Freedom Visa” program ဟာ နိုင်ငံတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေလာလုပ်တဲ့ လုပ်ငန်းရှင်တွေအတွက် နိုင်ငံသားခံယူခွင့်ပေးသွားမှာဖြစ်ကြောင်း ကြေငြာလာပါတယ်။ El Salvador နိုင်ငံတွင်းမှာ Bitcoin နဲ့ USDT တွေကို $1 million ဖိုး ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် နိုင်ငံသားခံယူခွင့်ပေးသွားမှာဖြစ်ပြီး ဒေသတွင်းနိုင်ငံတွေနဲ့ ယှဉ်ရင်တော့ တော်တော်ကြီးကို ဈေးများနေပါတယ်။ 

Caribbean ဒေသတွင်းနိုင်ငံတွေထဲမှာလည်း ရင်းနှီးမြှုပ်နှံမှု visa တွေရှိပြီးတော့ $100,000 နဲ့ $250,000 အတွင်းကနေ စလျှောက်ခွင့်ရှိပါတယ်။  

El Salvador အစိုးရကတော့ ဒီ program အတွက် visa အခု 1,000 သာ စီစဉ်ထားပြီး တကယ်လို့ 1,000 ပြည့်သွားခဲ့ရင်တော့ $1 billion အထိ ဝင်ငွေရလာမှာပါ။ El Salvador ဟာ Web3 အပိုင်းကို အားစိုက်နေတာဖြစ်ပြီးတော့ crypto အပါအဝင် နည်းပညာအသစ်တွေမှာ ရင်းနှီးမြှုပ်နှံတဲ့ company တွေဆီကနေလည်း 15 နှစ်လုံးလုံး အခွန်လုံးဝမကောက်မယ့်အကြောင်းပါ ကြေငြာထားပါတယ်။ ဒါကြောင့် အခု ရင်းနှီးမြှုပ်နှံမှု visa ဟာလည်း web3 company ပိုင်ရှင်တွေအတွက် အပိုဆောင်းရမယ့် အခွင့်အရေးတစ်ခုလိုဖြစ်လာဦးမှာပါ။ 

![](https://images.ecency.com/DQmbpfHAWTr8Moo2PBLTjQBhjTEGZ2zQgxtuJtGHQCfH5P4/fb_img_1702037595311.jpg)



Reference Link: https://cointelegraph.com/news/el-salvador-bitcoin-freedom-visa-more-expensive-citizenship-by-investment

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group 
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL
👍 , , , , , , , , , , ,