Era of Telegram?
hive-122133·@myancrypto·
0.000 HBDEra of Telegram?
 Telegram ဟာ public Telegram channel တွေမှာ ပြမယ့် ကြေငြာတွေအတွက် channel ပိုင်ရှင်တွေဆီကို ကြော်ငြာခ 50% ပြန်ပေးသွားမယ့် အစီအစဉ်ကို ကြေငြာလာပါတယ်။ ဒီကြော်ငြာတွေအတွက်လည်း user တွေဟာ ဘယ် channel မှာ ဘယ်ကြော်ငြာတွေကို ဘယ်လိုပြချင်တယ်ဆိုတာကို ရွေးချယ်သွားလို့ရမှာဖြစ်ပြီး Telegram ရဲ့ native coin ဖြစ်တဲ့ TON နဲ့ ပေးချေလို့ရနိုင်မှာပါ။ တစ်ဖက်မှာတော့ Channel ပိုင်ရှင်တွေဟာ ကြော်ငြာခရတဲ့ပိုက်ဆံတွေကို Telegram Fragment exchange ပေါ်က Telegram withdrawal service ကနေတဆင့် fees လုံးဝပေးစရာမလိုဘဲ ထုတ်ယူလို့ရနိုင်မှာဖြစ်ကြောင်းလည်း သိရပါတယ်။ Channel ပိုင်ရှင်တွေအနေနဲ့ ကြော်ငြာတွေကနေတဆင့် ရလာတဲ့ TON coin တွေကို ငွေသားပြန်ထုတ်လို့ရနိုင်သလို အမြဲလိုလို update တွေထွက်နေတဲ့ Telegram ပေါ်မှာ channel တွေကို upgrade လုပ်ဖို့အတွက်လည်း ပြန်သုံးလို့ရနိုင်မှာပါ။ Telegram Channel တွေဟာ လစဉ် 1 trillion view တွေအထိ ရနေပေမယ့် ဒီထဲက 10% ကသာ Telegram ads ကနေ ဝင်ငွေရရှိနေကြကြောင်း Telegram founder Pavel Durov က ဆိုထားပါတယ်။ Telegram ဟာ တိုးတက်မှုတွေ တောက်လျှောက်တွေ့လာနေရတဲ့ social app တစ်ခုဖြစ်လာနေပြီး မကြာသေးခင်ကပဲ automated message တွေ၊ chatbot တွေကို အလွယ်တကူ ထည့်သွင်းအသုံးပြုလို့ရနိုင်မယ့် Telegram Business ကို မိတ်ဆက်ခဲ့ပါသေးတယ်။  Reference Link: https://www.theblock.co/post/285815/telegram-buy-ads-with-toncoin အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ် https://t.me/myancrypto https://t.me/myancryptochannel Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ် https://www.youtube.com/c/MyanCrypto Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord https://discord.gg/zxJK6sVMDH Binance Myanmar Telegram Group https://t.me/BinanceBurmese Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ် https://accounts.binance.com/en/register?ref=TA690MBH Future Trading အတွက် Referral Code: myancrypto Mining Account အတွက် Referral Code: E381THBL